Single ဖြစ်သွားသူတိုင်း ဖတ်ဖို့ အမှန်တရား (12) ချက် 💌
💓💓💓💓💓💓💓💓👧
1) သင်နဲ့ မထိုက်တန်တဲ့ သူနဲ့ အတူ ရှိနေတာ ထက်စာရင် သင် တစ်ယောက်တည်း နေတာက ပိုကောင်းပါတယ်။
2) အချစ်က အရေးကြီးကောင်း ကြီးမှာပါ။ ဒါပေမဲ့ သင့်ဘဝက အချစ်ထက် ပိုပီး အရေးကြီး ပါတယ်။
3) ရေရှည် ပျော်ရွှင်စရာ မရှိတဲ့ ခရီးတစ်ခုကို စောစောစီးစီး အဆုံးသတ် လိုက်တာ သင် မှန်ပါတယ်။
4) အတိတ်က မလှပပေမဲ့ သင် ကြိုးစားရင် အနာဂတ်တော့ သေချာပေါက် လှပနိုင်ပါတယ်။
5) Single ဖြစ်ပေမဲ့ သင် လုံးဝ အထီးမကျန်ပါဘူး။ သင့်ဘေးမှာ သင့်ကို ချစ်တဲ့သူတွေ အများကြီး ရှိနေပါသေးတယ်။
6) Single ဖြစ်သွားလို့ အချစ်စစ် ထပ်မတွေ့မှာ ပူစရာ မလိုပါဘူး။ တစ်ခါတလေမှာ မထိုက်တန်သူ တစ် ယောက်နဲ့ လွဲတာက အမှန်တကယ် ထိုက်တန်သူနဲ့ ဆုံဆည်းဖို့ အကြောင်းဖန်တာပဲ ဖြစ်ပါတယ်။
7) Single ဘဝ ဆိုတာ သင့်ရဲ့ မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။ လိပ်ပြာသန့်သန့်နဲ့ ကျေနပ်သင့်ပါ တယ်။
8) အချစ်ရေး ပြိုကွဲခဲ့ရတာ သင့်အပြစ်ချည်းပဲ မဟုတ်ပါ။ လူတိုင်းမှာ မတတ်နိုင်တဲ့ အကြောင်းတရားတွေ ကိုယ်စီ ရှိတတ်ကြပါတယ်။
9) တွဲခဲ့တဲ့ သူတိုင်းက တကယ် ချစ်တဲ့သူတွေ ဖြစ်လာကြတာ မဟုတ်ပါဘူး။ ဒါကြောင့် မလွှဲသာလို့ လမ်းခွဲခဲ့ရတာ ကလည်း သင့်အတွက် အဆင်ပြေပါတယ်။
10) ပြီးဆုံးခဲ့တဲ့ အချစ်ရေး ဆိုတာ သင့်အနာဂတ်ကို အကောင်းဆုံး ရှေ့ဆက်နိုင်စေမယ့် သင်ခန်းစာ ဖြစ် တယ်။
11) မြက်ခင်းတွေက အမြဲ စိမ်းလန်းနေကြတာ မဟုတ်သလို အချစ်ရေးတိုင်းကလည်း အားလုံး အဆင်ပြေနေကြတာ မဟုတ်ဘူး ဆိုတာ လက်ခံသင့်ပါတယ်။
12) အရေးကြီးဆုံးက ဘယ်လို အခြေအနေ၊ အချိန်အခါပဲ ရောက်ရောက် သင့်ကိုယ်သင် တန်ဖိုးထားပြီး ချစ်တတ်ဖို့ပဲ ဖြစ်ပါတယ်။
စိတ်ဓာတ် ခွန်အားလေးတွေ မျှဝေနိုင်ဖို့ ဒီ စာစောင်လေးကို SHARE လိုက်ပါဦးနော်။
Credit
Post a Comment