အမျိုးသမီးတွေ ဒီအကြောင်း (၇) ချက်ကြောင့် ဖောက်ပြန်ကြတယ်
သင့် အနေနဲ့ သတိထားနိုင်ဖို့ ၊ သတိမူ ဆင်ခြင်နိုင်ဖို့ ....
1) ဂရုစိုက်တဲ့ လူတစ်ယောက်ကို အလိုရှိတာမို့
ဂရုစိုက်တဲ့ လူတစ်ယောက်ကို အလိုရှိတာမို့ အမျိုးသမီးတွေဟာ အသစ်အသစ်သော ယောက်ကျားတွေရဲ့ ဂရုစိုက်မှုကို လိုချင်တက်ကြပါတယ် ၊ ဒီ့အတွက်ကြောင့် သူတို့ပေါ်မှာ ကိုယ့်ခင်ပွန်းသည် မဟုတ်တဲ့ အခြားသော ယောက်ကျား တစ်ဦးဦးက ဂရုတစိုက် ပြုမူရင် သူတို့ဟာ ဖော်ပြန်တက်ကြပါတယ်။
2) ကွာရှင်းလို၍ ဖောက်ပြန်သည်
လက်ရှိ ခင်ပွန်း (သို့မဟုတ်) အလိုတူ ပေါင်းသင်းနေသူနဲ့ ဆက်လက် ပေါင်းသင်းဖို့ မဖြစ်နိုင် တော့တဲ့အခါ ၊ သို့မဟုတ် စိတ်ကုန် သွားတဲ့အခါ ၊ ကိုယ့်ကိုယ်ကို မိန်းမပျက် အဖြစ်ခံပြီး ဖောက်ပြန် တက်ကြပါတယ် ။ ကွာရှင်းခွင့် ပြတ်ဆဲခွင့် ရဖို့ အတွက်ပေါ့
3) ခင်ပွန်းသည် ဖောက်ပြန်လို့ ကလဲ့စားချေကာ ဖောက်ပြန်သည်
ဒါကတော့ ရှင်းပါတယ် ၊ သူဆိုး ကိုယ်ဆိုး သဘောမျိုးပါပဲ ၊ မိန်းမတွေ အနေနဲ့ ခင်ပွန်းသည်က မှားကြောင်း ဝန်ခံရင်တောင် သူတို့ရဲ. မာနကြောင့် ဆက်လက် ဖောက်ပြန် နိုင်ပါတယ် ။ ဘာလဲဆိုတော့ ဒါမျိုးကိစ္စမှာ အမျိုးသားတွေဟာ ခွင့်လွှတ်နိုင်စွမ်း မရှိသလောက် နည်းလှပါတယ်။
4) ပတ်ဝန်းကျင်ကြောင့်
ကိုယ့်ရဲ. သူငယ်ချင်း အပေါင်းအသင်း မိတ်ဆွေတွေ ၊ ဒါမှမဟုတ် မိသားစု ဆွေမျိုးသားချင်းတွေမှာ ဖောက်ပြန်သူတွေ ရှိရင် အမျိုးသမီးတွေဟာ ဟိုစပ်စပ် ဒီစပ်စပ် ဟိုအိမ်ဝင် ဒီအိမ်ထွက် တစ်ယောက် အတင်းတစ်ယောက် တုတ်နေကြ ဆိုတော့ ကြာရင် ကြာကူလီတွေရဲ့ ချော့မြူမြှောက်ပင့်တာကို ဖီးလ်တက်ပြီး ဖောက်ပြန်ဖို့ ဝန်မလေးပါဘူး ။အမျိုးသမီးတွေက ဖောက်ပြန်တာကို ဒါဟာ သမရိုးကျ ကိစ္စလို့ ထင်နေတက်ပါတယ်။
5) စိတ်ကျေနပ်မှု မရှိလို့ ဖောက်ပြန်တက်တယ်
ခင်ပွန်းသည်က အလုပ်များပြီး ၊ ယခင်ကလို ကိုယ့်အပေါ် ဂရုမစိုက်နိုင်တဲ့ အခါမျိုးမှာ ပြုစုယုယတာ ခံချင်တဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ လင်ယူသားမွေး ကိစ္စကို လိုသလောက် စိတ်အာသာ မပြေနိုင်တဲ့အခါ အမျိုးသမီးတွေဟာ နားလည်မှု မရှိပဲ ဖောက်ပြန်မှု ဖြစ်တက်ပါတယ် ။ ဒီလို လူမျိုးတွေကတော့ ကိုယ့်အလုပ် ပတ်ဝန်းကျင်က နီးစပ်ရာ အမျိုးသား တွေနဲ့ ဖြစ်တက်ပါတယ်တဲ့။
6) လိင်ကိစ္စ အသစ်အစမ်း ပြုလုပ်လိုစိတ်
လိင်ဆက်ဆံခြင်းဟာ အိမ်ထောင်သည် ဘဝမှာ အထိုက်အလျှောက်တော့ အရေးကြီးပါတယ် ၊ အမျိုးသားတွေဟာ အိမ်ထောင်သက် ကြာလာနဲ့ ကိုယ့်အမျိုးသမီး အလိုကို မလိုက်ချင်တော့တဲ့ အခါမှာ အမျိုးသမီး တွေဟာ အခြား အမျိုးသားတွေကို စမ်းသပ်ပါတော့တယ် ။ ဒါ့အပြင် အချို.သော အမျိုးသမီးတွေဟာ မိမိရဲ. ခင်ပွန်းသည် တစ်ဦးတည်းနဲ့ မတင်းတိမ်နိုင်တာမို့ ဖောက်ပြန်တက်ကြပါတယ် ။ ဆင်ခြင်သင့်ပါတယ်
7) ငြီးငွေ့လာခြင်း
လက်ရှိအိမ်ထောင်ကို ငြီးငွေ့လာတဲ့အခါမှာ အသစ်ရှာတက်ကြပါတယ် ။
#Error
Post a Comment