☀ ကြာသပတေးသားသမီးတို့ရဲ့ စိတ်နေစိတ်ထား
☀☀☀☀☀☀☀☀☀☀☀
တိုက်ဆိုင်မှုတွေရှိရင် 👍Like &Share
😃😃😃😃😃😃😃😃😃
➡ကြာသပတေး သားသမီးများသည် သတိုသား ဖြစ်စေ၊ သတိုသမီး ဖြစ်စေ စိတ်ရင်းစေတနာ ကောင်း၍ ရိုးသားပွင့်လင်း ကူညီသောစိတ် ရှိတတ်သည်။ လူတိုင်းကို ခင်မင်တတ်သည်။ တစ်စုံတစ်ယောက်က အကူညီတောင်းခဲ့လျှင် အထူး ကူညီတတ်သည်။
➡ ကြာသပတေး သားသမီးများဟာ အေးအေးဆေးဆေး နေတတ်တဲ့သူများ ဖြစ်ကြတယ်။ ခွင့်လွတ်သီးခံ တတ်ကြပါတယ်။ ဒါကြောင့် လူတွေရဲ့ ချစ်ခင်မှုကိုလည်း တာရှည် ပိုင်ဆိုင်ထားကြတယ်။
➡ မဟုတ်ရင် မခံတတ်တဲ့စိတ် ရှိတာလည်း ကြာသပတေးပါ။ ကိစ္စတွေကို အမှန်တရားဘက်က ရပ်တည်ကြတယ်။
➡စိတ်သဘောထား ကြီးသလို စေတနာကောင်းပြိး ပျော်ရွင်တတ်၊ တည်တည်ကြည်ကြည် နေတတ်သည်။
➡ မိသားစုထဲမှာ စကားများ ရန်ဖြစ်ကြရင်လည်း၊ ကိုယ့်ဘက်က အရင်ဆုံး ကျေအေးပေး တတ်ကြတယ်။အနစ်နာခံ သည်းခံ ပေးတတ်တာပါ။
➡ လူတွေအပေါ် မေတ္တာ ထားတတ်တယ်။ ကိုယ့်မိသားစုထဲက လူတစ်ယောက်ယောက်ကို သံယောဇဉ်ရှိရှိနဲ့ ချစ်တတ်ပါတယ်။ ချစ်သော သူများကိုလည်း အနစ်နာခံ ပေးတတ်တယ်။
➡ ကိုယ်ဖြစ်ချင်သော ဆန္ဒကို အလွယ်တကူ လက်မလျော့တတ်တာ ဖြစ်ချင်တာကို စိတ်မလောဘဲ အချိန်ပေးပီး အကောင်အထည် ဖော်တတ်တယ်။ အေးဆေးနေတတ်တယ်၊ စိတ်တည်စွာနဲ့ နေတတ်တာ ကြာသပတေးပါ။
➡ တကယ် ခံစားလွယ်တဲ့သူများ ဖြစ်ကြပေမဲ့ အပြင်မှာတော့ တည်ငြိမ်စွာနဲ့ နေတတ်တယ်။ ငိုချင်လာခဲ့ရင်တောင် အပြင်မှာ တခြုံးခြုံးနဲ့ ငိုနေတာထက် ရင်ထဲမှာ ကျိတ်ပီး ခံစားတတ်ကြတယ်။
➡ကြာသပတေးတွေ ရင်ထဲမှာ သိမ်းမထားနိုင်တဲ့ အပူဆိုရင်တော့ ဘာမှမပြောဘဲ မျက်ရည်တွေ အလိမ့်လိမ့် ကျလာတတ်တာပါ။
➡ ကြာသပတေးများဟာ သူငယ်ချင်းတွေကြားမှာ ပျော်ရွှင်စွာနဲ့လည်း နေထိုင်တတ်တယ်။ ကြာကြာနေမှတွေ့ဖြစ်တဲ့ သူငယ်ချင်းများကိုလည်း အတိတ်မှာ ပျော်ရွှင်ခဲ့တာတွေကို ပြန်ပီး ပြောပြတတ်တဲ့ စိတ်တွေလည်း ရှိတတ်ကြပါတယ်။ အမှတ်တရ တခုခုကို လွယ်လွယ်နဲ့ မမေ့တတ်တာပါ။
➡ အလုပ်ကို ဦးစားပေး တတ်ကြတယ်။ တခါတရံ ကိုယ်ဝါသနာပါနေတဲ့ အလုပ်ကို လုပ်နေပီဆိုရင် အိမ်မက်ထဲမှာတောင် ထည့်မက်ကြတာ ပါ။
➡ အလုပ်လုပ်တဲ့ နေရာမှာ စိတ်ရှည်တတ်တယ်။ တော်ရုံတန်ရုံ ပြသနာမဖြစ်အောင် နေထိုင် တတ်ကြတယ်။
➡ သူများတွေရဲ့ ခင်မင်မှုကိုလည်း တန်ဖိုးထား တတ်ကြတယ်။ အားနာတတ်တယ်။ စကားပြောတဲ့ နေရာမှာလည်း အမှားကို ဆင်ခြင် သုံးသပ်ပီး ပြောကြားနိုင်စွမ်း ရှိတယ်။
➡ အစွဲအလန်း ထားသင့်တဲ့ နေရာမှာဘဲ ထားတယ်။ ကိုယ်တကယ် မကြိုက်တဲ့ အရာဆိုရင် စွန့်လွတ်ရဲတယ်။
➡ ပြန်လှည့် မကြည့်တတ်ဘူး။ တွေးပူ မနေတတ်ဘူး။ အားနေတဲ့ အချိန်တွေမှာ ဆိုရင်တော့ တခါတလေမိသားစုကို အချိန်ပေးပီး အိမ်တွင်းမှု လုပ်နေရရင်ကို နှစ်သက်ကြပါတယ်။
➡ အပြင်က ရုပ်သွင် မဟုတ်ရင်တောင် အတွင်းစိတ် ချစ်စရာကောင်းတာလေးကို ပိုင်ဆိုင်ထားကြတယ်။
➡ ချစ်သူက အဝေးမှာ ရှိနေရင်တောင် ပြန်လာဖို့ သစ္စာရှိစွာနဲ့ မေတ္တာမပျက် စောင့်မျှော်နေတတ်ပါတယ်။
✋ ဗေဒင်နှင်လက္ခဏာ
👉☀Creadit🏆ဆရာမင်းသူရ 📲ph-09 45 647 1357
Post a Comment