တကယ်တော့အချစ်ဆိုတာ 💘
💓💓💓💓💓💓💓💓
အပိုင်း(၁)
တစ်ခါက မေ ဆိုတဲ့ သူဌေးသမီးလေးနဲ့ စည်သူ ဆိုတဲ့ ဆင်းရဲသားလေး တို့ တစ်ယောက်နဲ့ တစ်ယောက် မေတ္တာမျှပြီး တစ်ယောက်အပေါ် တစ်ယောက် သစ္စာရှိစွာ ချစ်ကြတယ်--- 💑
စည်သူမှာကတော့ တစ်နေ့ လုပ်မှ တစ်နေ့စား အညတရ ဘဝလေးပေါ့
တစ်နေ့ တော့-------
` မောင် ´ မေတို့ လက်ထပ်ကြရအောင် နော်-----
စည်သူမှာ စိတ်ထဲ အားငယ် သွားပြီး မျက်နှာလေး မဲ့သွားတယ်---(
ဟင်, မောင် ဘာဖြစ် သွားတာလဲ?
ဘာမှ မဖြစ်ပါဘူး မေရယ်-----
မောင် အံ့သြသွားလို့ ပါ---------
မေနဲ့ မောင့်ရဲ့ ဘဝက မိုးနဲ့ မြေကြီးလို အရမ်းကို ကွာခြား လွန်းပါတယ်
ပြီးတော့ မောင်ရဲ့ တစ်လစာ ပိုက်ဆံက မေစီးတဲ့ ဒေါက်ဖိနပ် တစ်ရံစာတောင် အနိုင်နိုင်ပါ မေရယ်-------
ဒီလို စုပ်ပြတ်နေတဲ့ မောင့်ဘဝထဲကို မေ့လို ဟိုးအမြင့်ဆုံးက ပန်းတစ်ပွင့်ကို ဆင်းရဲတွင်းထဲ ဆွဲမခေါ်ရက်ချင်ဘူး------
စည်သူ၏ မျက်ဝန်းမှာ မျက်ရည်စတွေ တဝဲလည်လည်နဲ့ ဖြစ်လာပြီ…
မောင်ရယ်---- ဘာလို့ အဲ့လို စကားမျိုး ပြောရတာလဲ
မေ မောင့်ကိုချစ်တာ အချစ် တစ်ခုတည်းနဲ့ မောင့်ရဲ့အချစ်ကို ယုံကြည်လို့ပါ မေ့အတွက် ဘာမှမလိုဘူး-------
အပိုင်း(၂)
အခုလဲ မေ အိမ်ပေါ်က ဆင်းလာတာ--- မောင်နဲ့ အတူ သာယာတဲ့ ဘဝတစ်ခု တည်ထောင်မယ် လို့ မေ ဆုံးဖြတ်လိုက်ပြီ-----------
အိမ်က သူဌေးသား တစ်ယောက်နဲ့ အတင်းပေးစားဖို့ စီစဉ်နေတယ် မောင်---
မေ မောင်နဲ့ မခွဲနိုင်ဘူး---
စည်သူ အတွေးတစ်ခု ဝင်လာခဲ့တယ်--
ငါ မေ့ကို အဆုံးအရှုံးမခံနိုင်ဘူး ဒီတော့ မေ့ကိုငါ ခိုးပြေးမှဖြစ်မယ်----
` မေ ဒီလိုဆို မောင်နဲ့ ခိုးရာလိုက်ခဲ့ပါ-----
`အင်း´
ဒီလိုနဲ့ မေ့ကို ခေါ်ပြီး ဟိုးအဝေးဆုံးကို ထွက်သွားခဲ့တယ်-----
ရွာလေး တစ်ရွာမှာ အိမ်တစ်လုံး ငှါးပြီး နေခဲ့တယ်-- အရမ်းကို ဆင်းရဲနွမ်းပါးတဲ့ ရွာလေးတစ်ရွာပေါ့------
စည်သူကတော့ ကြုံရာ အလုပ်တွေ လုပ်ပြီး မေ့ကို ရှာကျွေးခဲ့တယ်------
ညပိုင်းဆိုရင် မေ့ကို သီချင်းလေး တစ်ပုဒ်နဲ့ အမြဲ ချော့သိပ်လေ့ရှိတယ်
တစ်လလောက်ကြာတော့-----------
ပတ်ဝန်းကျင်က ပြောတဲ့စကားတွေကို မေ ကြားပြီး စည်သူ့ကို ရွံရှာလာတယ်---
အပိုင်း(၃)ဇာတ်သိမ်းပိုင်း
အကြောင်းကတော့-----
စည်သူက မိလ္လာတူးတယ် မြက်ခုတ်တယ်… ကြုံရာအလုပ်ကို လုပ်တယ် ညပိုင်းတွေမှာလည်း နာရီပိုင်း အချိန်ပို အလုပ်တွေမှာ ဝင်လုပ်တယ်--- ပုံစံက စုပ်ပြတ်လွန်းတော့ ပတ်ဝန်းကျင်က သွေးထိုးစကားတွေထဲ မေ ရွံရှာလာတာပေါ့----
နောက်တစ်နေ ---
စည်သူ အလုပ်သွားတော့-- မေအိမ်က ထွက်ဖို့ စီစဉ်ခဲ့တယ်-------
ဖြစ်ချိန်တန်တော့ မေ့အိမ်က လူတွေက မေ ရှိတဲ့နေရာကို စုံစမ်းပြီး မေ့ နောက်ကို လိုက်လာခဲ့တယ်-----
မေ့ကိုတွေ့ တော့ တစ်ခါထဲ ပြန် ခေါ်သွားခဲ့တယ်-- စည်သူကတော့ သူများအိမ်မှာ ပန်းရံဝင်လုပ်နေတယ်
`အင်း´
'ဒီနေ့ ငါလစာထုတ်မှာပဲ'
မေ့ကို လက်ထပ်လက်စွပ်လေး ဝယ်မပေးရသေးဘူး… ဒီနေ့ လစာထုတ်ရင် ဝယ်ပြီး သူ့ ကို Suprise ပြန်လုပ်ရမယ်ဆိုပြီး အရမ်း ပျော်နေရှာတာပေါ့…
အိမ်ပြန်ရောက်တော့---
မေ...... မေ..... မေ....
မေ ပြန်မထူးတော့.. အိမ်ပေါ်သို့ တက်သွားလေသည်... တစ်အိမ်လုံးကို နှံ့ အောင် ရှာနေသော်လည်း မေမှာ ရှာ၍မတွေ့ .......
စည်သူမှာ ရင်တွေ အရမ်း ပူလောင်နေတာပေါ့..........
ဒီလိုနဲ့ သူတို့ အုံးနေကျ ဖက်ခေါင်းအုံးလေးအပေါ် ခေါင်းလေး မှေးခနဲ တင်လိုက်တော့... ခေါင်းအုံးလေးက မို့ နေတာကို သတိထားမိသွားတယ်......
ခေါင်းအုံးလေးက မို့ နေတဲ့ အရာတစ်ခုကို ထုတ်ကြည့်လိုက်တော့... စာလေးတစ်စောင် ထွက်လာတယ်....
``သို့ ...
မောင် မေ့အိမ်က လာခေါ်လို့ မေပြန်လိုက်သွားပါပြီ… မေ မောင့်ဆီမှာ ဆက်မနေနိုင်တော့တာကို နားလည်ပေးပါ လူကြီးတွေနောက်ကို မေပြန်လိုက်သွားပါပြီ´´
Aww မေရယ် ဆိုပြီး မျက်ဝန်းအိမ်မှာ မျက်ရည်တွေ ဝဲလာတယ် 😢
ရက်စက်လိုက် မေရယ် ဆိုပြီး ရင်တွေ အရမ်းနာကျင်လာကာ နောက်ဆုံးတော့ ရင်ကွဲမထွက် ခံစားရပြီး သေဆုံးသွားခဲ့လေသည်-----
သူ မသေခင်လေးမှာ စာလေး တစ်စောင်ရေးပြီး အိမ်ဘေးနား လူတစ်ယောက်ကို မေ့ကို ပေးပေးပါ ဆိုပြီး ပေးခဲ့တယ်-----
မေ့ကတော့ အိမ်က ပေးစားတဲ့ သူဌေးသားနဲ့ မနက်ဖြန် လက်ထပ်တော့မှာပေါ့.......
ဒီလိုနဲ့ မနက်ဖြန်ကို ရောက်သွားခဲ့တယ်
မင်္ဂလာဆောင်မှာ မေက အရမ်းကို လှပနေတာပေါ့-----
မေ့ဘေးနားကို လူတစ်ယောက်မသိမသာလေး ရောက်သွားခဲ့တယ်
ရော့... မေ.. မေ့ကို လူတစ်ယောက်ပေးခိုင်းလိုက်တာ ဆိုပြီး ထွက်ခွာသွားခဲ့တယ်-----
စာရွက်လေးကို ဖွင့်ကြည့်လိုက်တယ်-----
မောင့်ဘဝက အစကတည်းက ကောင်းကင်မှာ ကြယ်မစုံခဲ့ပါဘူး… ဒီလိုဘဝထဲကို မေက ကြယ်တစ်လုံးအဖြစ် ဝင်ရောက်လာတယ်-----
မောင့်ဘဝအတွက် အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်ခဲ့တယ်----- တစ်လှမ်း....... နှစ်လှမ်း...... တဖြည်းဖြည်းနဲ့ မေရဲ့ခြေလှမ်းတွေ မောင့်ရဲ့  အဝေးဆုံးကို ထွက်သွားခဲ့တယ်-----
ထွက်ခွာသွားတဲ့ မေ့ရဲ့ကျောပြင်ကို ကြည့်ပြီး မျက်ရည်တွေက မိုးလိုရွာတယ်... အပြောင်းအလဲများတဲ့ လောကကြီးမှာမောင်ဘာကို တိုင်တည်ပြီးငိုရမှာလဲ.....
မောင် ဆုတောင်း ပေးလိုက်ပါတယ် မေ့ဘဝလေး သာယာချမ်းမြေ့ ပါစေ........
မေဟာ စာကိုဖတ်ပြီး လက်တွေ တုန်တုန်ရီရီဖြစ်လာတယ်
နောက်ပြီး မျက်ရည်စတွေ သန်းလာတယ်----- 😢
နောက်တော့ သူကိုသူ ယူကြုံးမရအောင်ခံစားခဲ့ရလေသည်။
မေဟာ စည်သူ သေဆုံးသွားမှန်း မသိခဲ့ပါ...............
🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷
တကယ်တော့အချစ်ဆိုတာ
၁။ ကိုးကွယ်ဖို့ မလိုဘူး ဆိုပေမယ့်.... ယုံကြည်ဖို့တော့ လိုအပ်တယ်.....
၂။ သူသင့်ကို ချစ်မိပြီ ဆိုတာနဲ့ သင်ဟာ....... အများအမြင်မှာ ဘယ်လိုလူစားပဲ ဖြစ်နေဖြစ်နေ... သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ပန်းတစ်ပွင့်ပါ......
၃။ ပကာသနရှိတဲ့ ပြည့်စုံမှုထက် ယုံကြည်မှု နားလည်မှု ပေးစွမ်းနိုင်တဲ့ အချစ်ကမှ ပိုပြီး ပြည့်စုံတဲ့အချစ် တစ်ခုပါ
ဆက်လက်ကြိုးစားသွားပါမည်။
စာရေးသူ-Win Phyoe Naing
Post a Comment