မြင့်မြတ်တဲ့အချစ်ဟာ ပေါင်ကြားမှာ လမ်းမဆုံးဘူး
---------------
'မင်းစော်က ငါ ခြွေပြီးသား ပန်းကွ မင်းက နွားပဲ '…
မောင်မင်းကြီးသား သကောင့်သားက ဂုဏ်ယူဟန်နဲ့ ပြောတယ်
ကျနော် ပြုံးပြလိုက်တယ် (မခို့တရို့ ပြုံးပြလိုက်တယ် )
' ငါ့အကျန် ကောက်ရတဲ့ ကျန်ကောက်ပါကွာ ငါမကုန်လို့ စားရတာ စားပါစေ '…
မောင်မင်းကြီးသား သကောင့်သားက အောင်နိုင်သူ တစ်ယောက်လို ပြောတယ်
ကျနော် ပြုံးပြလိုက်တယ် (မခို့တရို့ ပြုံးပြလိုက်တယ် )
ဗုဒ္ဓရဲ့ အဖန်ဖန် သေခြင်းတရားမှာ သံသရာ ကျင်လည်သမျှ လူတိုင်းဟာ နွားဖြစ်နိုင်တယ်… လှည်းကျိုးထမ်းတိုင်း နွားမှ မဟုတ်တာ။
တစ်ကိုယ်စာ ပရဟိတလို့ ခံယူရဲရင် ကုသိုလ်ပဲ… မြင့်မြတ်တဲ့ အချစ်ဟာ ပေါင်ကြားမှာ လမ်းမဆုံးဘူး။ လှည်းအကျိုးကို လမ်းအကောင်းမှာ စနစ်တကျ မောင်းရင် တစ်ဘဝစာ ပျော်ရွှင်မှာပေါ့…
ကျနော်ချစ်တဲ့ လှည်းကျိုးလေးအတွက် ကျနော်ဟာအတော်ဆုံး ဗိသုကာ..
ကျနော်ချစ်တဲ့ လှည်းကျိုးလေးမှာ ငရဲမရှိဘူး။ နောင်တမရှိဘူး မျက်ရည် မရှိဘူး..
မင်းမနမ်းချင်လို့ ပစ်ခဲ့တဲ့ပန်း ငါ့လက်မှာ ပွင့်လန်းနေမှ နောင်တတွေ မပွေ့မိပါစေနဲ့လေ…
မှီနွဲ့မယ်ထင်ပြီး ပုခုံးထိုးပေးတာ ထမ်းပိုးတင်လည်း ငါဟာလူပဲ… သားသတ်ရုံ ရောက်တဲ့အထိ ငါ့ကိုယ်ငါ လူလို့ထင်တုန်း…
အခါ (၁၀၀) သေလည်း ပျဉ်ဈေး စုံစမ်းဆဲ။ အချစ်ဟာ ပိုးဖလံလို မီးထဲတိုးပေမယ့် ဖီးနစ်ငှက်လို ပြန်အသက်ရှင်တာ ခက်တယ်…
စကားဗုံးတွေကို ငါပြုံးဖြစ်တယ် (မခို့တရို့ ပြုံးဖြစ်တယ် ) လက်ညှိုးဓါးတွေအတွက် ငါပြုံးပြတယ် (မခို့တရို့ ပြုံးပြလိုက်တယ် )
ငါပြုံးတယ်
ငါ့အပြုံးက လွတ်လပ်တယ်
ငါ့အပြုံးက သန့်ရှင်းတယ်
မှတ်ထား ညီလေး…
အချစ်စစ်တစ်ခုရဲ့ အဓိပ္ပာယ်ဟာ ပေါင်ကြားမှာ လမ်းမဆုံးဘူး။ မေတ္တာတရားသာ စစ်ပါစေ။ ပခုံး အသားမာ တက်ချင်တက်ဦး။ လှည်းအကျိုးနဲ့ လမ်းအကောင်းမှာ သံသရာအထိ မောင်းရဲတယ်။ ။
Credit to original writer
Post a Comment