Header Ads

ကောင်လေးတွေ တကယ်ချစ်သွားရင် ပြောင်းလဲသွားတဲ့ အပြုအမူလေးများ💘


💓💓💓💓💓💓💓💓💑
1) သင့်အတွက် အကောင်းဆုံး အကြံဥာဏ်တွေ ပေးတယ်

အရမ်းကို နှစ်နှစ်ကာကာ ချစ်မိနေတဲ့ ယောင်္ကျား တစ်ယောက်ဆိုရင် သင် ပြောတဲ့ အကြောင်းအရာ တစ်ခုခုနဲ့ ပတ်သက်ပြီး အကြံပေးရင် ပေါ့ပြက်ပြက် မပေးတတ်ပါဘူး။

သင် တောင်းတဲ့ အကြံဥာဏ်ကို သေချာ နားထောင်တယ် ၊ ပြီးရင် သေချာ စဉ်းစားပေးပြီး သူ့ရဲ့ ကောင်းမွန်တဲ့ အကြံကို ပြန်ပေးလိမ့်မယ်။

အဲ့ဒီ အချက်ဟာ သင် တောင်းတဲ့ အကြံပေါ်ကို လေးစားပြီး သင်ကို ဂရုစိုက်တာပါ။

2) အနာဂတ် အကြောင်းအရာတွေ ပြောလာတယ်

ဒီ အချက်ကတော့ ယောင်္ကျား တစ်ယောက်ဟာ သင့်ကို အရမ်း ချစ်မိနေပြီ ဆိုတာ ဖော်ပြနေတာပါ။

အကြောင်းအရင်း မရှိဘဲနဲ့တော့ အနာဂတ်အကြောင်းနဲ့ ပတ်သတ်ပီး သင့်ကို ပြောမှာ မဟုတ်ပါဘူး။

သင်နဲ့အတူ တစ်သက်လုံး လက်တွဲချင်လို့ ၊ သင်နဲ့အတူ အနာဂတ်လမ်းကို လျှောက်ချင်လို့ ၊ သင်နဲ့အတူ အနာဂတ်အတွက် အစီအစဉ်တွေ ရှိနေလို့ ပြောရတာပါ။

အနာဂတ်ထိ အတူတူ လက်တွဲသွားချင်တာဟာ သင့်ကိုသူ အရမ်းချစ်လို့ပါ။

3) သင့်ကို Support လုပ်ပေးတယ်

သင်ရဲ့ ရည်မှန်းချက်က ဘာကြီးပဲ ဖြစ်နေဖြစ်နေ ဘေးကနေ အမြဲတမ်း အားပေးတယ်။


ရည်မှန်းချက် အမှန်တကယ် ဖြစ်လာအောင်လည်း ဘေးကနေ ဖန်တီးပေးတယ်။

အဲ့ဒါ ဆိုရင်တော့ သင့်ကို အရမ်း ချစ်မိနေလို့ပါ။ သင့်ရည်မှန်းချက်က ဘာကြီးဖြစ်နေပါစေ အဆုံးထိကို ကူညီပေးပါလိမ့်မယ်။

4) အသေးအမွှားလေးက အစ လုပ်ပေးတယ်

သင် ပျော်ရွင်ဖို့အတွက် ဆိုရင် သေးသေးလေးက အစ သူ လုပ်ပေးလာတယ်။


စိတ်မရှည်တဲ့ ယောင်္ကျားတစ်ယောက်က သင့်ရဲ့ အစစအရာရာကို ဂရုတစိုက် လုပ်ပေးနေတယ် ဆိုရင် သင့်ကိုသူ အရမ်းချစ်မိလို့ပါ။

5) သင့် ကျန်းမာရေးကို ဂရုစိုက်ပေးတယ်

သင့်ရဲ့ ကျန်းမာရေးကို အရမ်းကို အလေးပေးပြီး ဂရုစိုက်တတ်လာတယ်။

ဥပမာ- သင် နေမကောင်းဖြစ်နေတယ် ဆိုရင် သင်အတွက် ဆေးဝယ်ပေးတယ်၊ ဆန်ပြုတ်ပြုတ်ပေးတယ်၊ သင်အတွက် အမြဲစိတ်ပူပေးတယ်။

အဲ့ဒါမျိုးတွေက သင့်ကိုသူ ချစ်လို့ပါပဲ။

6) သင် ပြောသမျှ အကြောင်းအရာတွေကို မှတ်ထားတယ်

တစ်နေ့တာ သင့်အကြောင်းကို မေးလား။

သင့်အရင်က ပြောခဲ့တဲ့စကားတွေကို မှတ်ထားလား။ မေးတတ်တယ် ၊ မှတ်တတ်တယ် ဆိုရင်တော့ သင့်ကို နှစ်နှစ်ကာကာ ချစ်မိနေလို့ပါပဲ။

သင်နဲ့ပတ်သက်တဲ့ အရာတွေ သိချင်တယ်၊ အဲ့အရာတွေနဲ့ ပတ်သက်ပြီးလည်း ဂရုစိုက်တယ်။


7) သင်အမြဲ ပျော်အောင်ထားတယ်

လက်တွဲနေစဉ် တစ်လျှောက်မှာ သင်စိတ်ညစ်ရမယ့် ကိစ္စတွေကို မလုပ်ဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ သင်စိတ်ညစ်ပြီး မျက်နှာ ညိုးသွားမှာကို သူ မလိုလားလို့ပါပဲ။

အမြဲတမ်းလည်း ပျော်အောင်ထားတယ်။ သူ့အတွက်နဲ့ မျက်ရည် မကျအောင်ထားတယ်။

အမြဲတမ်းလည်း အလျော့ပေးလာတယ်။ ညရောက်နေပြီ ဆိုရင်တောင် သင်တစ်ခုခု စားချင်ရင် အပြေးအလွှားဝယ်ပီး လာပို့ပေးတယ်။

အဲ့ဒါဆိုရင်တော့ အရမ်းချစ်လို့ပေါ့နော်။


8) Date ပြီးတာနဲ့ စိတ်မချလို့ အိမ်ပြန်လိုက်ပို့ပေးတယ်

နှစ်ယောက်အတူ ချိန်းတွေ့ပြီးတော့ အပြင်ဆိုရင်တောင် သင့်ကို စိတ်မချလို့ ပြန်လိုက်ပို့ပေးတယ်။

သင့်ကို တစ်ယောက်တည်း ပြန်လွှတ်ရမှာ စိတ်မချလို့ ဆိုပြီး ပြန်လိုက်ပို့ပေးတယ်။

အဲ့လို အပြုအမူတွေကို ကြည့်ချင်းအားဖြင့် သင့်ကို တကယ်ချစ်၊ မချစ်ဆိုတာ သိမှာပါ။

credit

No comments

Powered by Blogger.