ယောင်္ကျားတစ်ယောက်ကို " ကျွန်မချစ်တဲ့အခါ "
★ ★ ★ ★ ★ ★ ★ ★ ★
သူ့ ပိုင်ဆိုင်မှုကို ကျွန်မ မတပ်မက်ဘူး။ ကျွန်မမှာ ကိုယ်ပိုင် ရပ်တည်နိုင်တဲ့ အရည်အချင်း တစ်ခု ပိုင်ဆိုင်ထားပြီးသား..
သူ့ ရာထူး/ ဂုဏ်ပုဒ်တွေကလည်း ကျွန်မအတွက် အရေးမပါဘူး... ကျွန်မ ချစ်သူဆိုတဲ့ ဂုဏ်ပုဒ် တစ်ခုကို လူတိုင်းရှေ့မှာ သူပြောရဲရင် ကျွန်မ ကျေနပ်ပြီလေ...
သူရုပ်ရည် လှပနေအောင် ဂရုစိုက်နေစရာ မလိုဘူး။ ကျွန်မချစ်တာ မင်းသားမှ မဟုတ်ပဲ။ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းလေး နေတတ်ရင် ရပီပေါ့.. ဘယ်လိုနေနေ ကျွန်မချစ်သူက ကျွန်မ မျက်စိထဲမှာ ကြည့်လို့ကောင်းပြီးသား...
24နာရီ ကျွန်မကို အချိန်ပေးနေဖို့ ကျွန်မ မတောင်းဆိုဘူး.. အလုပ်ချိန်/ သူငယ်ချင်းတွေကို ပေးရမယ့် အချိန်/ ကိုယ်ပိုင် အချိန်တွေ ပြီးရင်တော့ သူ့ကို မျှော်နေတဲ့ မိန်းခလေး တစ်ယောက်ကို သတိတရ ရှိနေပေးပေါ့..
အွန်လိုင်းမှာ ရှိနေတဲ့အချိန် တခြား ကောင်မလေးတွေနဲ့ အီနေပြီး အလုပ်ရှုပ် နေတယ်လို့ မပြောကြေး.. ကျူနေတယ် လို့ အမှန်အတိုင်း ပြောရင်တောင်.. ကျွန်မက အလိုက်တသိ စကားဖြတ်ပေးမှာ ကျွန်မကို တခြား မိန်းကလေးတွေနဲ့ ရောပီး အပျော်သဘောနဲ့ ချစ်တယ် မပြောပါနဲ့ #လိမ်တာကို ကျွန်မ အမုန်းဆုံးပဲ..
အရင်တုန်းက ဇာတ်လမ်းတွေ ဘယ်လို ရှိခဲ့ ရှိ ခဲ့ အတိတ်တွေကို ကျွန်မ ဥပေက္ခာ ပြုနိုင်တယ်။ လက်ရှိ အချိန်မှာ မရှုပ်ပါနဲ့။ ကစားစရာ အရုပ်တစ်ခု မဟုတ်ဘူး #အပျော်တွဲခံတဲ့ မိန်းမထဲ ကျွန်မ မပါဘူး...
နောက်တစ်ယောက် မထားရဘူးလို့ အခုချိန် ကျွန်မတားနေမှာ မဟုတ်ဘူး။ ကျွန်မကို သူတကယ် မချစ်ရင် ပြတ်သားစွာ ပြောပီး လမ်းခွဲလိုက်ပါ #စိတ်ရှင်းစွာနဲ့ ကျွန်မ ချစ်ချင်တာပါ..
တကယ်လို့ ကျွန်မက သူ့ဖူးစာဖက် မှန်ရင် လက်ထပ်ပြီးတဲ့ အခါတော့ သစ္စာရှိကြေး ဆိုတဲ့ ကတိကို ပေးနိုင်နေရမယ်.. မဟုတ်ရင်တော့ အဲဒီအ့ချိန် #တစ်နေရာတည်း 3 လောင်းလည်း ဖြစ်သွားနိုင်လို့ပါ။
အရက် မသောက်ရဘူး ဆေးလိပ် မသောက်ရဘူး လောင်းကစား မလုပ်ရဘူး Night out မထွက်ရဘူး လို့ ကျွန်မ တားနေမှာ မဟုတ်ဘူး။ အလွန်အကျွံ မလုပ်နဲ့ ကျန်းမာရေး မထိခိုက်စေနဲ့။ အပေါင်းအသင်း ကြည့်ပေါင်း သူဟာ ဘယ်လို လူစားဆိုတာ သူ့ကိုယ်သူ သိပီးသား.. ကျွန်မချစ်သူကို ယုံထားလိုက်မယ်..
but မိန်းမ ကိစ္စတော့ မရှုပ်မိစေနဲ့ #လုံးဝ သည်းမခံဘူး အဲဒါ့ဆို ရပြီ..
နောက်ဆုံး တစ်ခု #ချစ်တယ် ဆိုတဲ့ စကားကို လိမ်မပြောရဘူး ..
မုသားရောတဲ့ ချစ်ခြင်းတွေကို ကျွန်မ အကြောက်ဆုံးမို့လို့ပါ..
💞💋💞💋❤
credit to original
Post a Comment