Header Ads

လိုတာထက် ပိုမိသွားတဲ့အခါ..


ဘယ်လောက်ထိ ခင်မင်ရတဲ့ သူငယ်ချင်းပဲဖြစ်နေပါစေ.. လိုတာထက် ပိုမိသွားတဲ့ ကိုယ့်ရဲ့ ဖော်ရွေမှုတွေက စစ်မှန်တဲ့ ခင်မင်မှုတစ်ချို့ အပေါစား ဆန်ဆန် အထင်ခံရတတ်တယ်..

ဘယ်လောက်ထိ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်နေပါစေ.. လိုတာထက် ပိုမိသွားတဲ့ ကိုယ့်ရဲ့ ရင်ဖွင့်မှုတွေက စစ်မှန်တဲ့ ယုံကြည်မှုတစ်ချို့ အပေါစား ဆန်ဆန် ပျက်ရည်ပြု ခံရတတ်တယ်..

ဘယ်လောက်ထိ တအူထုံဆင်း မောင်နှမအရင်း ဖြစ်နေပါစေ.. လိုတာထက် ပိုမိသွားတဲ့ ကိုယ့်ရဲ့ အနစ်နာခံမှုတွေက စစ်မှန်တဲ့ သံယောဇဉ်တစ်ချို့ အပေါစား ဆန်ဆန် သတ်မှတ် ခံရတတ်တယ်..

ဘယ်လောက်ထိ မြတ်နိုးမိတဲ့ ချစ်သူတွေဖြစ်နေပါစေ.. လိုတာထက် ပိုမိသွားတဲ့ ကိုယ့်ရဲ့ ကြင်နာယုယမှုတွေက စစ်မှန်တဲ့ မေတ္တာတစ်ချို့ အပေါစား ဆန်ဆန် ဥပေက္ခာပြုခြင်း ခံရတတ်တယ်..

ဘယ်လောက်ထိ သစ္စာတွေ အထပ်ထပ်ပြုထားတဲ့ ဇနီးမောင်နှံ ဖြစ်နေပါစေ.. လိုတာထက် ပိုမိသွားတဲ့ ကိုယ့်ရဲ့ ယုံကြည်မှုတွေက အပေါစား ဆန်ဆန် ဖောက်ပြန်ခြင်း ခံရတတ်တယ်..

credit #ကိုရှမ်း

No comments

Powered by Blogger.