သင့်ချစ်သူသင့်ကို အပျော်မတွဲပဲ အမှန်အကန်ချစ်နေကြောင်း သိနိုင်တဲ့ (၁၂) ချက်
ကိုယ့်ရဲ့ ချစ်သူဟာ ကိုယ့်ကို အပျော်တွဲတာလား အတည်တွဲတာလား ဆိုတာ မိန်းကလေးတွေ အနေနဲ့ ဝေခွဲဖို့ အတော်လေး ခက်ပါတယ်။ ဘ၀လက်တွဲဖော် အတွက်ပါ စဉ်းစားရရင်တော့ ပိုပီး စိတ်ရှုပ်စရာပဲပေါ့။ မိန်းကလေးတွေ ဆိုတာ ကမ္ဘာပေါ်မှာ တခြားသူတွေထက် ပိုယုံကြည်ရတဲ့သူ တစ်ယောက်ကိုပဲ လိုအပ်တာပါ။ ပြေပြစ်ကောင်းမွန်တဲ့ ဆက်ဆံရေးက သူတို့အတွက် အရာရာပါပဲ။ အခု ဖော်ပြမယ့် ၁၂ ချက်ကတော့ မိန်းကလေးတွေကို သင်တို့ရဲ့ ချစ်သူက ရိုမီယို အစစ်ပါလို့ အာမခံပေး နိုင်ပါတယ်နော်။
၁) အသေးအမွှားလေးက အစ မှတ်မိနေမယ်
တကယ်လို့ သူဟာ တွဲနေတဲ့ ကာလပတ်လုံး ဘယ်အသေးအဖွဲ့မဆို၊ နေ့ရက်တွေမဆို မှတ်မိနေရင်တော့ သူ တကယ်ချစ်လို့ပါပဲ။ ဒါကတော့ ရှင်းပါတယ် သင်နဲ့ ပတ်သတ်သမျကို ဂရုတစိုက် ရှိတဲ့အပြင် တန်ဖိုးထားလို့ပေါ့။
၂) ဖုန်းအမြဲတမ်း ခေါ်နေမယ် ၊ check လုပ်နေမယ်
အမှန်အကန် ချစ်နေသူဆိုရင် သင့်အကြောင်းတွေကို အမြဲ သိချင်နေမှာပဲလေ။ ဒါကြောင့်မို့ သင့်ဆီ ဖုန်းဆက်ပီး တနေ့တာကို ဘယ်လို ဖြတ်သန်းလည်း ဆိုတာကို မေးနေမှာ။ ပီးတော့ သင်စိတ်ဝင်စား နေတာကို သူပါ စိတ်ဝင်တစား ရှိကြောင်းကို တွေ့နိုင်ပါတယ်။
၃) သင်ဟာ သူ့သူငယ်ချင်းတွေနဲ့ တွေ့ရင်လည်း သက်သောင့်သက်သာ ရှိလိမ့်မယ်
သင်ဟာ သူ့ရဲ့ ဘော်ဒါတွေနဲ့ ဆုံရင်တောင် တမျိုးကြီး ခံစားရမှာ မဟုတ်ပါဘူး။ ဘာလို့လည်း ဆိုတော့ အားလုံးဟာ မိသားစုလို ဖြစ်နေလို့ပါပဲ။
၎) ခြေဆော့လက်ဆော့ မရှိတဲ့သူ
သူဟာ သင့်ကိုသာ တကယ်ချစ်ရင် အသားယူမှာ မဟုတ်သလို၊ လူရှေ့သူရှေ့ စနောက်ပီး အရှက်ခွဲမှာလည်း မဟုတ်ပါဘူး။
၅) လူကြီးလူကောင်းဆန်သူ
သူက သင့်ကိုဆို အမြဲကြင်နာပီး လူကြီးလူကောင်း ဆန်ဆန် ပြုမူ ဆက်ဆံမှာပါ။
၆) ဂုဏ်ယူနေမယ်
သူသာ သင့်ကို လက်တွဲဖော် အဖြစ်သာ စဉ်းစားခဲ့မယ်ဆိုရင် သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆတ်ပေးဖို့ ၀န်မလေးသလို သင့်ကို ချစ်သူတော်ခွင့် ရတဲ့အတွက်လည်း အမြဲ ဂုဏ်ယူနေမှာပါ။
၇) Surprise Event လေးများ ဖန်တီးတတ်ခြင်း
သူဟာ သင့်ကို အံ့သြ၀မ်းသာစေမယ့် အခွင့်အရေးကို အမြဲ လက်လွှတ်ခံမှာ မဟုတ်ပါဘူး။ သင့်မျက်စိထဲမှာ သူက အံ့သြစရာ အခိုက်အတန့်လေးတွေ လက်ဆောင်လေးတွေ ပေးတတ်လို့ အရမ်း ချစ်ဖို့ကောင်းနေလိမ့်မယ်။
၈) သင်က သူငယ်ချင်းတွေကို သူ့အကြောင်း မပြောပဲ မနေနိုင်ဘူး
ဒါကတော့ သင်ဟာ ကျန်တဲ့ဘ၀ တစ်လျှောက်လုံးမှာ အတူတူ ဖြတ်သန်းသွားချင်တဲ့ ဘ၀ လက်တွဲဖော် ပိုင်ဆိုင်ထားပီး ဖြစ်တယ် ဆိုတာကို သက်သေပြနေတဲ့ အချက်ပါပဲ။ တချိန်လုံး ဘေးက သူငယ်ချင်းတွေကို သူ့ရဲ့အကြောင်းတွေ သူက သင့်အပေါ် ဘယ်လိုကောင်းတယ် ဆိုတာတွေကိုပဲ ပြောနေမိလိမ့်မယ်။
၉) ဈေးဝယ်ထွက်တဲ့အခါ စိတ်ရှည်တဲ့သူ
သူက သင့်ရဲ့ ရှော့ပင်းထွက်တဲ့ အကျင့်ကို မကြိုက်တာမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် သင့်ကို အဲ့အကြောင်းပြောပြမှာ မဟုတ်တဲ့အပြင် သင်ရှော့ပင်ထွက်တာကိုတောင် လိုက်စောင့်ပေးပီး အထုတ်တွေကိုတောင် ကူဆွဲပေးအုံးမှာပါ။
၁၀) ယုံကြည်မှုရှိခြင်း
သင့်ကို ယုံကြည်တဲ့အပြင် ဘယ်တော့မှလည်း အများကြီး ရှင်းပြဖို့ တောင်းဆိုနေမှာ မဟုတ်ပါဘူး။
၁၁) သင့်မိသားစု အထင်ကြီးအောင် လုပ်ပြချင်တယ်
သူက သင့်မိသားစုဝင်တွေရဲ့ အထင်ကြီး လေးစားမှုကို အရမ်းလိုချင်ပီးတော့ သူတို့ ခိုင်းတာ မှန်သမျကိုလည်း ပျော်ပျော်ရွှင်ရွှင် လုပ်ပေးအုံးမှာပါ။
၁၂) Sex ပြုလုပ်ရန် ဖိအား မပေးခြင်း
အခု နောက်ဆုံး အချက်ကတော့ အရေးအကြီးဆုံးနော်။ သူသာ တကယ်ချစ်ရင် သင့်ရဲ့ ကာမကို အတင်းအကျပ်တောင်းဆို ရယူမှာ မဟုတ်ပါဘူး။ ကုန်ကုန်ပြောရရင် သင်စိတ်မပါရင် ဘာကိုမှ လုပ်ဖို့ တွန်းအားပေးမှာ မဟုတ်ပါဘူး။
Violet (Loveအတိုအစလေးများ)
Post a Comment