Header Ads

အောင်ရဲလင်း နမ်းတာကို ပြန်ကြည့်မိချိန် ရှက်မိတယ် လို့ ၀တ်မှုံရွှေရည်ဆို


“အနမ်းဝိုင်” ဇာတ်ကားတွင် ဇာတ်ဝင်ခန်း၏ လိုအပ်ချက်ကြောင့် ၀တ်မှုံရွှေရည်နှင့် အောင်ရဲလင်းတို့ ချစ်ကြိုက်တွေ့ဆုံကြသည့် အခန်းတွင် အောင်ရဲလင်း အမှန်တကယ် နမ်းလိုက်ခြင်းကို ယခု ပြန်ကြည့်သည့်အချိန် များစွာ ရှက်မိသည်ဟု ၀တ်မှုံရွှေရည်က ပြောသည်။



“ တစ်ခါမှလည်း အခုလိုမျိုး မရိုက်ဖူးပါဘူး။ ဒါရိုက်တာကလည်း အရမ်း တောင်းဆိုတဲ့ အပြင် အကုန်လုံးကလည်း တောင်းဆိုလာတာ ကြောင့်ပါ။ ဒါရိုက်တာကလည်း ပြောပါတယ်။ ကစ်ရယ် ဒီကားလေးက အချစ်ကို အဓိက ပြသချင်တဲ့ ရိုမန့်စ်တစ် ဆန်ဆန် ဖြစ်ချင်တာကြောင့် ပိုပြီး အသက်ဝင်သွားအောင် လုပ်ပေးပါ ဆိုပြီး ပြောလို့ပါပဲ။

ကစ် ဇာတ်ကားတွေ ရိုက်ခဲ့တာ အများကြီးပါပဲ။ ဘ၀မှာ ပထမဆုံး မှတ်မှတ်ရရ ဖြစ်ခဲ့ရတဲ့ အနမ်းလို့ ပြောရမယ်။ အခုလိုမျိုး အနမ်းတွေ ပါတဲ့ ကားမျိုး သိပ်မရိုက် ဖြစ်ပါဘူး။ အစမ်း လေ့ကျင့်မှုတွေ မလုပ်ခိုင်းဘူးပေါ့။ တစ်ခါတည်း တန်းရိုက် ခိုင်းတာပါ။ ခဏခဏ လေ့ကျင့်နေမယ် ဆိုရင် ခဏခဏ အနမ်းခံ နေရမှာလေ။ ဒီတော့ တစ်ခါတည်း ရိုက်ခိုင်းလိုက်တယ်။(ရယ်)။


ရိုက်ပြီးသွားတော့ မကြည့်မိတော့ဘူး လေ။ မသိတော့ဘူး ဘာမှ။ အခု ပြန်ကြည့်တော့ ရှက်လိုက်တာ” ဟု ၀တ်မှုံရွှေရည်က ပြောသည်။


အနမ်းဝိုင် ဇာတ်ကား နာမည်နှင့် လိုက်ဖက်စေရန် အတွက် စပျစ်ခြံထဲတွင် အောင်ရဲလင်းနှင့် ၀တ်မှုံရွှေရည် ကြည်နူးပြောဆိုသည့် အခန်း၌ အောင်ရဲလင်း နမ်းလိုက်သည့် အခန်း နမူနာကို လူမှုကွန်ရက်တွင် ပြသသည့် အချိန်က “ ၀တ်မှုံလေးတော့ ကုန်ပါပြီ” ဟု စကားသံများအပြင် တခြားသော မှတ်ချက်မျိုးစုံဖြင့် စိတ်ဝင်စားခြင်း ခံရသည့် ဇာတ်ကားတစ်ကား ဖြစ်သည်။


ထိုဇာတ်ကားတွင် ကျေးဇူးတရားကို ထောက်ထားပြီး အရာရာကို မြိုသိပ်နိုင်တဲ့ လရိပ်အေး ဆိုသည့် ဇာတ်ကောင် စရိုက်ဖြင့် ပါဝင်ရိုက်ကူး ထားခြင်းဖြစ်သည်။


အနမ်းဝိုင် ရုပ်ရှင် ဇာတ်ကားကြီးကို တစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် 2.2.2018 ရက်မှ စတင်ပြသ ပေးတော့မယ်လို့ ဆိုပါတယ်။

Source: Shwe Myanmar
Photo: Facebook

No comments

Powered by Blogger.