တစ်နေ့ လက်ထပ်မယ့်ကောင်မလေး >> သို့ 👰
ဆံပင်ကို အတိုထား အရှည်ထား ငါမပြောဘူး ဒါပေမယ့် ....?
ငါကတော့ ဆံပင် အရှည်လေးကို နှစ်သက်တယ်၊ နင်ဆံပင် အတိုနဲ့ ဆိုလည်း ငါချစ်နိုင်တယ် …. 💓💓❤❤😍😍😍💞💞💗💗
ထမင်းပာင်းကို စုံလင်စွာ ချက်တက်ရမယ် လို့ ငါမပြောဘူး …..?
ဒါပေမယ့် ငါအိမ်ထမင်း အိမ်ပာင်းလေး စားချင်တယ် နင်နေ့တိုင်း မချက်ရပါဘူး ၊ ငါအားတဲ့နေ့တွေ နင့်ကိုတလှည့် ပြန်ချက်ကျွေးမယ် ….🍗🍤🍜🍴🍳🍲🍛
နင့်အမေနဲ့ အဖေက ငါ့ကို သဘောကျစေရမယ် လို့ ငါမပြောဘူး …...?
ဒါပေမယ့် သူတို့ အိမ်ကို မကြာခဏ သွားကြမယ် သူတို့နဲ့ အတူတူ ညစာစားရင်း အချိန်တွေ ကုန်ဆုံးပေးမယ် 👵👴👪👭👬👫
ငါ့မိဘတွေ အိမ်ရောက်ရင်လည်း နင်မျက်နှာ မငယ်စေရပါဘူး … နင်ဘယ်လောက် တော်ကြောင်းကို ပိုပိုသာသာလေး ငါချီးမွန်းပေးမယ် … ဒါမှ ငါ့မိဘတွေ ရှေ့မှာ နင် မျက်နှာရမှာပေါ့ ….👴👵
ကလေးတွေ အများကြီး ယူမယ် ငါမပြောဘူး …. သားလေးဖြစ်ဖြစ် သမီးလေးဖြစ်ဖြစ် နင်နဲ့တူရင် လှမှာပဲမို့ ငါအကုန်လုံးကို ချစ်တယ် … ဒါပေမယ့် ကလေးတွေကို ဂရုစိုက်ဖို့က အိမ်ရှင်မဖြစ်တဲ့ နင်တာဝန်ယူပေါ့ ….👶👶
သူငယ်ချင်းတွေနဲ့ လျှောက်မသွားရဘူး လို့ ငါမပြောဘူး…
နင်လည်း နင့်အပေါင်းအသင်း တွေနဲ့ သွားတွေ့ခွင့်ရှိတယ် ဒါပေမယ့်.....? ယောက်ျားလေး သူငယ်ချင်းတွေနဲ့တော့ သိပ်မရောနဲ့ပေါ့ …..👫👬👫👫👫👫👫
နင်ကြိုက်တတ်တဲ့ အရုပ်လေးတွေ တွေ့ရင် ငါဝယ်လာခဲ့ပေးမယ် ….
ကလေးဆန်တဲ့နင်က သားသမီးတွေနဲ့ အရုပ် လုနေမလားလို့ စဉ်းစားရင်း ကြည်နူးလာပြန်တယ် …. မပူပါနဲ့ ငါက၀ယ်တိုင်း အရုပ် ၂ ရုပ်ဝယ်ပေးမှာပါ မလုရအောင် …👰👰
ဘယ်တော့မှ နင့်ကို ခွဲမသွားဘူး လို့ အာမ မခံပေးနိုင်ဘူး …. ငါတစ်နေ့တော့ နင့်ကို ခွဲခွာသွားမှာပဲ … ဒါပေမယ့် နင်စိတ်မဆိုးပါနဲ့...
အဲ့နေ့က😥😥😥 ငါ့အသက်ရှုသံတွေ ရပ်တန့်သွားမယ့် နေ့မို့လို့ပါ..
#ရင်ထဲကဆန္ဒများစွာ
Credit... နေရဲ(MDY)

Post a Comment