Anniversary တွေ အများကြီး ဖြတ်ပြီးခဲ့လို့ စိတ်ချ မနေလိုက်နဲ့အုံး
💓💓💓💓💓💓💓💓💑
Anniversary တွေ မနည်းဘူး ဖြတ်ပြီးခဲ့လို့ စိတ်ချ လက်ချနဲ့ မနေလိုက်နဲ့အုံး… အေးတိ အေးစက်နဲ့ မဆက်ဆံ လိုက်နဲ့အုံး… တစ်ယောက်ကို တစ်ယောက် အချစ်တွေ ပေါ့မသွားနဲ့အုံး…။
Rs တစ်ခုမှာ ပန်းတိုင် ဆိုတာ မရှိပါဘူး အချစ်တွေ ကုန်ဆုံးသွားတယ် ဆိုတာလည်း မရှိပါဘူး။
ငါသူ့ကို ချစ်ပြခဲ့ ပြီးပီဘဲ … နောက်ထပ် ဘာများ ချစ်ပြနေရ ဦးမှာလဲ? ငါသူ့ကို ဂရုစိုက် ပေးခဲ့ပြီးပြီဘဲ… နောက်ထပ် ဂရုစိုက်ဖို့ လိုသေးလို့လား? ဆိုတဲ့… အတွေးတွေ ဝင်နေခဲ့ရင် ချက်ချင်း ပြင်ဆင်လိုက်ပါ။
ဒီနေ့ ချစ်ခဲ့တယ် နောက်နေ့လည်း ချစ်ရမယ်… မနက်ဖြန်တိုင်းလည်း ချစ်ရမယ်… အသက်ရှင်နေသရွေ့ ချစ်ရပါမယ်… အချစ်တစ်ခုက ဘယ်တော့မှ ပြီးဆုံးသွားတယ် မရှိပါဘူး။
နှစ်ကြာတဲ့ အတွဲတွေက ပြတ်ရင် ပိုပြီး အထိနာတယ်… ပိုပြီး နစ်နာတယ်… ပိုပြီး နှမြောဖို့ကောင်းပါတယ်။
အချိန် တော်တော်များများ အတူရှိခဲ့ဖူးလို့ မဖြစ်လောက်ပါဘူး ဆိုပြီး လွှတ်မထား လိုက်ပါနဲ့… စိတ်ကုန် သွားတဲ့အခါ လမ်းခွဲ သွားတတ်ပါတယ်။
မပြတ်လောက်ပါဘူး ဆိုပြီး သွေးအေး မသွားလိုက်ပါနဲ့… တိတ်တိတ်လေး အနားက ထွက်သွား တတ်ပါတယ်။
လက်တွဲဖြုတ် မသွားလောက်ပါဘူး ဆိုပြီး မေ့လျော့ မနေလိုက်ပါနဲ့… ဥပေက္ခာ ပြုခံရပါများရင် စိတ်နာ သွားတတ်ပါတယ်။
ထွက်မသွား လောက်ပါဘူး ဆိုပြီး လှမ်းမဆွဲဘဲ မနေလိုက်ပါနဲ့… တစ်ချို့ အရာတွေက ဆုံးရှုံး သွားတော့မှ တန်ဖိုးပိုကြီး နေတတ်ပါတယ်။
သံသယတွေ ဝင်နေပြီလား? တစ်ယောက်တည်း ကြိတ်စဉ်းစား ဆုံးဖြတ်ချက် မချပါနဲ့… ကိုယ်ဖြစ်စေချင်တာ ဘာဆိုတာ သူ့ကို သိအောင် ပြောပြပါ။ အမှားအယွင်း တွေကို ထောက်ပြဝေဖန်ပါ။ မျက်နှာချင်းဆိုင်တွေ့ မေးမြန်း ဖြေရှင်း လိုက်ပါ။
အဖုအထစ်လေးတွေ ဖြစ်နေပြီလား? အမှု ပိုကြီးအောင် မာနတွေ ပြိုင်ဆိုင် မနေပါနဲ့… မှားတဲ့ တစ်ယောက်က ဝန်ခံ အလျှော့ပေး လိုက်ပါ။ အချိန် အကြာကြီး အဆက်အသွယ်ဖြတ် မနေပါနဲ့ နှစ်ယောက်သား ပြန်ညှိနှိုင်း ကျေအေး လိုက်ပါ။
ထစ်ခနဲရှိ ပြတ်မယ် ဖြတ်မယ် မလုပ်ပါနဲ့။ တစ်ဇွတ်ထိုး ဆုံးဖြတ်ချက် တစ်ခုကြောင့် တစ်ကယ် ချစ်တဲ့ အတွဲ လိုက်ဖက်တဲ့ အတွဲတွေ ထာဝရ ဝေးကွာ သွားရတတ်ပါတယ်။
ကိုယ် ပိုင်ဆိုင်ထားတဲ့ ချစ်သူကို တစ်ခြားသူ ရင်ခွင်ထဲ ရောက်မသွား ပါစေနဲ့။ ခုလက်ရှိ ကိုယ့်လက်ထဲ ရှိတုန်းလေး အနားက ထွက်မသွားအောင် ဖက်တွယ် ထားလိုက်ပါလေ။ ။
credit to sm
Post a Comment