ဆုအိမ်စံရဲ့ FB ပေ့ခ်ျနဲ့ အကောင့် အဟက်ခံရ
ဆုအိမ့်စံဟာ တက်သစ်စ သရုပ်ဆောင် မော်ဒယ်တစ်ဦး ဖြစ်ပေမယ့် သူမရဲ့ပီပြင်တဲ့ သရုပ်ဆောင် အမူအရာတွေ ကြောင့် ပရိတ်သတ်တွေက လက်ခံ အားပေးခဲ့တာ ဖြစ်ပါတယ်။
သူမဟာ စိန်ဘယက် ဆေးတိုက် ပိုင်ရှင်ရဲ့ မျိုးဆက်လေး ဖြစ်တဲ့ သရုပ်ဆောင် မင်းသား သူရိယ နဲ့ ချစ်သူတွေ ဖြစ်နေကြပြီး နှစ်ယောက်သားရဲ့ အချစ်ရေးဟာလည်း တစ်နှစ်ကျော်ခဲ့ပြီပဲ ဖြစ်ပါ တယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ နာရီပိုင်းက ဆုအိမ့်စံရဲ့ ဖေ့ဘုတ် အကောင့်နဲ့ ပေ့ခ်ျတွေကို M4L Hacker တွေက ဟက်ထားတယ်လို့ သိရပါတယ်။
အရင်ကလည်း M4L ဟက်ကာတွေဟာ သက်မွန်မြင့်၊ ဖွေးဖွေး အစရှိတဲ့ မင်းသမီးတွေရဲ့ အကောင့်တွေကို ဟက်ခဲ့ဖူးပါတယ်။
အခုချိန်ထိတော့ M4L ဘက်မှ တစ်စုံတစ်ရာ ပြန်လည် ပြောကြားထားခြင်း မရှိသေးပါဘူး။
from@hotnew
Post a Comment