သ၀န်တိုတတ်တဲ့သူနဲ့ ချစ်သူဖြစ်တဲ့အခါ 💖
✿✿✿✿✿✿✿✿
အရမ်း သဝန်တိုတတ်တဲ့ ချစ်သူကို ရထားတဲ့အခါ ကိုယ့်ကိုကိုယ် လွတ်လပ်ခြင်းကို အပြည့်အဝ မခံစားရဘူး လို့ ထင်လာ တတ်ကြပါတယ်။ အမျိုးသားတွေ သဝန်တိုပြီ ဆိုရင် အမျိုးသမီးတွေ ထက် သာလွန်လေ့ ရှိပါတယ်။ ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ၊ ဘယ်ကို သွားတာလဲ စသဖြင့် အကုန် သိချင် နေတော့တာပါပဲ။
သဝန်တိုခြင်းဟာ ချစ်ခြင်းရဲ့ တစိတ်တပိုင်း ဖြစ်တယ် ဆိုတဲ့ စကားလည်း ရှိပါတယ်။ ဒီတော့ သဝန်တိုတတ်တဲ့ ချစ်သူ ကောင်လေးကို အပြစ် အရင်မမြင်ဘဲ သူနဲ့ အဆင်ပြေအောင် အောက်ပါ (၅) ချက်ကို လိုက်လုပ်ကြည့်ပါ။
၁) သူ သဝန်တိုတဲ့အခါ ချိုသာပါ
သူ သဝန်တိုတဲ့အခါ စိတ်မရှည်တဲ့ပုံစံ၊ စိတ်ဆိုးတဲ့ပုံစံ မပြပါနဲ့။ (သင်သူ့ကို တကယ်ချစ်တယ် ဆိုရင်) ဒီအချိန်မှာ စကား ချိုချိုသာသာတွေ ရွေးပြောပေးပါ။ ငါမှန်နေတာပဲ ဆိုတဲ့ အတွေးနဲ့ စိတ်ဆိုးမပြပါနဲ့။ ရှင်းပြတာနဲ့ ချိချိုသာသာ ပြောပေးတာဟာ တောင်းပန်တာနဲ့ အတော်လေး ကွာခြားပါတယ်။ ဒီအချိန်မှာ ပိုပြီးချစ်ပြပါ။
၂) သူ့ကို ဘယ်လောက်ချစ်ကြောင်းပြပါ
ချစ်ကြောင်းကို သက်သေပြတဲ့ နည်းလမ်းများစွာ ရှိပါတယ်။ ဒီလိုအချိန်မှာ ပိုပြီး လိုအပ်ပါတယ်။ သူက သင့်အတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာမျိုး သက်သေပြလိုက်ပါ။ မက်ဆေ့ ပို့ပြီးတော့လည်း ချစ်ကြောင်း ပြလို့ရပါတယ်။
၃) သဝန်တိုတက်တဲ့အပေါ် အပြစ်မရှာပြပါနဲ့
သဝန်တိုခြင်းဟာ အလုံးစုံကောင်းတဲ့ အရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သဝန်တိုတာကို သူ့အပြစ်လို ဖြစ်အောင် မပြောသင့်ပါဘူး။ အမျိုးသားတွေဟာ တစ်ခါတရံမှာ ထင်ယောင်ထင်မှား ဖြစ်လေ့ရှိပြီး အဲဒါကိုပဲ အမှန်လို့ ထင်သွားလေ့ ရှိပါတယ်။ ကိုယ့်ဘက်က သေချာ ရှင်းပြပေးဖို့လည်း လိုအပ်ပါတယ်။ သဝန်တိုတတ်တဲ့ အကျင့်ကို အပြစ်ရှာမယ့် စိတ်ကူးကို မေ့လိုက်ပါ။
၎) သူသဝန်တိုစေမယ့် ကိစ္စတွေ ရှောင်ပါ
သင်ဝတ်တဲ့ အင်္ကျီ အဝတ်အစားကစလို့ သင် ဘယ်အမျိုးသားနဲ့ စကားပြောလဲ၊ အပြင်သွားလဲ ဆိုတဲ့ ကိစ္စတွေအထိ အမျိုးသားတွေက သဝန်တိုတတ်ကြပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် သူသဝန်တိုမယ့် ကိစ္စတွေရှောင်ပါ။ မဖြစ်မနေ လုပ်ရမယ့် ကိစ္စရှိရင်လည်း (ဖြစ်နိုင်ရင်) သူ့ကို အရင်ကြိုပြောပါ။ နားလည်အောင် အေးအေးဆေးဆေး ရှင်းပြပါ။
၅) သူ့အချစ်ဟောင်းနဲ့ မတူကြောင်း ရှင်းပြပါ
သူဟာ ချစ်သူဟောင်းရဲ့ သစ္စာမဲ့မှု၊ ဂရုမစိုက်မှုတွေကို ခံခဲ့ရသူ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီအချက်ကို သင်သိထားတယ် ဆိုရင် သင်က သူ့အချစ်ဟောင်းနဲ့ မတူဘူး ဆိုတာကို သူ သဘောပေါက်အောင် ရှင်းပြပါ။ ဘာကြောင့် ဒီလိုဖြစ်ရတယ် ဆိုတာကို ရှင်းပြပါ။ သင်က တစ်ယောက်တည်းကို ချစ်ဖို့ မွေးဖွားလာတာ ဆိုပြီး ကဗျာဆန်ဆန် ပြောပြနိုင်ပါသေးတယ်။
credit Duwun
Post a Comment