💖 ချစ်သူလေးက ဒါမျိုးလည်းရတယ် 💖
❀ ❀ ❀ ❀ ❀ ❀ ❀
" ကိုကို "
" ဟင် "
" ညနေကျ စောင့်နေကျ နေရာမှာ စောင့်နေနော် "
" အင်း ချစ် ကိုကို စောင့်နေမယ် သစ်ငုတ်တိုနဲ့ ဖင်နဲ့ "
" ကိုကိုနော် အတည်ပြောနေတာကို "
" အင်းပါ ကိုကိုက စတာပါ စောင့်နေမယ် ဟုတ်ပီလား "
ညနေအရောက် - -
ဟော - - စောင့်ရကျိုး နပ်ပါပြီ ချစ်သူလေးကလည်း လာနေပြီ ဆိုတော့ - -
" ချစ် "
" အင်း ကိုကို စောင့်နေတာ ကြာသွားပြီလား "
" မကြာသေးပါဘူး ချစ်ရဲ့"
" ဟင် - - "
ချစ်သူလေးနဲ့ စကားပြောမယ် ရှိသေးတယ်။ ဆိုင်ကယ်နှစ်စီး ကျွန်တော်တို့ နှစ်ယောက်အနား ရပ်သွားပါတယ် - - ဆိုင်ကယ် ဆီပြတ်သွားတဲ့ပုံလည်း မဟုတ်ပါဘူး။ လူက လေးယောက် ပုံစံတွေကတော့ ရုပ်ရှင်တွေထဲက လူကြမ်းတွေ အတိုင်းပဲ - -
" နင် အဲ့တာ ဘာလုပ်နေတာလဲ သွား အိမ်ပြန် "
" မပြန်ပါဘူး ဘာလို့ပြန်ရမှာလဲ "
" အေး နင်မပြန်ရင် ငါ ဒေါ်လေးနဲ့ တိုင်မှာနော် "
" တိုင်တိုင်ပေါ့ ငါ ဂရုမစိုက်ပါဘူး "
" ချစ် အဲ့တာ ဘယ်သူတွေလဲဟင် "
ကျွန်တော် တိုတိုးလေး မေးလိုက်တယ်။ ကျယ်ကျယ်မေးလို့ တော်ကြာ ဟိုကကြားသွားရင် ဒုက္ခ - -
" အကို ဝမ်းကွဲတွေပါ ဆွေမျိုးက အဝေးကြီးရယ် - - "
" ဟိုတစ်ယောက်က အဲ့တာ ချစ်ကို တစ်ဖက်သတ် ကြိုက်နေတဲ့ တစ်ယောက်ပေါ့ မတည့်တာ "
" ဟုတ်လား "
" အေး - - နင်မပြန်ရင် ငါ နင့်ကောင်ကို ပြဿနာ ရှာမှာနော် "
" နင် - - နင် မယုတ်မာနဲ့နော် "
" အဲ့လို မလုပ်စေချင်ရင် နင် ပြန်လိုက်ခဲ့လေ "
" နင်တို့အရင်သွား - - ငါ ကိုကိုနဲ့ တွေ့ပြီးမှ ပြန်လာမှာ "
" မရဘူး ခုပြန်လိုက်ခဲ့ "
ကျွန်တော် ဘာတစ်ခွန်းမှ ဝင်မပြောသေးပါဘူး မပြောရဲတာလည်း ပါတယ် - -
ကျွန်တော် သွေးမနည်းပါဘူး - - သွေးတိုးရောဂါ အခံရှိတာကိုးဗျ။ ကိုယ်နဲ့ သွေးအုပ်စု အမျိုးအစားချင်း တူသည့် A သွေးပိုင်ရှင် ဂျက်လီသည်ပင် ကွန်ဖူးပညာရှင် - -ကျနော်ကတော့ ပညာတွေကို လျှိုထားတာ (ဘယ်တော့မှလည်း ပေါ်လာမှာမဟုတ်ဘူး) ချစ်သူ အားကိုးနဲ့ မိုက်နေတာ ငါကွ - -
" ဟရောင် မင်း ပြန်တော့ "
" ရာရာစစကွာ မင်းက ဘာမို့လို့ အမိန့်ပေးနေတာလဲ "
" ကြာပါတယ်ကွာ ဒီကောင့်ကို ဆွဲကွာ ထိုး "
အဲ့ဒီစကားက ကျွန်တော့်ချစ်သူကို တစ်ဖက်သတ်ကြိုက်နေတဲ့ တစ်ယောက်က ပြောတာပါ - -
" အောင်မာ နင်က ဘာကောင်မို့လို့ ဒါတွေပြောနေတာလဲ ငါ အရင်က နင့်ကို ပြန်မကြိုက်ရုံတင် မကြိုက်တာ ငါအခု နင့်ကို အရမ်းမုန်းတယ် သိလား "
" မုန်း - - မုန်းဟာ ငါဂရုမစိုက်ဘူး "
" နင့်ကောင်ကို ငါကြည့်မရတာ ကြာပြီ "
" အဲ့တာ နင်နဲ့ဘာဆိုင်လဲ နင့်အပူ တစ်ပြားတစ်ချပ်မှ မပါဘူး "
" တော်ပြီဟာ ဘာမှလာမပြောနဲ့ ငါ ဒီနေ့ နင့်ကောင်ကို - - "
အဲ့လိုပြောပြီးတော့ ကျွန်တော့် ရင်ဘက်ကို သူ့လက်နဲ့ တွန်းလိုက်ပါတယ် - -
" နင် ဘာလုပ်တာလဲ နင် ရှေ့မတိုးနဲ့ ငါ ပြောနေတယ်နော် နင် "
" ငါ့ ရည်းစားကို ဘယ်သူ့လက်ဖျားနဲ့ ထိတာမှ ကြိုက်တာ မဟုတ်ဘူး "
" ငါ တကယ် စိတ်တိုလာပြီ သွား အနားကို လာမကပ်နဲ့ "
ကျွန်တော် အံ့အားသင့်သွားရပါတယ်။ ကျွန်တော့်ချစ်သူ အဲ့လို ဒေါသထွက်တာ ကျွန်တော်တစ်ခါမှ မမြင်ဖူးဘူးဗျာ။ သူ့မျက်လုံးတွေထဲမှာ မျက်ရည်တွေဝဲလို့ ကျွန်တော့်ရှေ့ကနေ ကာရပ်ပြီးတော့ လက်ညှိုးထိုး ပြောနေတာ..
သူ ရန်တွေ့နေတာ ယောက်ျားလေးတွေနော် သူ သတ္တိအရမ်းရှိတယ်။ ကျွန်တော့်ကို ရန်ရှာနေကြပေမဲ့ ကျွန်တော် ပျော်နေမိတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ချစ်သူရဲ့ ကာကွယ်ပေးမှုကို ချစ်တဲ့သူတိုင်း မျှော်လင့်မိတာပဲလေ - - ကျွန်တော့်ချစ်သူလေးကို ချီးကျူးမိတယ်။
" အေး မင်းကို ရန်မရှာတာ ငါ့ညီမ ရှိနေလို့ပေါ့ကွာ နောက်တစ်ခါဆို မလွယ်ဘူးမှတ် "
" လာ သွားကြမယ် "
သူတို့ ကျေနပ်ကြမှာ မဟုတ်ပါဘူး သူတို့ညီမ ဒေါသထွက်နေတာ သိလို့ စိတ်လျှော့ပြီး ပြန်သွားကြတာ ထင်တယ်
" ကိုကို နောက်ကို သူတို့နဲ့ တွေ့ရင် ဝေးဝေးကရှောင်ပါနော် "
" ချစ် အရမ်း စိတ်ပူတယ်သိလား ကိုကို့ကို "
" ပြဿနာ မဖြစ်အောင်လည်း နေပါနော် "
ကြည့်ပါဦး - - မာရင်လည်း သံချောင်း ပျော့ရင်လည်း ဖယောင်းလေး အတိုင်းပဲ ခဏနေက မျက်နှာနဲ့ ဘာမှကို မဆိုင်တာ... ချစ်သူသက်တမ်း တစ်လျှောက် ကိုကို့ကို ဆိုးရအောင်ချည်း သိနေတဲ့သူ ရစ်တတ်တယ် ဂျီကျတတ်တာပဲလို့ ကိုကို ထင်ခဲ့မိတာ ခုတော့ ချစ်လေး အရမ်းသတ္တိရှိတာပဲနော် - -
" ကိုကို့ကို အရမ်းချစ်တယ် "
" အတည် ဟုတ်လို့လား "
" အေးနော် - - ကိုကိုဗျ ခဏနေက ဒေါသက ပြေသေးတာ မဟုတ်ဘူးနော် "
" ဟား - - ကိုကို့ကိုတော့ မလုပ်လိုက်ပါနဲ့နော် "
" ချစ်သူလေးရဲ့ ဒေါသကို ကိုကိုသိသွားပါပြီ "
" ဟွန်း ကိုကိုနော် အဲ့တာ ဒေါသထွက်တာ မဟုတ်ဘူး ချစ်တတ်တာလို့ ခေါ်တယ် "
" ချစ်တတ်တာ ဟုတ်လား - - ဟုတ်ပါပြီဗျား ဟား - - ဟား ဟား "
ဟိန်းလင်းဇော် (Mechanical)
Post a Comment