💑 အဆင်ပြေနေတဲ့ RS ဘ၀လေးက ဒီအမှား (၄) ခုကြောင့် ပျက်ဆီးနိုင်ပါတယ် 💘
💓💓💓💓💓💓💓💓💑
တစ်ချို့ သော စုံတွဲတွေဟာ နှစ်ယောက် အတူရှိနေရင် ယခင်ကထက် ပိုမို အောင်မြင်ကြပြီး ပျော်ရွှင် ကြရလေ့ ရှိပါတယ်။ ဘာ ပြသနာကို မဆို အတူ လက်တွဲ ဖြေရှင်းနိုင်ပါတယ်။
ဒါပေမယ့် ပြသနာတွေ ကြုံတဲ့ အခါမှာ သင်ရော ၊ သင့်ချစ်သူ ကောင်လေး ပါ အတူတူ မဖြေရှင်းနိုင်ကြဘူး ဆိုတာ သင်တို့ နှစ်ယောက် တစ်သားတည်း ကျမနေသေးလို့ပါ။
သင်တို့ နှစ်ယောက် ဘာကြောင့် တစ်သားတည်း မကျသေးတာလဲ ဆိုတာကို မီးမောင်း ထိုးပြနေတဲ့ အချက်လေးတွေ ရှိပါတယ်။
၁) သူဟာ သင့်ကို အပြည့်အ၀ မယုံကြည်ဘူး ဆိုရင်။
ယုံကြည်မှု ဆိုတာဟာ ကျန်းမာပျော်ရွှင်တဲ့ အချစ်ရေး တိုင်းရဲ့  အခြေခံ အုတ်မြစ်ပဲ ဖြစ်ပါတယ်။ သင်နဲ့ အတူရှိနေတဲ့ လက်တွဲဖော်က သင့်ကို မယုံကြည်ဘူး ဆိုရင်တော့ သင်တို့ နှစ်ယောက်ဟာ ရှေ့ ဆက်လည်း အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။
၂) သူ့ အခက်အခဲတွေကို သင့်ကို ဖွင့်ဟတိုင်ပင်ခြင်း မရှိဘူး ဆိုရင်။
ယုံကြည်မှုဟာ အရေးပါသလို အားကိုး အားထား ပြု ခြင်းဟာလည်း အခြား အရေးပါတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ သူ့ဘက်က သင့်ကို အားကိုး အားထား မပြုတာကြောင့် သူ့ အခက်အခဲ တွေကို မတိုင်ပင်ပဲ တစ်ယောက်တည်း ဖြေရှင်းနေတယ် ဆိုရင်တော့ သင်ဟာ သူ့အတွက် အဆင်သင့် မဖြစ်သေးသလို သူဟာလည်း သင့်အတွက် အဆင်သင့် မဖြစ်သေးပါဘူး။
၃) သင့် စိတ်ထဲမှာ အချစ်ခံရတယ်လို့ မခံစားရဘူး ဆိုရင်။
အချစ်ရေး တစ်ခုဟာ ဘယ်တော့မှာ ပြီးပြည့်စုံ နေတယ် ဆိုတာ မရှိပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ညှိုနှိုင်းပြီး ပြည့်စုံတဲ့ အချစ်ရေးကို တည်ဆောက် ရတာပါ။ သင့်ချစ်သူ၊ သင့်ကို ချစ်တဲ့ပုံစံက သင်လိုချင်တဲ့ပုံစံမျိုး မဟုတ်ဘူး။
ဥပမာ – အရမ်း သ၀န်တိုမယ် ၊ ချုပ်ချယ်မယ် စသဖြင့် သဘောထား မတိုက်ဆိုင်မှုတွေ ရှိနေရင် တစ်ယောက်နဲ့ တစ်ယောက် ညှိုနှိုင်း ဆွေးနွေးကြဖို့ လိုမှာပါ။ အဲလိုမှ မဟုတ်ရင်တော့ သင်တို့ နှစ်ယောက် ရှေ့ ဆက်ဖို့ အဆင်မပြေနိုင်ပါဘူး။
၎) သင့်ကို လုံခြုံမှု မပေးနိုင်ဘူး ဆိုရင်။
တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု မရှိကြဘူး ၊ အပြန်အလှန် အားကိုးမှုတွေ မရှိဘူး ၊ ညှိုနှိုင်း ဆွေးနွေးမှုတွေ မရှိတဲ့နောက်မှာ သင်ဟာလည်း စိတ်ထဲမှာ လုံခြုံမှု ကို ခံစားရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ယောက် ရင်ခွင်ထဲမှာ တစ်ယောက် မလုံခြုံဘူးဆိုတာ ဘယ်သူ့ အပြစ်မှ မဟုတ်ပါဘူး။ သင့်တော်တဲ့ အချစ်ရေး မဖြစ်လာ သေးတာပါ။
ချစ်သူနှစ်ဦး ရေရှည် ရှေ့ဆက်နိုင်ဖို့ ဆိုရင်၊ အခု ဖော်ပြခဲ့တဲ့ အချက်တွေကို သေချာ ဂရုစိုက် ပြောင်းလဲ သင့်ပါတယ်။
တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိရှိ ချစ်နေမယ် ဆိုရင် ပြည့်စုံ ကောင်းမွန်တဲ့ အချစ်ရေး တစ်ခုကို ပိုင်ဆိုင်လာမှာ သေချာပါတယ်။
credit to original
Post a Comment