မိန်းမကနေခိုင်းလို့ ခွေးစာစားပီး ခွေးလိုနေတဲ့ အမျိုးသား
ခွေးတွေဟာ ချစ်ဖို့ကောင်းပါတယ်။ သူတို့ရဲ့ အပြုအမူတွေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို လူတွေက ချစ်မြတ်နိုးကြပီး သူတို့နဲ့ ဆော့ကစားတာကနေ အိပ်တဲ့အထိ အတူနေသူတွေရှိပါတယ်။
ဒါက သိပ်တော့ ထူးဆန်းတဲ့ ကိစ္စမဟုတ်ပဲ အခုဖော်ပြမယ့် Rachel Watson နဲ့ Tom Peters တို့ စုံတွဲအကြောင်းကို အံ့သြစရာဖော်ပြပေးမှာဖြစ်ပါတယ်။
သူတို့စုံတွဲရဲ့ ဘဝနေထိုင်မှုကို အပြင်လူတွေကြည့်ရင် ကြောက်မက်ဖွယ် ထူးဆန်းနေတာ ဖြစ်ပါတယ်။ Rachel Watson ဆိုတဲ့ ဒီအမျိုးသမီးဟာ သူ့အမျိုးသားကို ခွေးလို နေထိုင်ခိုင်းဖို့ အကြံရခဲ့ပါတယ်။သူ့ယောက်ျားက ခွေးမွေးဖို့ မတိုက်တွန်းပဲ သူမပြောတဲ့ အကြံကို ချက်ချင်းလက်ခံလိုက်တာဖြစ်ပါတယ်။
ဒီလို လက်ခံလိုက်ပြီး နောက်မှာတော့ သူဟာ ခွေးဝတ်စုံကို ချုပ်တာနဲ့ ခွေးလှောင်အိမ် ၊ခွေးလည်ပတ်နဲ့ ခွေးစာတွေကအစ ဝယ်တော့တာပါပဲ။ ဒီလို လုပ်ခြင်းအပေါ်မှာ သူ့ယောက်ျားက လုံးဝမကန့်ကွက်သလို ဒါဟာ ရိုမန်တစ်တောင် ပိုဆန်ပြီး ရင်းနှီးမှု ပိုလာတာလို့ ပြောပါတယ်။
တကယ်ပဲ Tom ဟာ ခွေးပုံစံ နေထိုင်ခြင်းမှာ ပျော်နေပြီး သူ့ကို ခွေးလူသားလို့ ခေါ်ရတဲ့အထိ ခွေးလို အပြုအမူတွေ တသွေမတိမ်း လုပ်နိုင်နေတာဖြစ်ပါတယ်။ သူပြောတကတော့ မိန်းမတွေဟာ တိရိစ္ဆာန်တွေ အပေါ်မှာ အကြင်နာ ပိုတတ်သလို လိင်ပိုင်းဖောက်ပြန်မှုမှာလည်း သုံးကြတာဖြစ်လို့ ဆိုပါတယ်။
မိန်းမက ရိုက်နှက်တာ လုပ်သည့်တိုင် သူဟာ ခွေးတစ်ကောင်လို အမိန့်နာခံမယ် လို့ သိရပါတယ်။ တကယ်ပဲ Tom ဟာ ခွေးဘဝကို ခင်တွယ်လာသလို သူ့မိန်းမက လှောင်အိမ်ထဲ အိပ်ခိုင်းတဲ့နေ့ဆိုရင်တောင် သူဟာ ငြင်းပယ်သူမဟုတ်ပါဘူး။ မိန်းမခေါ်ရင်တောင် ခွေးလိုထူးနေတဲ့ Tom တို့ စုံတွဲကို “This Morning” TV show မှာ မေးမြန်းခဲ့တာဖြစ်ပါတယ်။
သူ့အတွက် မိန်းမက ခွေးလို ဆင်ယင်ပေးတာကို သဘောကျပြီး အလုပ်သွားချိန်ကလွဲရင် သူဟာ အိမ်မှာ ခွေးတစ်ကောင်လို နေတာဖြစ်ပြီး သူ့မိန်းမက ရေချိုးပေးတာနဲ့ ခွေးစာတွေ ကျွေးတာကို ပြုလုပ်ပါတယ်။ဒါဟာ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု တစ်ခုအဖြစ် သူ့သူငယ်ချင်းတွေက အကြံပေးလိုပေမယ့် Tom နဲ့ သူ့မိန်းမဟာ အပြင်ထွက်ချိန်မှာတော့ သာမာန်လူလို နေထိုင်တာရယ် သူတို့အိမ်တွင်း ပျော်ရွှင်ဖွယ်ရာ ဖန်တီးမှုတခုကြောင့် ဝင်ရောက်ပြောဆိုလို့ မရဘူးလို့ဆိုပါတယ်။
ခွေးနဲ့ပတ်သက်တဲ့ အသုံးအဆောင်တွေကို ဝယ်ယူမှုအတွက် ပေါင် 4000 လောက်သုံးခဲ့တယ်လို့ သိရပါတယ်။ ဒီလိုလုပ်နေခြင်းက လိင်မှုဆန္ဒကိုလည်း နှစ်ယောက်လုံးပြည့်ဝပြီး မိန်းမဖြစ်သူက Tom ကို ခွေးလိုနေတိုင်း ပိုမိုချစ်ရတယ်လို့ ဆိုတာဖြစ်ပါတယ်။
Source – cantwait2say
Post a Comment