ချမ်းချမ်းရဲ့ဘီကီနီဝတ်တဲ့ပုံအပေါ် တစိမ်းတွေကို မကြည့်စေချင်တဲ့ ဘုဏ်းသိုက်
လက်ရှိမှာတော့ ကျွန်တော်ခု မေမေနဲ့နေတယ် မေ့မေ့အိမ်မှာပဲ နေတယ် အလုပ်တွေ သေသေချာချာကြိုးစားနေတယ် သမီးနဲ့ကတော့ တစ်ပတ်ကို ၃ , ၄ ရက်လောက် တွေ့တယ် တစ်ခါတလေ ကျရင်လည်း တစ်ပတ်မှာ ၅ ရက် ၆ ရက်လောက် တွေ့တယ် သမီးလေးအပေါ်မှာတော့ ကျွန်တော့်ရဲ့ တရားပြဆရာလို့ မြင်ပါတယ် ဇနီးကိုဆိုရင်တော့ တရားပြဆရာလေး မွေးပေးတဲ့ ကျွန်တော့်ရဲ့ ဇနီးပေါ့။
Online ပေါ်မှာ ဘစ်ကနီ ပုံတွေနဲ့တတ်လာတဲ့အပေါ်မှာတော့ သူစိမ်းတစ်ယောက် အနေနဲ့ဆိုရင် ဒီကောင်မလေးလှတယ်ပေါ့ အမျိုးသားတစ်ယောက် အနေနဲ့ဆိုရင်တော့ ကျွန်တော်ပဲကြည့်ချင်တာပေါ့ တစ်ခြားသူစိမ်းတွေ ကြည့်တာတော့ ဘယ်ကြိုက်ပါ့မလဲ။ အတိုက်အခိုက်တွေ အနေနဲ့တော့ ကြုံဖူးပါတယ်။
ခွေးနဲ့လဲနှိုင်း နွားနဲ့လဲနှိုင်းပီး ဆဲခံရဖူးတယ်။ ယောင်္ကျားပဲ ကိုယ်မဟုတ်တဲ့ဟာ တစ်ခုမှာ အဲ့လို လာဆဲတော့ ဒေါသမထွက်ဖူး ဆဲကတာ အဲ့တာ ကျွန်တော်ညာတာ တကယ်တမ်းက ကျွန်တော် ဒေါသထွက်တယ် ပြန်လည်း တုံ့ပြန်ချင်တယ် ဒါပေမဲ့ အဲ့လိုဖြစ်တဲ့ ဒေါသက ကျွန်တော်တို့ကို စိတ်ဝင်စားလို့ ကျွန်တော်တို့အပေါ်မှာမေတ္တာထားလို့သာ ကျွန်တော့်ကို ဆဲတာဖြစ်တဲ့အတွက်ကြောင့် စိတ်ဆိုးလို့လဲ မရတော့ဘူး။
ပီးတော့ အဲ့လူတွေအကုန် ကျွန်တော် တစ်ခုမှ မတုံ့ပြန်ဘူး။ သူတို့မှာ ဆဲပိုင်ခွင့်ရှိတယ်။ ကျွန်တော့်ဘက်က အနုပညာအလုပ်ကိုသာ ကောင်းကောင်း ဖန်တီးမယ် ဆိုရင် ကျွန်တော့်ကို ဆဲတဲ့သူတွေ အကုန်လုံးက ကျွန်တော့်ကိုပြန်ပြီး နှစ်သက်လာမှာပဲ။ အဲ့အတွက်ကြောင့် ဘယ်လိုမှ မခံစားရပါဘူး။
source sunday









Post a Comment