မိန်းမဆိုတာ...
မိန်းမတစ်ယောက်
ဘယ်လောက်ပဲ တည်တည် ငြိမ်ငြိမ် ရှိတယ်ပဲ ပြောပြော
သူမ တစ်ကယ် ချစ်တဲ့ ယောက်ျားကိုတော့ ဆိုးနွဲ့ အနိုင်ယူချင် တတ်ကြတယ်။
မိန်းမတစ်ယောက်
ဘယ်လောက်ပဲ ရင့်ကျက်ခြင်းတွေ ပြည့်ဝတယ်ပဲ ဆိုဆို
သူမ တစ်ကယ်ချစ်တဲ့ ယောက်ျားကိုတော့ ခလေး တစ်ယောက်လို ကပ်ချွဲ နေချင်တတ် ကြတယ်။
မိန်းမတစ်ယောက်
ဘယ်လောက်ပဲ မာနကြီးတယ် ပြောပြော
သူမ တစ်ကယ်ချစ်တဲ့ ယောက်ျား ကိုတော့ လေးစားလို့ ရိုကျိုး ပျဝတ် နေတတ်ကြတယ်။
မိန်းမတစ်ယောက်
ဘယ်လောက်ပဲ ထက်မြတ်မှုတွေ ရှိတယ် ဆိုဆို
သူမ တစ်ကယ်ချစ်တဲ့ ယောက်ျားရဲ့ ဦးဆောင်မှု နောက်မှာ ဘာမှ မတတ် သလိုလေး နေပြတတ် ကြသေးတယ်။
မိန်းမတစ်ယောက်
ဘယ်လောက်ပဲ စိတ်ဓာတ် မာကျောတယ်ပဲ ပြောပြော
သူမ တစ်ကယ်ချစ်တဲ့ ယောက်ျားနဲ့ ပတ်သတ်လာရင် စိတ်နှလုံး ပျော့ညံ့ လို့ ဝမ်းနည်း တတ်ကြ သေးတယ်။
မိန်းမတစ်ယောက်
ဘယ်လောက်ပဲ ရိုင်းစိုင် ကြမ်းတမ်းတယ်ပဲ ဆိုဆို
သူမ တစ်ကယ် ချစ်တဲ့ ယောက်ျား ရှေ့မှာတော့ နူးညံ့ သိမ်မွေ့ သွားတတ် ကြတယ်။
မိန်းမတစ်ယောက်
ဘယ်လောက်ပဲ အေးအေး နေတတ် တယ်ပဲ ပြောပြော
သူမ ချစ်တဲ့ ယောက်ျားက တစ်ခြားသူ တစ်ယောက် အကြောင်း စကားထဲမှာ ယောင်လို့ ပါလာရင်တောင် မဟုတ်မှန်း သိသိချည်း နဲ့ ဆူညံ ပွက်လောရိုက် လို့ သဝန် တိုတတ် ကြသေးတယ်။
တစ်ကယ်တော့.... မိန်းမတွေဟာလေ
ဘယ်သူတွေဘာပဲပြောပြော သူတို့ တစ်ကယ် ချစ်မိသွားပြီဆို အဲဒီ ယောက်ျားကို ဆိုးနွဲ့ဖို့ စိတ်ကောက်ဖို့ သိမ်မွေ့ဖို့ သဝန် တိုဖို့ ဝမ်းနည်းဖို့ ရိုကျိုးဖို့ ကပ်ချွဲဖို့် အချော့ ခံဖို့ ချုပ်ချယ် ဖို့ရာ သူတို့ အပြင် နှစ်ယောက် မရှိတတ်ကြ ဘူးလေ။
Credit _ Kurneair Zion




Post a Comment