ကျမရည်းစား ရုပ်ရည်က အရေးမကြီးပါဘူး ကျမအပေါ် သစ္စာရှိပေးရင်ရပီ
ကျွန်မရည်းစား ရုပ်ရည်က အရေးမကြီးပါဘူး.. ကျွန်မအပေါ် သစ္စာရှိပေးနိုင်ရင် ရပီ.. ခုခေတ်က ရုပ်ချောချော ရုပ်ဆိုးဆိုး သစ္စာဖောက်တတ်လွန်းလို့
ကျွန်မရည်းစားရဲ့ ဝင်ငွေ သုံးနိုင်ငွေ အရေးမကြီးဘူး... ကျွန်မနဲ့အတူတူ အေးတူပူမျှ လက်တွဲနိုင်ရင် ရပီ.. ခုခေတ်က ပိုက်ဆံရှိရှိ မရှိရှိ သစ္စာဖောက် တတ်လွန်းလို့
ကျွန်မရည်းစား ဘာကောင်ဆိုတာ အရေးမပါဘူး.. တကယ်အရေးပါတာက ကျွန်မကို ဂရုစိုက်ရမယ်.. ကျွန်မနဲ့အတူတူ အရာရာကို ကျော်ဖြတ်နိုင်ရမယ်.. လူကြားထဲမှာ ကျွန်မလက်ကိုချိတ်ပီး ဒါကျွန်တော့် ချစ်သူလို့ ရင်ကော့ ခေါင်းမော့ သွားနိုင်ရမယ်
anni day လေးတွေတိုင်းမှာ anni sms လေးတွေ ပို့တတ်ရမယ်.. တန်ဖိုးကြီးလက်ဆောင်တွေ မလိုချင်ဘူး... အမှတ်တရ ပစ္စည်းသေးသေးလေး လောက်ဆို ကျေနပ်ပီ
ကျွန်မအပေါ် စိတ်ရှည်သည်းခံ တတ်ရမယ်.. အသောက်အစား ကင်းစရာမလိုဘူး.. အလွန်အကျွံမဖြစ်ရင် ရပီ.. night out မသွားနဲ့ မတားဘူး သစ္စာရှိပေးရင် ရပီ
မိန်းမတစ်ယောက်လို အပြင်ထွက် ခါနီးတိုင်း ပြင်ဆင်နေစရာမလိုဘူး... အင်္ကျီလယ်ကတုံးလေးနဲ့ ရောပုဆိုးလေးနဲ့ဆို ယောင်္ကျားတစ်ယောက်က ကြည့်ကောင်းပီ
မိန်းခလေး သူငယ်ချင်းတွေနဲ့ မခေါ်စရာ မလိုဘူး.. သူတို့ရှေ့မှာ ကျွန်မလက်ကို မဖြုတ်တမ်းတွဲထားပီး ကျွန်မကို နွေးနွေးထွေးထွေး ဂရုစိုက်ပေးရင်ရပီ
ရိုးသားတဲ့ ဖိုးသကြားလေးလို ဟန်ဆောင်နေစရာ မလိုဘူး.. မကျေနပ်ရင် မကျေနပ်ဘူး ပြောပီး ပွင့်ပွင့်လင်းလင်း ရှိပေးရင် ရပီ
ကျွန်မရှေ့ကနေ ဘယ်ကိစ္စမဆို မားမားမတ်မတ် ရပ်တည်ပေးပီး ကျွန်မအားကိုးလို့ ရရင် ရပီ
သစ္စာရှိဖို့က အဓိကပါ..
Credit

Post a Comment