Header Ads

ယောက်ျားတွေဟာ တင်သားကြီးကြီး မိန်းမတွေကို ဘာကြောင့် ကြိုက်တာလဲ


ကမ္ဘာကျော် မင်းသမီးချော ရုပ်သံ တင်ဆက်သူ ကင်မ်ကာဒစ်ရှန် ကဲ့သို့ ပေါင်သားပြည့်ပြီး တင်သား လုံးဝန်း လှပသည့် အမျိုးသမီး များသည် ဉာဏ်ရည် ထက်မြက် သည့် ရင်သွေး များကို မွေးဖွား နိုင်ကြောင်း လေ့လာ တွေ့ရှိချက် သစ် တစ်ရပ် အရ သိရ သည်။

ပစ်စဘာ့ဂ်ခ်ျ တက္ကသိုလ်မှ သုတေသီများ ၏ လေ့လာ ချက် အရ တင်သား နှင့် ပေါင်သားတွင် အဆီများစွာ ရှိသော အမျိုးသမီးများ သည် ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်သည့် ရင်သွေးငယ် များ မွေးဖွား နိုင်ကြောင်းကို လေ့လာ တွေ့ရှိ ခဲ့သည်။

အမျိုးသမီးများ၏ ပေါင်နှင့် တင်ပါးရှိ အဆီများသည် ကလေးငယ်၏ ဦးနှောက်ကို ဖွဲ့စည်းရန် ကုန်လှောင်ရုံ တစ်ခုကဲ့သို့ လုပ်ဆောင် ပေးကြောင်း ၄င်းတက္ကသိုလ် မှ ပြည်သူ့ ကျန်းမာရေး ဆရာဝန်တစ်ဦး ဖြစ်သူ ပါမောက္ခ ဝေလ်လက်စ်ဆက်ခ် က ပြောကြား ခဲ့သည်။

အာရုံကြော စနစ်ကို တည်ဆောက်ရန် အတွက် အဆီများစွာ လိုအပ်ကြောင်း၊ အမျိုးသမီး များ၏ တင်သားနှင့် ပေါင်သားများမှ အဆီ များသည် လူသား တို့၏ ဦးနှောက်တွင် အဓိက ကျသည့် အစိတ်အပိုင်း ဖြစ်သော DHA (docosahexaenoic acid) ကို ဖြစ်စေ နိုင်ကြောင်း ၄င်းက ဆိုသည်။ အဆိုပါ နေရာများတွင် ကိုယ်ခန္ဓာအတွက် အရေး ပါသော အစာအာဟာရ များကို သိုလှောင် ထားသည့် အတွက် ရင်သွေးငယ်များ အား နို့ချို တိုက်ကျွေး ရာတွင် ကလေးငယ်များ ၏ ဦးနှောက် ဖွံ့ဖြိုး တိုးတက် စေမည့် ဆဲလ်များက ဦးနှောက်သို့ တိုက်ရိုက် ရောက်ရှိ ကြောင်း ကို တွေ့ရှိခဲ့ ကြသည်။


အမျိုးသမီး များသည် ကိုယ်ခန္ဓာ ပြည့်ဖြိုး လာချိန်တွင် အဆီများသည် တင်ပါးတွင် စုဝေး နေတတ် သဖြင့် သစ်တော်သီးပုံ သဏ္ဌာန်များ ဖြစ်လာတတ် ကြသည်။ ယောက်ျားလေး အများစု၏ အဆီ များသည် ဝမ်းဗိုက် ဝန်းကျင် တွင်သာ စုဝေး တတ်သည်။

ဟော်မုန်းဓာတ် များသည် အဆီ သိုလှောင်မှုကို ဖြစ်စေပြီး အမျိုးသား များတွင် ကြွက်သားများ ရှိသဖြင့် ကယ်လိုရီကို လောင်ကျွမ်း စေနိုင်သည့် ဇီဝတွင်း ဖြစ်ပျက်မှုကို ပိုမို ဖြစ်ပွား စေနိုင်သည်။ အမျိုးသားများ နှင့် အမျိုးသမီး များ၏ အဆီစုဝေးမှုကို နှိုင်းယှဉ် ကြည့်ပါက အမျိုးသမီး များသည် အမျိုးသား များထက် အဆီများနှုန်း ၂ဝ- ၃ဝ ရာခိုင်နှုန်း နီးပါး ပိုများကြောင်း တွေ့ရသည်ဟု သိရသည်။

Credit _ PyiChitThar

No comments

Powered by Blogger.