မင်းသူ့ကိုချစ်တယ်ပေါ့ ဟုတ်လား.. ဒါလေးတချက် ဖတ်ကြည့်ပါဦး...
မင်းသိလား လူတယောက်ကို သဘောကျဖို့ ဆိုတာ လွယ်လွယ်လေး တကယ်ချစ်ဖို့သာ ခက်ခဲတာပါ… ချစ်တယ်ဆိုတာ အပြောနဲ့ မလုံလောက်ဘူး အရာအားလုံးကို လက်ခံပေးနိုင်ပြီး ထပ်တူကျနိုင်ဖို့ လိုတယ်…
အဲလိုမဟုတ်ပဲ လူတိုင်းမြင်နိုင်တဲ့ အားသာချက်တွေကြောင့် လူတယောက်ကို မချစ်ပါနဲ့…
လူတိုင်းမှာ အမှောင်ခြမ်းဆိုတာ ရှိတယ်… အဲလိုပဲ မင်းချစ်ပါတယ် ဆိုတဲ့ သူမှာလည်း ရှိမှာပဲ...
လူတိုင်းမသိနိုင်တဲ့ သူ့ရဲ့ အမှောင်ဖက်ခြမ်းက အကျင့်စရိုက်တွေ အားနည်းချက်တွေ သိမ်ငယ်မှုတွေနဲ့ တခြားမကောင်းတဲ့ အရာတွေ အများကြီး ရှိနေနိုင်တယ်… သိသွားရင်ကော မင်းသူ့ကို ဆက်ပြီးချစ်နိုင်မှာလား…
တခါတလေ သူစိတ်မကြည်လို့ စိတ်ထဲရှိတဲ့အတိုင်း လူတချို့ကို ဘုကန့်လန့် တိုက်တဲ့အခါ မင်းသူ့ကို နားလည်ပေးနိုင်မှာလား…
တခါတလေ သူ့အတွက်သူ တကိုယ်ကောင်းဆန်ပြီး ဆုံးဖြတ်မိတဲ့ ကိစ္စတချို့ကို မင်းသူ့လိုတွေးပြီး နားလည်ပေးနိုင်မှာလား
တခါတလေ သူစရိုက်ဆန်ဆန် နေမိတဲ့အခါမျိုးကို စိတ်ပျက်စရာအဖြစ် မမြင်ပဲ ပုံမှန်အတိုင်း မင်းလက်ခံပေးနိုင်မှာလား
တချို့ကိစ္စတွေကို မင်းမျှော်လင့်ထားသလို မဆုံးဖြတ်ပဲ သူ့ရဲ့အတ္တနဲ့ ဆုံးဖြတ်လိုက်တဲ့ အချိန်မျိုးကော မင်းစိတ်မပျက်မှာ သေချာလား
တယောက်တည်း လွတ်လွတ်လပ်လပ် ရှိတဲ့အချိန်မှာ သူ့ရဲ့ပျင်းရိမှု ညစ်ပစ်မှုတွေနဲ့ ရုပ်ဆိုးအကျည်းတန်မှု တွေကိုရော လက်ခံနိုင်မှာလား သူများတွေထက် မင်းချစ်ပေးနိုင်မှာ သေချာရဲ့လား
သူ့ရဲ့ အမှောင်ခြမ်းက မကောင်းတဲ့ အရာတွေကို လက်ခံပေးနိုင်ဖို့ သေချာပြီဆိုမှ ချစ်တယ်ဆိုတဲ့ စကားကို ပြောပါ… အဲလောက်လေးတောင် မတွေးထားပဲနဲ့တော့ ချစ်တယ်လို့ မပြောပါနဲ့ မထင်ထားတဲ့ အရာတွေကြောင့် စိတ်ပျက်စိတ်ကုန် သွားတဲ့အခါ နှစ်ယောက်စလုံး မလိုအပ်ပဲ နာကျင်ရလိမ့်မယ်...
#ညီစေမင်း
Post a Comment