မိန်းမတစ်ယောက် ပစ်သွားလို့ ယောက်ျားလေးတွေ ဘဝမပျက်သင့်ပါဘူး
ယောက်ျားလေးတွေဖတ်ဖို့
...........................
မိန်းမတယောက် ပစ်သွားလို့ ယောက်ျားလေးတွေ ဘဝမပျက်သင့်ပါဘူး.. တကယ်တော့ အချစ်ဆိုတာ ဘဝအတွက် အရေးအကြီးဆုံး မဟုတ်သလို မရှိမဖြစ်လဲ မဟုတ်ပါဘူး... သေချာပြန်တွေးရင် အဟန့်အတား တခုအတားအဆီး တခု ဖြစ်နေတတ်တာ အချစ်ဆိုတာ ပါပဲ..
ဘဝအတွက် ကြိုးစားချိန်တွေ အောင်မြင်ချိန်တွေ နှောင့်နှေးစေတာလဲ အချစ်ပါပဲ.. အချစ် ဆိုတာက ကောင်းတဲ့အချစ် ရှိသလို (ဥပမာအနေနဲ့ ကိုယ်နဲ့ သက်ဆိုင်သူက ကိုယ့်ဘဝအတွက် ခွန်အားရှိစေသူ ကိုယ့်စိတ်ကိုနားလည်သူ ဆိုရင်တော့ အဲ့ဒီ သက်ဆိုင်သူက အရမ်းကောင်းသူပေါ့..
အဲ့လိုမှ မဟုတ်ဘဲ ကိုယ့်ဘဝရှေ့ရေး ကြိုးစားနေချိန် မခွဲနိုင်လို့ပါ အဝေးမှာ အလုပ်မလုပ်ပါနဲ့... မလုပ်ဘူးပဲထား အနီးမှာ နားလည်မှု ပေးနိုင်ရင် ကောင်းတယ် အဝေးလဲ ထွက်မလုပ်စေချင် အနီးမှာရှိတော့လဲ အားပေးမှုမရှိ.. သွားပီ ဘဝရှေ့ရေး တိုးတက်ဖို့ နှောင့်နှေးပီ..
အချစ် ဆိုတာကြီးက ကောင်းတဲ့အရာတွေမှာ ကောင်းသလို တချို့နေရာမှာတော့ တစက်လေးမှ မကောင်းတာတွေ ရှိတတ်တယ်.. အထူးသဖြင့် လူငယ်တွေ အနေနဲ့ ငယ်ရွယ်ချိန်မှာ အချစ်ကို ရူးသွပ်နေတာထက် ငါ့ဘဝ ဘယ်လို တိုးတက်အောင် လုပ်ရမလဲဆိုတာ စဉ်းစားတတ်ဖို့ အရေးကြီးပါတယ်..
ဒီစာကို ရေးရတာ ကိုယ်တိုင်ကြုံခဲ့တဲ့ အဖြစ်ပျက်တွေကြောင့်ရော ကုန်ဆုံးသွားခဲ့ပီးတဲ့ အချိန်တွေကိုရော နှမျောမိလို့ ရေးဖြစ်သွားတာပါ.. အချစ်က လုံးဝမကောင်းဘူး လို့တော့ မပြောဘူးနော်.. ကောင်းရင်လဲ ကောင်းလိမ့်မယ်.. ဒါပေမယ့် အနှုတ်ဘက်က ပိုများတယ် အမှားတွေ ပါရင်လဲ ဝေဖန်ပေးပါ... ကျွန်တော်လဲ ပြုပြင်စရာတွေ ပြုပြင်လို့ ရအောင်လို့ပါ.. ကျေးဇူးတင်ပါတယ်ခင်ဗျာ စာလေးကို ဆုံးအောင်ဖတ်ပေးလို့...
credit to original
Post a Comment