အချစ်ဆိုတာ…
အနစ်နာ မခံနိုင်တဲ့ အချစ်က အချစ်စစ် မဟုတ်ဘူး ။
အခက်ခဲ တွေ့ရင် ရှောင်ပြေးတာ အချစ် မဟုတ်ဘူး ။
ဒုက္ခနဲ့တွေ့လို့ မဖြေရှင်းပေးတာ အချစ် မဟုတ်ဘူး။
အချစ်ဆိုတာ သူအကျိုးကို လိုလားတဲ့ စိတ်ပါ ..
ကိုယ့်အကျိုးကို မလိုလားပဲ သူအတွက်ပဲ အတ္တကြီးတာ၊ ကိုယ့်ကို စိတ်ညစ်အောင် အမြဲလုပ်တာ၊ သူ့လိုအင်ကို ရှေ့တန်းတင်ပြီး ကိုယ့်ဆန္ဒကို မလိုက်လျောတာ… အဲဒါ တကယ် မချစ်လို့ပဲ ပေါ့…
ဗေဒင် မမေး နဲ့ ငွေကုန်မယ်...:D ကိုယ့်ဘာသာ သိသင့်ပါတယ်…
စဉ်းစားပေါ သမီးရယ်… သမီးရည်းစား ဘ၀မှာ ကတည်းက ကိုယ့်အပေါ် မကြင်နာတဲ့သူ ၊ စကားပြော ရိုင်းစိုင်း အနိုင်ယူနေ တတ်တဲ့သူ ၊ တကိုယ်ကောင်း ဆန်ပြီး အတ္တကြီးတဲ့သူ ၊ ကိုယ့်ကို အလေးမထားပဲ မိသားစု နဲ့ ကိုယ်ရေးကိုယ်တာ များကိုသာ အချိန်ပေးပြီး အလုပ်များချင်ယောင် ဆောင်နေတဲ့သူ ၊ အဲလို လူမျိုးကို စွဲလန်းပြီး သည်းခံ ချစ်နေတာ ၊ ရှေးရေစက်ကြောင့်လည်း မဟုတ်ပါဘူး ၊ အတိတ် ၀ဋ်ကြွေးကြောင့်လဲ မဟုတ်ပါဘူး ၊ တကယ်တော့ ဦးနှောက်က စဉ်းစားမှု အသိညဏ် နည်းနေလို့ပါပဲ ။
ဦးနှောက်ဆိုတာ စဉ်းစားဖို့ ဆင်ခြင်ဖို့ ဝေဖန်ဖို့ ထားထားတဲ့ အရာတစ်ခုပါ ။
အခုကတည်းက ကိုယ့်အပေါ် မကောင်းတဲ့သူက ကိုယ်နဲ့ ရပြီးရင် ကိုယ့်အပေါ် ကောင်းနိုင်မှာ မဟုတ်ဘူး ဆိုတာ သမီးတို့ နားလည်အောင် ဘယ်လို ပြောပြရမလဲကွယ်...
crd ဆရာမဗေဒင်

Post a Comment