Header Ads

မျိုးဆက်ကျန်ဖို့ အိမ်ထောင်တော့ပြုမှာပါလို့ ဖွင့်ဟလာတဲ့ စွမ်းဇာနည်


ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်ထားတဲ့ ဇာတ်မင်းသား စွမ်းဇာနည်က ဇာတ်သဘင် လောကမှာရော သရုပ်ဆောင် လောကမှာပါ အောင်မြင်နေသူ တစ်ယောက်ပဲဖြစ်ပါတယ်။




လတ်တလော စွမ်းဇာနည်က ဇာတ်သဘင်ဘက်ကို အာရုံစိုက် လုပ်ဖြစ်နေပြီး ရုပ်ရှင်ဗီဒီယိုတွေ ဘက်မှာတော့ ရိုက်ကူးမှုတွေ နည်းပါးနေတာပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ စွမ်းဇာနည်က သူ့ရဲ့စွမ်းသဘင်ဇာတ်အဖွဲ့ကြီး ရေရှည်တည်တံ့နိုင်ဖို့ နဲ့ ဆက်လက်ရပ်တည်နိုင်ဖို့ အမွေဆက်ခံသူရှိနေအောင် အိမ်ထောင်ပြုသွားမယ့် အကြောင်းကို ဖွင့်ဟပြောလာခဲ့ပါတယ်။




ပရိသတ် အသဲကျော် စွမ်းဇာနည်ဟာ အချစ်ရေးမှာဆို ကံဆိုးတယ်၊ အချစ်ရေးဘက်မှာ သိပ်ကံမကောင်းတော့ အလုပ်ဘက်ကိုပဲ ဦးစားပေး လုပ်ဖြစ်နေတာလို့လည်း သိရပါတယ်။ စွမ်းဇာနည်က အချစ်ရေးမှာ ကံမကောင်းဘူး ဆိုပေမယ့်လည်း စွမ်းသဘင်ရဲ့ မျိုးဆက်ဆိုတာ ဖြစ်ပေါ်လာဖို့အတွက် အိမ်ထောင်တော့ ပြုဖြစ်မှာပါလို့ ဖွင့်ဟပြောလာခဲ့ပါတယ်။




လက်ရှိမှာ စွမ်းသဘင်ဟာ အရင်ကထက် ပိုအောင်မြင်နေပြီး နားရက် မရှိလောက်အောင် ပွဲတွေ ဆက်တိုက် ကနေရတာပဲ ဖြစ်ပါတယ်။ စွမ်းဇာနည်က ဒီနှစ်မိုးမှာတော့ ခဏလောက် ပွဲကတာတွေ ပြန်နားပြီး ရုပ်ရှင်ဇာတ်ကားတွေ ပြန်ရိုက်သွားမှာပါလို့လည်း သိရပါတယ်။




source : cele now
photos : Swan Zarni (MC)

No comments

Powered by Blogger.