Header Ads

အပျိုစင်မိန်းကလေးကို လိုချင်တာလား


အပျိုစင် မိန်းကလေးကို လိုချင်တာလား မရှာပါနဲ့။

ကိုယ်ကျင့်တရား ကောင်းတဲ့ ယောက်ျားကိုမှ လိုချင်တာလား မရှာပါနဲ့။

မိတ်ဆွေစစ် မိတ်ဆွေကောင်းကို မျှော်လင့်နေတာလား မရှာပါနဲ့။

ပညာတတ်ပီး ချမ်းသာသူကိုမှ လက်ထပ်ချင်တာလား မရှာပါနဲ့။

ထင်ပေါ်ကျော်ကြားပီး ဝင်ငွေကောင်းတဲ့သူကို ပိုင်ဆိုင်ချင်တာလား မရှာပါနဲ့။

လောကကြီးက လူသားတွေအပေါ်မှာ မျှတပါတယ်။ (၅ဝ )ပေးပီး (၁၀၀) လိုချင်ရင် ရခဲ့တယ် ထားအုံးတော့ ရေရှည်မပါပါဘူး။ ထိုက်တန်တယ် မထိုက်တန်ဘူး ဆိုတာက ကိုယ့်အပေါ်မှာ 100 ရာခိုင်​နှုန်း မူတည်နေပီး ကိုယ်ကောင်းရင် လူကောင်းနဲ့ တွေ့ဆုံရမှာပါ။

တစ်ခါတလေ ကိုယ်က အကောင်းဆုံး လူပီသအောင် နေနေပါလျက်နဲ့ မကောင်းတဲ့သူနဲ့ ရေစက်ဆုံတွေ့ရတာတွေလည်း ရှိနေတတ်တယ်။ ဒါကလည်း ဝမ်းနည်းစရာတော့ မဟုတ်ဘူး ထင်ပါတယ်။ ကိုယ်ယူခဲ့တဲ့ အကြွေး ကိုယ်ပြန်ပေးရတာပဲလေ၊ လောကကြီးက မျှတပါတယ်။

ကိုယ်သာ လူကောင်းဖြစ်အောင် ကြိုးစားပါ။ သင်နဲ့ ထိုက်တန်သူက ရှာစရာမလိုဘဲ လိပ်စာ မေးပီး ရောက်လာပါလိမ့်မယ်။ ကိုယ် ကိုယ်တိုင်သာ ကိုယ်နဲ့ထိုက်တန်သူကို တန်ဖိုးသိပီး တန်ဖိုးထားတတ်ဖို့ပဲ လိုတာပါ။

အကယ်၍ တန်ဖိုးမထားခဲ့ဘူး ဆိုရင်တော့ အခွင့်​အ​ရေး ဆိုတာ ဘယ်တော့မှ နှစ်ကြိမ်ပေးရိုး ထုံးစံမရှိပါ တန်ဖိုးသိပီး တန်ဖိုးထားတတ်ပါစေနော်။

လေးစားစွာဖြင့်♥ ♥ ♥ ဇင်းနစ်​ မကွေး

No comments

Powered by Blogger.