Header Ads

အသက် ၁၈ နှစ်ပြည့်မှသာ ၀င်ရောက်ကြည့်ရှုနိုင်တဲ့ ကိုးရီးယားကပန်းခြံ


ခေါင်းစဉ်တွေ့တာနဲ့ စိတ်ဝင်စားသွားတယ် ဟုတ်…။ ကွီးတို့ မွီးတို့ကို တောင်ကိုရီးယားက ထူးခြားတဲ့ ပန်းခြံလေးတစ်ခု အကြောင်းပြောပြမယ်လေ… ကိုရီးယားရောက်ဖြစ်ခဲ့ရင် သွားကြည့်နိုင်တယ်နော်…။ ပန်းခြံရဲ့နာမည်ကတော့ Loveland Theme Park ဖြစ်ပါတယ်…။

 

ကိုယ်တောင် မျက်လုံးပြူးသွားပြီး ကြည့်ရမှာတောင် ရှက်တယ်… ဒါပေမယ့် မမြင်ဖူးတော့ ကြည့်လိုက်တယ်လေ… ခ်ခ်… ။ Facebook မှာ ပုံဆန်းဆန်းတင်ချင်တဲ့ သူတွေအတွက်တော့ တကယ့်ကို ရှယ်ပါပဲ…။ ပုံတစ်မျိုးစီမှာ Post တစ်မျိုးစီ နဲ့ ဓာတ်ပုံရိုက်လို့ရတာပေါ့…။





ပန်းခြံတစ်ခုလုံးက လိင်ပိုင်းဆိုင်ရာတွေနဲ့ ပြည့်နေတဲ့ ပန်းခြံကြီးဆိုတော့ ပုံတွေကို ကြည့်နေရင်း ကြက်သီးတွေပဲထလာသလိုလို ရီပဲရီရတော့မလိုပါပဲ…။ Funny Photo ရိုက်မယ့် သူတွေအတွက်ကတော့ တကယ်ကို အဆင်ပြေတာပေါ့နော်။ ပန်းခြံကြီးကို စတင်ဖွင့်လှစ်ခဲ့တာကတော့ ၂၀၀၄ ခုနှစ်ကတည်းကပါ။




တဖြည်းဖြည်း အခြေနေဆိုးတဲ့ ပုံတွေကို မြင်ရတော့မှာပါနော်။ ဒီလိုလူတွေ အများကြီးဖြတ်သွားဖြတ်လာရှိနေတဲ့ ပန်းခြံကြီးမှာ အခုလိုရုပ်ထုတွေ လုပ်ထားတာက ပန်းခြံကို လာလည်သူတွေများအောင် ပန်းခြံကိုလူတွေသိအောင် လုပ်ထားတာလား ဘယ်လိုလည်းတော့ မသိပေမယ့် အမှန်က ရည်ရွယ်ချက် ရှိပါတယ်။ လိင်ပိုင်းဆိုင်ရာ အသိပညာတွေကို သိစေချင်တဲ့ရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့တာပါ…။




လိင်ဆက်ဆံတာက သဘာဝတရားဖြစ်ပြီး ရှက်စရာမဟုတ်တဲ့ အကြောင်းကို ပန်းပုဆရာတွေက အရုပ်ပေါင်း ၁၄၀ နဲ့ ပုံဖော်ပြသပေးထားခြင်း ဖြစ်ပါတယ်…။ အခြားသော ပန်းခြံတွေနဲ့ယှဉ်ရင် လူဝင်ပိုများတဲ့ ပန်းခြံကြီးတစ်ခုပေါ့နော်။




ဒါ့အပြင် ပန်းခြံကြီးထဲမှာ လိင်ပိုင်းဆိုင်ရာတွေကိုပဲ ပြထားတာမဟုတ်သလို ကိုရီးယား လူမျိုးတွေရဲ့ ယဉ်ကျေးမှု၊ ရိုးရာပြတိုက်တွေလည်း ရှိပါသေးတယ်…။ လေ့လာစရာတွေမှ အများကြီးပါပဲ…။




credit

No comments

Powered by Blogger.