သင်သူ့ကို လက်လွှတ်သင့်နေပီဆိုတာ သိနိုင်တဲ့အကြောင်းများ 💔
~~~~~~~~~~~~~~
သူများ ပြောင်းလဲလာမလား ဆိုပြီး စောင့်ကြည့်နေရင်း မပြောင်းလဲလာတော့ရင် သင် သူကို လက်လွှတ်သင့်နေပြီလား။ တစ်ခါတစ်လေ ကိုယ့်အပေါ် မကောင်းမှန်း သိနေရက်နဲ့ ဆက်ပြီး တွဲနေတာမျိုးလည်း ရှိတယ်။ တစ်ခါတစ်လေ ကိုယ့်ကို မချစ်မှန်း သိနေရက်နဲ့၊ အချစ်မခံရတာ သိသိရက်နဲ့လည်း ဆက်ချစ်နေကြတာတွေလည်း ရှိတယ်။ ပျိုမေတို့ရေ အချစ်ဆိုတာ အရမ်း ဆန်းကြယ်တာပါနော်။
(၁) သင့်အတွက် မပြောင်းလဲလာဘူး
သင်တို့ နှစ်ယောက်ကြား အဆင်မပြေတဲ့ အရာတွေကို ပြောင်းလဲလာမလား ဆိုပြီး စောင့်ကြည့်တယ်။ သူပြောင်းလဲပါစေ လို့လည်း မျော်လင့်နေတယ်။ တကယ်ဆို မိမိကိုယ့်ကိုသာ ပြောင်းလဲနိုင်ကြတာပါ။ ဘယ်သူကမှ ပြောင်းလဲပေးလို့လည်း မရပါဘူး။ အဲ့လိုပါပဲ သူဘာသာသူ့ မပြောင်းလဲလာတော့ဘူး ဆိုရင်တော့ သင်သူကို လက်လျော့လိုက်ပါတော့။
(၂) သင်ကပဲ အချစ်ခံရဖို့ကို တောင်းပန်နေရတယ်
သင်ဘက်က တစ်ဖက်သတ် ချစ်နေရသလိုမျိုး သူ့ဆီကနေ အချစ်ခံရဖို့ တောင်းဆိုနေရတယ် ဆိုရင်တော့ လက်လွှတ်လိုက်ပါတော့။ သင့်ကိုသာ တစ်ကယ်ချစ်ရင် သင့်ဘက်ကချည်း တောင်းဆိုနေစရာ မလိုပါဘူး။ အဲ့လိုလူမျိုးနဲ့ တွဲနေတာထက်စာရင် သူ့ထက် သင့်ကို ချစ်နိုင်မယ့် လူနဲ့ပဲ လက်တွဲလိုက်ပါတော့နော်။
(၃) သင်တို့ ရည်မှန်းချက်တွေ မတူကြဘူး
သူက ကလေးတွေ မချစ်တတ်လို့ ကလေးယူရမှာ စိတ်မ၀င်စားဘူး။ ဒါဆို သင့်အကြိုက်ကိုသိပြီး လိုက်လုပ်ပေးမယ်လို့ ထင်နေရင် မှားတယ်။ အဲ့လို ယောကျာ်းမျိုးက သင့်အတွက်နဲ့တော့ ပြောင်းလဲလာမှာ မဟုတ်ဘူးဆိုတာ သိထားပါ။ သူ့အတွက်ပဲ သူဘ၀ကို ဆက်လျှောက်လှမ်းနေမှာပါ။ (၄) သင့်ကို ရန်အမြဲရှာတယ် ပြီးခဲ့တဲ့လက သင်လုပ်ခဲ့တဲ့ အမှားအတွက် သင်ကိုအမြဲ ရန်ရှာနေတယ်။ အပြစ်ပြောနေတယ်။ သင်တို့ အဲ့ကိစ္စနဲ့ပတ်သက်ပြီးလည်း ရန်ခဏခဏ ဖြစ်ကြတယ်ဆိုရင် သင်တို့ရဲ့ relationship က ညှိယူလို့ မရတော့ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်လည်း အမုန်းပွားလာမယ် ဆိုရင်တော့ သင့်သူကို လက်လျော့လိုက်သင့်ပါပြီ။
(၅) သင်အမြဲ အထီးကျန်နေရတယ်
ကိုယ့်ဘေးနားမှာ တစ်စုံတစ်ယောက် ရှိနေတာတောင် အထီးကျန်နေတယ် ဆိုရင် သင်အချစ်မခံရတာ သေချာနေပါပီ။ သင့်ကို တကယ်ချစ်တဲ့ ယောကျာ်းကတော့ သင့်ကို အထီးမကျန်ရအောင်၊ စိတ်မချမ်းသာအောင် ထားမှာပါ။ ချစ်သူရှိနေပြီး အထီးကျန်နေရတာထက် တစ်ယောက်တည်းနေပြီး အထီးကျန်နေရတာ ပိုကောင်းပါတယ်။ သင်ဘေးနားမှာ သူရှိတာ ကောင်းလား၊ မကောင်းလား ဆိုတာ ကိုယ့်ကိုကိုယ် အရင် ပြန်မေးကြည့်ပါနော်။ သူရှိနေတာတောင် အထီကျန်နေတယ် ဆိုရင်တော့ သူ့ကို စွန့်လွှတ်လိုက်ပါတာ ကောင်းပါတယ်။
(၆) သူဟာ တစ်ကိုယ်ကောင်းသမား
တစ်ကိုယ့်ကောင်းသမား တော်တော်များများက သူတို့အတွက်ပဲ တွေးတတ်ကြတယ်။ သူတို့ စိတ်ထဲမှာ ဘေးလူ အတွက်ဆိုတာ မရှိဘူး။ အမြဲ သူတို့ ကောင်းစားဖို့ပဲ တွေးတတ်ကြတယ်။ သူက အဲ့လိုယောက်ျားမျိုးဆို သင့် လက်လွှတ်လိုက်ပါတော့။ သင့်အတွက်ဆိုတာ သူခေါင်းထဲမှာ မရှိခဲ့လို့ သင့်အတွက် ဘယ်အရာကိုမှ မလုပ်ပေးခဲ့တာပါ။ ဒါကြောင့် လက်လွှတ်လိုက်ပါတော့နော်။
(၇) သင်တစ်ယောက်တည်း နေရမှာ ကြောက်လို့
သူပြောင်းလဲလာမလား ဆိုပြီး သူ့ပြောင်းလဲလာဖို့ကို စောင့်နေတာဟာ သင်တစ်ယောက်တည်း နေရမှာ ကြောက်နေလို့ပါပဲ။ ဒီ relationship နဲ့ ပြတ်သွားရင် သင်တစ်ယောက်တည်း ဖြစ်နေမှာကို ကြောက်လို့ သူကို မစွန့်လွှတ်နိုင်တာပါ။ သင် အမြဲ ယုံကြည်ရမှာက သူထက်သာတဲ့ လူကတော့ သင့်ဘေးနားမှာ ရှိနေတယ်ဆိုတာပါပဲ။ ဒီ relationship မှာ အဆင်မပြေခဲ့ရင် နောက် ပိုကောင်းတဲ့ လူမျိုးနဲ့တွေ့ရမှာပါနော်။
©®♥မူရင်းရေးသူ ❄စာပေချစ်သူများကို အစဉ်လေးစားလျက်❄
Post a Comment