Header Ads

ရဲအရာရှိမှ အတူအိပ်ဖို့ ခေါ်လာတဲ့ မိန်းကလေးက အခြောက်ဖြစ်နေလို့ အမှုဖြစ်


အတူ အိပ်ရန် ခေါ်သွားခဲ့ပြီး မတန်တဆဈေးနိမ် တန်ဘိုးဖြတ်ခဲ့သူ ရဲအရာရှိ အမှုဖွင့်ခံရ…

အသက် (၅၂ )နှစ် ရှိ ရဲအရာရှိတဦးက သူ့ကို ဟော်တည်ခေါ်သွားပြီး အတူအိပ်ဖို့ ဘတ်ငွေ (၉၀) မြန်မာငွေ ကျပ် ၁၀၀၀ ကျော်နဲ့ တန်ဘိုးဖြတ်ခဲ့လို့ အတင်း ရုန်းကန်ထွက် ပြေးခဲ့ရသူ Mickey Rachaya မိုက်ကီးရချရာရဲ့ သတင်းတွေဟာ ထိုင်းနိုင်ငံ သတင်းတွေမှာ နံမည်ကြီးနေပါတယ်။


အဆိုပါ ရဲအရာရှိဟာ ဘန်ကောက်မြို့က ရဘူရနခရိုင် အတွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့သူ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မရှိတဲ့ဈေးနဲ့ အတူအိပ်ခအဖြစ် ကွေ့တယို နှစ်ပွဲစာသာပေးပြီး တန်ဘိုးဖြတ် ခံရတဲ့အတွက် သူမက ရဲစခန်းမှာ အတင်းအကြပ် ကာမဆက်ဆံရန် ကြိုးစားမှုနဲ့ အမှုဖွင့်ခဲ့ပါတယ်။


ထိုင်းနိုင်ငံမှာ နိုက်ကလပ်က အမျိုးသမီးတဦးကို နှစ်ဦးသဘောတူ အိပ်ဘို့ အပြင်ကို ခေါ်သွားမယ်ဆိုရင် ထိုင်းဘတ်ငွေ ၁၀၀၀ က နေ ၁၅၀၀ အထိ ပေးရပါတယ်။


မိန်းမလျာတဦးဖြစ်လို့ ခုလိုဈေးနှိမ်ပြီး ဘတ် (၉၀)သာ ပေးခဲ့တဲ့ ရဲအရာရှိဟာ ချောမောတဲ့ မိန်းမလျာတွေရဲ့ အပြင်ဈေးကဘယ်ဈေး ပေါက်တယ်ဆိုတာသူအနေနဲ့ မသိတာလား၊ (အမျိုးသမီးများ ပေါက်ဈေးအတိုင်း တန်းတူညီတူ ပေးရသည်) မိန်းခလေးထင်ပြီး ခေါ်သွားခဲ့ပြီးကာမှ အခြောက်ဖြစ်နေလို့ ခုလို မထူးဇတ်ခင်းပြီး ဘတ်ငွေကိုးဆယ်နဲ့ လိင်ဆက်ဆံဘို့ ကြိုးစားရင်းက စကားများရန်ဖြစ်ခဲ့တာလား ဆိုတာတော့ အခန်းတွင်း ဇတ်လမ်းကို ဘယ်သူမှသိနိုင်မှာ မဟုတ်ပါဘူး။


ခုလို ဖြစ်ရပ်တွေ မကြာခဏ ဖြစ်နေတာဗျ နှစ်ဦး စကားများ ရန်ဖြစ်ရင်းနဲ ထိုးကြိတ်နှဘန်း လုံးကြတဲ့ အထိဖြစ်ခဲ့လို့ ဟော်တယ် ဝန်ထမ်းတွေက ၀င်ဆွဲဟန့် တား ခဲ့ရကြောင်း အဆိုပါဟော်တယ်ရဲ့ အစောင့် ၀န်ထမ်းက ပြောပါတယ်။

Ref – SAW

No comments

Powered by Blogger.