👧 အမှန်တကယ် ချစ်တတ်ပါစေ ညီမလေးရေ 💌
💓💓💓💓💓💓💓💓👧
❀ ပါးစပ်ကနေ ချစ်တယ်လို့ တဖွဖွပြောပြီး ဖောက်ပြားတတ်သူကို တနေ့ ပြောင်းလဲလာလိမ့်မယ် ဆိုတဲ့ အတွေးနဲ့ မစောင့်စားလိုက်ပါနဲ့… မင်းပဲ ပင်ပန်းပြီး အချိန်တွေသာ ကုန်သွားလိမ့်မယ်…
❀ လူကြားသူကြားထဲမှာ အနိုင်ယူတတ်သူမျိုး ကိုယ့်မာနကို ခဏခဏ ခလုတ်တိုက်တတ်သူကို ချစ်လွန်းလို့ အကြိမ်ကြိမ် သည်းခံမနေနဲ့… တကယ်သာ တန်ဖိုးထားရင် အပြန်အလှန် သိက္ခာတရားတွေ ငဲ့ညှာပေးခဲ့မှာပေါ့…
❀ သစ္စာဖောက်ပြီးမှ "ကို မောင် ကိုကို့" ကို ခွင့်လွှတ်ပါကွာ ဆိုတဲ့ နှုတ်ဖျားကလာတဲ့ ချိုမြမြ စကားတွေကြားမှာ မနှစ်မြှုပ်လိုက်နဲ့… လူကောင်း သူကောင်းတွေက မလုပ်ခင်က စဉ်းစားတတ်ပြီး မှားပြီးမှ လွယ်လွယ် တောင်းပန်မယ် ဆိုတဲ့ အတွေးတစက်မှ မရှိကြဘူး…
❀ ထိုက်ထိုက် တန်တန် ဘဝကို အချစ် တခုထဲနဲ့တော့ လွယ်ကူစွာ မပုံအောလိုက်ပါနဲ့… အလကား မိန်းမပါ ဆိုတဲ့ တံဆိပ်တခုသာ ကျန်ခဲ့ပြီး ချစ်တာတွေက သူ့အလိုလို မြောင်းထဲမှာ အထီးကျန်စွာ စွန့်ပစ်ခံရလိမ့်မယ်…
❀ ချစ်တယ်ဆိုတဲ့ အတွေးနယ်ချဲ့ပြီး ဘဝအတွက် ရေရေရာရာ မဆုံးဖြတ်နိုင်တဲ့ ကိုယ့်ဘဝလုံခြုံမှု မပေးနိုင်သူမျိုးကို မဖက်တွယ်လိုက်ပါနဲ့… တကယ်တမ်း လက်တွေ့ကျကျ ဘဝကို ရင်ဆိုင်ပြီဆို အချိန်အခါမဲ့ နောင်တတွေက မင်းကို ရင်နင့်စွာ ခံစားရစေလိမ့်မယ်…
❀ ရည်မှန်းချက်တွေ ချိုးနှိမ်ပြီး မောင်ခေါ်ရာ လိုက်ပါရစေတော့ မလုပ်လိုက်ပါနဲ့… အချိန်ကြာလာတာနဲ့အမျှ ခပ်ညံ့ညံ့ မိန်းမပါကွာ ဆိုတဲ့ စကားတခွန်းနဲ့ ချစ်တာတွေကို ခပ်မှိန်မှိန် အရောင်တွေသာ ဆိုးပေးလိမ့်မယ်…
❀ တခါတလေတော့လဲ အချစ်က ဘဝမဟုတ်သလို ချစ်ပြီး တန်ဖိုးမဲ့ခဲ့ရင် အလကားပါနော်… ကိုယ့်ကို တကယ် နှစ်နှစ်ကာကာ ချစ်ပြီး အရာရာကို ဦးဆောင်နိုင်တဲ့ လူမျိုး… ကိုယ့်ကို နားလည်ပေးပြီး ဘဝကို လမ်းညွှန်ပေးနိုင်မယ့် သူမျိုး ကိုသာ ရွေးချယ်ပီး အမှန်တကယ် ချစ်တတ်ပါစေ ညီမလေးရေ…👧
credit
Post a Comment