Header Ads

ရည်းစားထားတော့မယ်ဆို သွားစွယ်နဲ့ပါးချိုင့်ပါတဲ့ ကောင်မလေးကိုရှောင်ပါ 👩


❀ ❀ ❀ ❀ ❀ ❀ ❀
ခင်ဗျားတို့ ရည်းစား ထားတော့မယ်ဆို... သွားစွယ် သွားတက်လေးပါတဲ့ ကောင်မလေးရယ်၊ ပါးချိုင့်လေး အထင်းသားနဲ့ ကောင်မလေးရယ်... အဲ့နှစ်ယောက်ကို ဖြစ်နိုင်ရင် ရှောင်စေ့ချင်တယ်ဗျာ။

အဲ့ နှစ်ချက်လုံး ပြည့်စုံတဲ့ ကောင်မလေးကို ချစ်မိ ပိုင်ဆိုင်ထားမိတဲ့ သူလား? ရောက်ဖူးတဲ့ ဘုရား အာရုံသာ ပြု ထားပေတော့...။


သူတို့ရဲ့ အတွေး / လုပ်ရပ် / အနေအထိုင် / အပြောအဆို / အမူအရာ အကုန်လုံးက Over ဖြစ်လွန်း အစွန်းရောက် လွန်းတယ်။

အေး ကျနော်ကလည်း အဲ့လို ကောင်မလေးနဲ့မှ ရည်းစား ဖြစ်ခဲ့ဖူးတယ်။ ကဲ ဘယ်လောက်တောင် လှလိုက်တဲ့ ဘဝလဲ? ကံကောင်းလို့ စိတ္တဇဆေးရုံ မရောက်တယ်။

သူမကို ကျနော် First Sight မှာတင် ပက်ပက်စက်စက် ကြွေခဲ့မိတာပါ။

ဘယ်လိုလုပ် ခံနိုင်ရည် ရှိပါ့မလဲ? ရယ်လိုက်ရင်များ ပါးချိုင့်လေးက လှစ်ခနဲ ကမ္ဘာ့ဈေး အမြင့်ဆုံး စိန်ပွင့်လေး ကျနေတာပဲ... သွားစွယ် သွားတက်လေးတွေက ဖွေးခနဲ... သူမတစ်ခါ ပြုံးပြ ရယ်ပြလိုက်တိုင်း ဘယ်ဘက် ရင်အုံကို အပ်နဲ့ ထိုးဆွနေသလို တဆစ်ဆစ်နဲ့ ခံရသိပ်ခက်တာ သူမရဲ့ Smiles တစ်ချက် ထိပြီးတာနဲ့ လူမှာ နုံးချိပြီး မျော့မျော့ပဲ ကျန်ခဲ့တဲ့အထိ အဲ့လောက် သူမက ဆွဲဆောင်မှု ရှိလွန်းတာ။


ရည်းစားသက်တမ်း သိပ်ကြာစရာ မလိုဘူး။ သူမအကြောင်း တရိပ်ရိပ်နဲ့ သိလာရတော့တာပဲ။

ဘယ့်နှယ့်ဗျာ... Psycho ကြီးတွေ တစ်ခန်းလွတ် ကြီးတွေဗျ ။ ရစ်ကလည်း ရစ်သေး။

ပထမဆုံး Dating မှာထဲက ဇာတ်လမ်းက စတာ... Lotteria ကြက်ကြော်ဆိုင်ထဲ ဝင်တဲ့အထိ အေးဆေးပါပဲ။ ကောင်တာမှာ Menu တွေ လိုက်ကြည့်နေရာကစ မင်္သကာ ဖြစ်တာ။ စဉ်းစားကြည့်ဗျာ နောက်လူတွေ တစ်ယောက်ပြီး တစ်ယောက် မှာလို့ပြီးသွားတယ် စားလို့ပြီး ကုန်တယ်။ သူမက ပါးချိုင့်လေး လက်ညှိုးနဲ့ထိုးလိုက် Menu တွေ လက်နဲ့လိုက်ထောက် အင်း ဟိုဟာလေး ကောင်းမလား? ဒီဟာလေးဆို အဆင်ပြေမလား? ဟယ်ဒါလေးလည်း မဆိုးဘူးပဲ? တစ်ယောက်တည်းကို မေးလိုက် ဖြေလိုက်နဲ့ ကိုယ့်မှာသာ ဗိုက်ဆာတာ အူလှိမ့်နေပြီ။


တစ်ကယ်ဆို ကြက်ကြော်ဆိုင်မှာ ဘာရှိမှာမို့လဲ၊ ကြက်ကြော်ပဲ ရှိမှာပေါ့။ အခြား စားစရာလေး နည်းနည်းပါးပါး ရှိပေမယ့် စကတည်းကိုက သူမနဲ့ကျနော် ကြက်ကြော်စားပါ့မယ် လို့ ပြောလာပြီးတော့ လာခဲ့တာလေ။ ခုဟာက ရောက်တာ မိနစ် 20 ကျော်နေပြီ။ ခုထက်ထိ ဘာမှာရမလဲ သူမ အဖြေမရသေး။ ကိုယ့်မှာလည်း ခုမှ စကြိုက်ကာစ ဆိုတော့ စကား အချေအတင် မဖြစ်ချင်တာနဲ့ ဘာမှမပြောပဲ ပြုံးပြီးသာ နေလိုက်တော့တယ်။

"ကြက်စပ် 2 တုံး…Aww ရင်ပုံသားပဲ ပေးနော် ပေါင်သား စားရင် ဗိုက်ခေါက်ထွက်လို့"

အသဲတွေ ကကျိကကျိနဲ့ ယားတာ ဆိုတာလေ မိနစ် 20 ကျော်ရွေးလို့ ဘာများ ထူးခြားပြီး မှာမလို့လဲ လို့ ဒါကဒါပဲ။ ပိုက်ဆံရှင်းတော့ ရစ်နေသေးတယ်။ Discount မရှိဘူးလား? Promotion ဘာမှ မပေးတော့ဘူးလား? ဟုတ်တာလည်းမဟုတ် ဘာမှလည်း မရပဲနဲ့။

ဗိုက်ဆာနေတာနဲ့ ကိုယ်လည်း အပီဆွဲမယ်ပေါ့ ။ လက်က ကြက်ကြော်ဆီ အလှမ်း...

" ဖြန်း"

ဆိုပြီး ကိုယ့်လက်ကို လှမ်းရိုက်တာ။

"ဘာ ဘာလို့လဲ ဟင် စားမယ်လေ စားချင်လို့"

"လက်သွားဆေး"

ကိုယ်လည်း ပြောမနေတော့ဘူး။ သူမစကား နားထောင်ပြပြီး လက်သွား ဆေးရတယ်။ ပြန်လာတော့ မေးတယ် ဘယ်နှစ်ခါ ဆေးလဲတဲ့။ တစ်ခါပဲ ဆေးတယ် ပြောတော့ မရဘူး၊ ထပ်သွားဆေးတဲ့ ကဲ ! အဲ့လို ဇီဇာကြောင်တာ။ တစ်ခါလေး ကြက်ကြော် စားရဖို့အရေး။


တစ်သျှူးဆို တစ်ဗူးလုံးကုန်တယ် မကုန်ပဲ ရှိပါ့မလား? ဇွန်းကို သုတ်လိုက် လက်ကို ကဒီး ကဒီး သုတ်လိုက် ခုံကို သုတ်လိုက်နဲ့ Over ကို လုပ်လွန်းပါတယ်။

ရွှေတိဂုံဘုရားမှာ မွေးရက်ရောက်တိုင်း အဓိဌာန်ဝင်တယ်တဲ့ ကိုယ့်မွေးရက်ပဲ ကိုယ့်ဘာသာဝင်ပေါ့ ဟုတ်ဘူးလား၊ ခုဟာက ကျနော့်ကိုပါ သူမဘေးထိုင်ခိုင်းပြီး ပုတီးတစ်ကုံးလက်ထဲထည့် တရားထိုင်ခိုင်းတာ တော်ရုံမပြောသေးဘူး၊ ကိုယ်လည်း ဘာသာရေးကိုင်းရှိုင်းပါတယ်။

သဲအင်းဂူကျောင်းမှာ တရားထိုင်တာတောင် ကိုယ့်လောက်ဘယ်သူမှ မထိုင်နိုင်ဘူးရယ်၊ သူမနဲ့ကျမှ စံချိန်တွေ Record တွေကျိုးရော 3 နာရီနေလို့ မျက်လုံးလေးစွေကြည့်တယ်၊ မပြီးသေးဘူး ပါးစပ်က တတွတ်တွတ်နဲ့ ဘုရားစာရွတ်နေသေးတယ်၊ ကိုယ့်မှာသာ ချွေးတွေက ရေချိုးထားသလို ဝေါကနဲ ကျနေတာ သူမကြည့်တော့ အေးဆေးပဲ။ 4 နာရီလည်း မရပ်သေး လူက မျက်ရည်ပါကျနေပြီ 5 နာရီထိကျတော့ မခံနိုင်တော့ဘူး၊ အော်အော်ပြီးတော့ကို ငိုချပစ်လိုက်တယ်၊ တစ်ကိုယ်လုံး ကျင်တက်နေပြီလေ။ အဲ့ Case နဲ့ သုံးရက်လောက် ဒဏ်ကြေဆေး လိမ်းယူလိုက်ရတဲ့အထိ။

ညတိုင်း ဖုန်းထဲက သီချင်းဆိုပြရတယ် ကိုယ့်မှာ အသံလည်းမကောင်းပါဘူး၊ သီချင်းလည်း ဟုတ်တိပတ်တိ မဆိုတတ်၊ ဒါနဲ့တောင် တစ်ညမှမပျက် ဆိုပြတဲ့။ တော်ရောပေါ့ 2 ပုဒ် 3 ပုဒ်၊ မရဘူး စီးရီး တစ်ခွေလုံး ကုန်အောင်ဆိုလည်း ထပ်ဆို ဆက်ဆိုတဲ့။ တွက်ကြည့်တယ် တစ်ည တစ်ညကို သီချင်း အပုဒ်ရေ 20/30 လောက်ရှိမလားပဲ၊ အာ့ ဘာလုပ်တာလည်း ? လူလည်း အာတွေရွဲ့ အသံတွေဝင်လို့။ ကြာတော့ ကိုယ့်မှာ ညဘက်ရောက်ရင် အလိုလို ဖျားချင်သလို ဖြစ်လာတယ်၊ သူမဆီ ဖုန်းဆက်ရမှာ လန့်လာနေပြီ၊ ဒါတောင် အိပ်ကာနီး ပုံပြောရတာ မပါသေးဘူး။


ကျန်သေးတယ်။ အလကားနေ Mention လှမ်းခေါ်တာ။ ခေါ်ပါ မခေါ်နဲ့ မပြောဘူး၊ တိုက်ဆိုင်တဲ့ Post တွေ့တဲ့အခါ သိစေချင်တဲ့ အကြောင်းအရာ ရှိတဲ့အခါ ခေါ်ပေါ့။ အခုက ခွေးနှစ်ကောင် မိတ်လိုက်တဲ့ Post လည်း ခေါ်ပြတယ်။ ခလေးမွေးတဲ့ Video Files လည်း Mention ခေါ်ပြတယ်။ ကားတိုက်လို့ ခုမှ သေလည်း ခေါ်တယ်။ မီးလောင်တာ မကြားနဲ့ စိတ်ထဲကသိနေပြီ။ မကြာခင် သူမ Mention ခေါ်တော့မယ်လို့။ Noti တွေ တအားတက်တယ် ပြေးမကြည့်နဲ့၊ သူမ ခေါ်ထားတဲ့ Mention တွေချည်းပဲ။ တစ်နေ့ကို အခါ 30 က အောက်ထစ်။ နောက်ဆို လိုင်းတောင် မဖွင့်ရဲတော့ဘူး။ မဟုတ်ကဟုတ်က Post အောက်ချည်း ကိုယ့်ကို Mention ခေါ်ခံနေရတာကိုး။

ခုဆို ကောင်မလေး ချောချောလှလှ မြင်ရင် ပါးချိုင့်ပါလား? သွားတက်ပါလား? သေချာစစ်ဆေးပြီးမှ Propose လုပ်တော့တယ်။

ပါလို့ကတော့ တွေ့တဲ့ခုံအောင် ဝင်ပုန်းပြီးသား၊ ဖိနပ်ပါပြန်မကောက်ပဲ မှုံနေအောင် လစ်ပြီးသား၊ တုန်နေအောင် ကြောက်လွန်းလို့ပါဗျာ။      ။ 😁😁😁

credit#s_m

No comments

Powered by Blogger.