အသက် ၂၅ - ၃၀ နှစ်မှာ လက်ထပ်ရင် ရရှိမယ့် ကောင်းကျိုး၊ ဆိုးကျိုးများ
--------------------
မိန်းကလေးတွေက မိမိကိုယ်ကို ဘယ်လိုလူမျိုး ဖြစ်တယ်။ အမျိုး သမီးတစ်ယောက် အနေနဲ့ ဘ၀ကို ဘယ်လိုဖြတ်သန်း သွားချင်တယ်၊ ဘယ်အရာတွေက သင့်အတွက် တန်ဖိုးရှိတယ် ဆိုတာတွေကို ရှာဖွေ ဖော်ထုတ်နေတဲ့ အချိန်တွေ ဖြစ်ပါတယ်။
ကောင်းကျိုးများ
----------------
ဒီ အသက်အရွယ်မှာ အိမ်ထောင်ပြုရင် သင့်ကိုယ်သင် ပိုသိလာနေတဲ့အတွက် သင်နဲ့ တန်ဖိုးထားတဲ့ အရာချင်း တူတဲ့သူနဲ့ လက်တွဲဖြစ်ဖို့  ပိုပီးများပါတယ်။ ဒါအပြင် ဒီအရွယ်တွေက တည်ဆောက်ပြီးသား လူမှု အသိုင်းအ၀ိုင်းနဲ့  အသက်မွေးဝမ်းကျောင်း အလုပ်တွေနဲ့ အသက်ကြီးမှ အိမ်ထောင်ကျတဲ့ သူတွေလို အခြေချ မနေထိုင်ခင်မှာ အလုပ်မှာ နာရီပေါင်းများစွာကို ခံနိုင်ရည်ရှိဖို့ နဲ့  သင့်ရဲ့အခြား တစ်ကိုယ်တည်းသမား သူငယ်ချင်းတွေနဲ့ ပါတီကျင်းပဖို့ နဲ့  ခရီးသွားဖို့  အချိန် လုံလုံလောက်လောက် ရှိနိုင်ပါတယ်။
ဆိုးကျိုးများ
-------------
စီးပွားရေးအရ အမျိုးသမီး တစ်ယောက်က အသက် ၃၀ နဲ့ အထက်မှာ အိမ်ထောင်ပြုရင် သူ့ရဲ့ဝင်ငွေက အမြင့်ဆုံးအချိန် ဖြစ်နေနိုင်ပါတယ်။ ဒီလို အခါမျိုးမှာ စဉ်းစားရမယ့် အချက်တစ်ချက်က အခု သင်က ကလေးပြုစု ပျိုးထောင်ဖို့ နားခွင့်ယူ လိုက်တယ် ဆိုရင် ဒါက သင့်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်မှာ ဆုံးရှုံး၊ ထိခိုက်မှုနဲ့  ဒွန်တွဲနေပါတယ်။
Credit to original

Post a Comment