Header Ads

မိန်းကလေးတွေ အပျိုမစစ်တော့ဘူးလို့ ဝါးလုံးရှည်နဲ့ မရမ်းပါနဲ့


" ဒီခေတ်မှာ မိန်းကလေးတွေ အပျို မစစ်တော့ပါဘူးး ကွာ"  လို့ ပြောတဲ့ ခင်ဗျားပါးစပ်ကို ပိတ်လိုက်ပါ။

ခင်ဗျားကို ကျုပ် မေးမယ် - ဖြေပါ..

ကဲ  မိန်းကလေးတွေ ဗျာ၊ ရည်စားထားခဲ့တိုင်း တည်းခိုးခန်း ရောက်ဖူးရောလား၊ ရည်စား ရှိခဲ့တိုင်း အတူ အိပ်ဖူးရောလား၊ ရည်စားနဲ့ ပြတ်ခဲ့တိုင်း အပျို မစစ်တော့ဘူးလား...

ကိုယ်တွေ့ဖူးတဲ့ မိန်းကလေးတွေနဲ့ ခင်ဗျားး မနှိုင်းယှဉ်ပါနဲ့ ကိုယ့်နှမ သူ့နှမ စာနာပါ။

ဥပမာ - ဗျာ
ခင်ဗျား ညီမ ကို အဲလို စွပ်စွဲလိုက်ရင် ခင်ဗျားး ခံနိုင်ပါ့မလားး

ခင်ဗျားး ပတ်ဝန်းကျင်မှာ ခင်ဗျားလို စိတ်ဓါတ်မျိုးရှိတဲ့ သူတွေ ဆိုရင်တော့ ဟုတ်ချင် ဟုတ်မှာပေါ့

ကျုပ်တို့ကတော့ ကိုယ် လက်မထပ်နိုင်သေးတဲ့ ကိုယ် လက်မထပ်ရသေးတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်တော့မှ ပန်းကောင်း အညွန့်မချိုးဘူးး၊ တန်ဖိုးထားတယ် ယောက်ျား ပီသတယ်။

ဒီမိန်းကလေးကတော့ ငါနဲ့ မဖြစ်လည်းး သူများနဲ့ ဖြစ်မှာပါ ဆိုတဲ့ အတွေးမျိုးလည်းး မတွေးပါနဲ့။ ကိုယ့်စိတ်နဲ့ မနှိုင်းပါနဲ့၊ အဲ့ဒါ အောက်တန်းကျတဲ့ စိတ်ပဲ။

အပျိုစစ်တဲ့ မိန်းကလေးတွေ ဒု နဲ့ ဒေး ပါ၊ မိန်းကလေး အားလုံးကိုတော့ ဝါးလုံးရှည်နဲ့ မရမ်းပါနဲ့။

ကိုယ်နဲ့ နှိုင်းပြီးလည်း ယောက်ျား အားလုံးကိုလည်း၊ ခင်ဗျားး လိုက်မထင်လိုက်ပါနဲ့ မှားသွားးလိမ့်မယ်။

ကိုယ်ရဲ့အဆင့်အတန်းဆိုတာ ငွေကြေးချမ်းသာခြင်းကို ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်ရဲ့အပြောအဆို အမှုအရာ ကိုယ်ကျင့်တရားနဲ့ပဲ သက်ဆိုင်ပါတယ်။

ခင်ဗျာ အဲ့လို အပြုအမူ ပြောလိုက်ခြင်းဟာ အားလုံးကို ခြုံပီးး စော်ကားလိုက်သလို ဖြစ်သွားတယ်ဆိုတာ နားလည်လိုက်ပါ။

မစစ်တဲ့သူတွေ ရှိသလို စစ်တဲ့သူတွေလည်းး ရှိတယ်ဆိုတာ သိထားပါ။ စကားပြောရင် ဘောင် မကျော်ပါစေနဲ့။

ထပ်ပြောမယ်...

ခင်ဗျားးး နှမချင်းစာနာပါ..

credit တောင်ပံနီ လူလေး
credit photo

No comments

Powered by Blogger.