Header Ads

✿ နောက်ဆုံးတော့ ကျွန်တော် con နိုင်ခဲ့ပြီ 😢


💓💓💓💓💓💓💓💓
ရှိသမျှ ချစ်ခြင်းမေတ္တာတွေ အကုန်ပုံအောပြီး မျော်လင့်ချက်လေး ခပ်သဲ့သဲ့လေးနဲ့ ချစ်နေရတဲ့ အချစ်မျိုးကို တစ်ဖက်သတ် အချစ် လို့ ခေါ်တယ် ။

ဟုတ်ကဲ့ ကျွန်တော် လက်ခံတယ် ။ အဲ့ဒီ အချစ်မျိုး က သူ့ ဘက်က အပေးသက်သက်။ သူချစ်တဲ့သူ အဆင်ပြေ ပျော်ရွှင်နေဖို့ က သာအဓိက ။

ဒါပေမဲ့ တစ်ချို့ ချစ်ခြင်းတွေက ကိုယ်ဘယ်လောက်ပဲ ရူးရူး မိုက်မိုက် ချစ်နေပါစေ ။ ချစ်မိတဲ့ ကိုယ့်မှာပဲ တစ်ဆစ်ဆစ် နာကျင်လျက်။ ကမ္ဘာပေါ်မှာ အခက်ခဲဆုံး အပင်ပန်းဆုံး အလုပ်ကို ပြောပြပါဆိုရင် ကိုယ့်ကို ပြန်မချစ်နိုင်တဲ့သူကိုမှ တစ်ဖက်သတ် တွယ်ကပ်ပြီးချစ်နေရတဲ့ အလုပ်ဆိုရင် မမှား ။

တစ်ကယ်တော့ ကျွန်တော်သည် အခက်အခဲ အပင်ပန်းဆုံး အလုပ်ကို လုပ်ကိုင်နေမိခဲ့တဲ့သူ တစ်ယောက်ရယ်ပါ ။

*************
(၂)

တစ်ချို့ ချစ်ခြင်းသည် ကျွန်တော် မရည်ရွယ် ပဲနဲ့ကို သူ့အလိုလို ဖြစ်လာတတ်ခဲ့တာ ။

သူကရော . . . .။
ဟုတ်ကဲ့  . .
သူက ကျွန်တော် မရည်ရွယ်ပါပဲနဲ့ကို ချစ်မိလာခဲ့တဲ့ ကောင်မလေးတစ်ယောက်ပါ။

တစ်မေဂျာ ထဲဆိုတော့ သူ့ မျက်နှာလေးကို အမြဲတွေ့နေရရုံနဲ့တင် ကျွန်တော် ပျော်နေခဲ့တာ။ သူရဲ့ facebook အကောင့်လေးက ကျွန်တော့်ရဲ့ see first ဖြစ်ရုံ မကဘူး ကျွန်တော်ရဲ့ close friend က သူ တစ်ဦးတည်း။


ကျွန်တော် ကျိန်ဆို ကျိန်ရဲပါသည် ။ ကျွန်တော်သာ သူ့ကို အရင်ဆုံးချစ်ခဲ့ပြီး ကျွန်တော့်ထက် ဘယ်သူမှ သူ့ ကို ပိုပြီး မချစ်နိုင်ခဲ့ဖူးဆိုတာ ။

ဒါပေမဲ့ . . .
သူကတော့ ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာ များကို မမြင်ချင်ယောင် ဆောင်ခဲ့ပါသည် ။

ကျွန်တော် နားလည်ပေးနိုင်ပါတယ် ။ ကျွန်တော် က သူ့ အတွက် လိုသုံး ဖြစ်နေရလည်း ကျေနပ်နေမိတဲ့ ကောင် ။ သူကလည်း ကျွန်တော့်ကို လိုရာခိုင်းဖို့ ခိုင်းဖက်အဖြစ် သူ့ဘေးနားမှာ ရှိစေခဲ့တာ ။


ရတယ် ။ သူ ပျော်ရွှင်စေဖို့ ကျွန်တော် ဘာတွေ ဖြည့်ဆည်းရ ဖြည့်ဆည်းရပါ။

ကံတရားသည် ကျွန်တော့်ဘက်မှ ဘယ်တော့မှ မရှိခဲ့ပါ။ သူ့မှာ သူ့ရဲ့ crush က ရှိနေခဲ့ပြီးသားလေ။ သူက သူ့ crush ကို သိပ်ချစ်တယ်ဗျ ။ ပြီးတော့ သူ့ crush က လည်း သူ့ကို ကြိုက်သလိုလို ဘာလိုလို အနေအထားမှာ။

နောက်ဆုံး facebook မှာ relationship မတင်သော်လည်း သူတို့တွေ ချစ်သူတွေ ဖြစ်သွားခဲ့ပြီ  ။

ကိုယ့်ကို ဘယ်တော့မှ မချစ်နိုင်တဲ့သူကိုမှ ကျွန်တော် အရမ်းချစ်ခဲ့မိတယ်။ သူ့အကြောင်းတွေးလိုက်တိုင်း ယောကျာင်္းတန်မဲ့ မျက်ရည်တွေ ဝဲဝဲ လာတယ် ။ သူ့ရဲ့ ပုံလေးတွေ gallery ထဲက ထုတ်ကြည့်တိုင်း သူ့မှာ ဆိုင်သူ ရှိနေပြီဆို့တဲ့ ခံစားချက်ကြီးက ရင်ဘတ်ကို အောင့်အောင် လာစေတယ်။

'' ဟူး . . . .''

ကျွန်တော့်ရဲ့ သက်ပြင်းတွေက အခါခါ ။ သူတို့ ချစ်သူ နှစ်ယောက် relationship ကို တရားဝင် တင်လိုက်ပြီ။ ကျွန်တော့်ရဲ့ newfeeds ထိပ်တည့်တည့်မှာ တက်လာပြီး ကျွန်တော့်ရဲ့ ရင်ဘတ်ထဲ အူတွေ ၊ အသည်းတွေထဲ မွှချေ ဖျက်ဆီး ခြင်း ခံလိုက်ရပြီ။

'' တောက် . . . ''


ဒေါသတွေသာ အလိမ့်လိမ့်။ အဲ့ဒီ့ ဒေါသက ဘယ်သူ့ကို ထွက်နေမှန်းလည်း မသိ ။ သေချာတာ တစ်ခုကတော့ in  a  realtionship  with . . . ဆိုတဲ့ အဲ့ဒီ စာကြောင်းကြီးကို ကျွန်တော် သိပ်မုန်းတယ် ။

သူငယ်ချင်းတွေက ကျွန်တော့်ကို စိတ်မကောင်း ဖြစ်စွာနဲ့ ကြည့်တယ် ။ ကျွန်တော့်ရဲ့ အဆိပ်သင့် ခံစားချက်တွေကို သူတို့ပဲ  သိတယ် ။ ပြီးတော့ သူတို့ပဲ နားလည်ပေးနိုင်တယ်လေ ။

ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ခွင့် ရဖို့ လူတိုင်းမှာ အခွင့်အရေး ရှိတယ် လို့ ကျွန်တော် မြင်တယ် ။ အရမ်းချစ်မိလို့ သူ့ကို ပိုင်ဆိုင်ချင်မိတဲ့ စိတ်ကို လောဘ လို အမည်တပ်ခွင့် ရှိသလား ။

'' သူငယ်ချင်း . . .  မင်း သူ့ကို မေ့ပစ်ဖို့ သင့်ပြီနော် ။သူ့မှာ သူ့ ချစ်သူ ရှိနေပြီ ။ နောက်ပြီး မင်း သူ့  အပေါ် မျှော်လင့်ချက်ကြီး အဲ့ဒီလောက် မထားသင့်တော့ဘူး ''


ကျွန်တော့် သူငယ်ချင်းတွေရဲ့ စကား။ ကျွန်တော် ဒီ ရလာဒ်ကြီး ကို လက်မခံချင်သေး။

'' ငါ . .  ငါ လေ . . အခုထိ မျှော်လင့်ချက်လေး နည်းနည်း ကျန်နေတုန်းပဲကွာ . . . သူ ငါ့ကို ပြန်. . ချစ် . . ချစ် ''

သူတို့ စိတ်မကောင်းစွာနဲ့ပဲ ခေါင်းခါကြသည်။

'' မဟုတ်သေးဘူး . . သူငယ်ချင်း .။ မင်း အချစ်ကို သူ မလိုအပ်ဘူးကွ။ အေး .ဒီလို အချစ်မျိုးဆိုတာကလည်း မင်း ဘယ်လောက်ထိ သူ့ကို ချစ်နေကြောင်း သက်သေ ပြနေ ပြနေ သက်သေပြတဲ့ မင်းပဲ ထိခိုက်လေလေပဲ ကွ ''

ကျွန်တော် ခေါင်း ခါရမ်းမိတယ် ။ ချစ်သူ ရှိတဲ့သူကို ချစ်မိတာ အပြစ်ဖြစ်ရော့လား ။ အဲ့ဒီ သူ့ ချစ်သူ သူ့ကို မချစ်ခင်ကတည်းက လည်း ကျွန်တော် က ချစ်လာခဲ့တဲ့ကောင်လေဗျာ။

ကျွန်တော့် သူငယ်ချင်းတွေရဲ့ စေတနာကို ကျွန်တော် နားလည်တယ် ။ သူ ကျွန်တော့်ကို ဒီ့ထက်ပိုပြီး မခံစားစေချင်တော့ဘူး။

ဒါပေမဲ့ဗျာ ပွဲကစားခွင့် မရတဲ့ အရံလူတစ်ယောက်ရဲ့ ခံစားချက်ကို အရံလူ အချင်းချင်းပဲ နားလည်မယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော့် ခံစားချက်ကို သူတို့ နားမလည်ခဲ့

'' မင်းတို့ ငါ့ကို နားမလည်သေးပါဘူးကွာ ''


'' မဟုတ်ဘူး . . . ငါတို့က မင်းကို အပြည့်အဝ နားလည် လို့ ပြောပြနေတာ။ မချစ်သင့်တဲ့ နှလုံးသားတစ်စုံ ကို မင်းချစ်မိရင် မင်းပဲ နာကျင်ရမယ် ။ အခုတောင် ကြည့်ကွာ . .  မင်းကသာ အမြဲတမ်း သူ့ အတွက် ခံစားနေရတာ။ သူကတော့ မင်း ကို ရှိတယ်လို့တောင် ထင်တာ မဟုတ်ဘူးလေ။ ''

ဒီစကားကတော့ ကျွန်တော့် ရင်ကို ဒဲ့ထိ၏။

'' ဒါပေမဲ့ ကွာ . . . ငါ. . ငါ . .  သူ့ရည်းစား ကို ''

'' ဘာလဲ. . . ကြာကူလီ စနှိုက်ကြော်လို့ အခေါ်ခံချင်နေတာလား ''

'' ဟင် ''

သူတို့ စကားက ကျွန်တော့်နှလုံးသားကို ဖနောက်နဲ့ တက်ပေါက်လိုက်သလို ။

'' သူ့ ချစ်သူ နေရာမှာ မင်း ဆိုရင် ဆိုတဲ့ ကိုယ်ချင်းစာ တရားလေး ထားကြည့်လိုက်ပါ ''

ကျွန်တော့် သူငယ်ချင်းတွေက ကျွန်တော့်ကို ဒီစကားကို ထပ်ပြောပြီး တိတ်တဆိတ်ထွက်ခွာသွားကုန်တယ်။

ကျွန်တော် ဒီနေ့က စပြီး သူ့ပုံတွေကို love react မပေးတော့ဘူး။ ကျွန်တော် ပေးတဲ အဲ့ဒီ love react တွေက သူ့ အတွက် ဘောင်မဝင် ။ အဲ့ဒီ ကျွန်တေိာ့ရဲ့ love react တွေက သူတို့ ချစ်သူတွေ ကြားမှာ ကျည်ဆံ သဖွယ် ဖြစ်လာနိုင်ပြီ ။


သူ့ ဆီ message တွေ မပို့တော့ဘူး။ သူတို့ ချစ်သူ နှစ်ယောက် အတွက် ကျွန်တော့် message တွေက ဖောက်ခွဲရေး မိုင်းတွေ ဖြစ်လာနိုင်တယ် ။

ပြီးတော့ သတိရတိုင်း ဖုန်းတွေဆက်ဖို့ မကြိုးစားတော့ဘူး။ သူ့ရဲ့ cb ဆိုတာ ကျွန်တော် ခြေဦးတောင် မလှည့်သင့်တဲ့နေရာ။

အကယ်၍  သူ့ ချစ်သူသာ  ကျွန်တော် သူ့အပေါ် ဒီလိုတွေ  လုပ်ပေးနေတာ  သိသွားရင် သူတို့ရဲ့ သာယာပျော်ရွှင်ဖွယ်  RS ဘဝလေး ပျက်သွားနိုင် တယ်။ ကျွန်တော်  အဲ့လို မဖြစ်စေချင် ။ ကျွန်တော်  မစားရတဲ့ အမဲ  သဲနဲ့  ဘယ်တော့မှ မပတ် ။

သူ့ကို အဝေးကပဲ ချစ်လိုက်တာ အကောင်းဆုံးဖြစ်မှာပါ။ အဲ့ဒီ့ အချစ်မျိုးကို နှလုံးသားထဲကပဲ ခိုးချစ်နေတာပဲ ကျွန်တော့် အတွက် အဆင်ပြေနေလိမ့်မယ်။

ကျွန်တော့်ရဲ့ အချစ်တွေ သူ မလိုပါ။ သူ့ကို ပေးမဲ့သူ ရှိပြီးသား။

ချက်ချင်းဆိုသလိုပါပဲ ။ ကျွန်တော့်ရဲ့ newfeeds  က သူတို့ရဲ့ realtionship လေးကို ကျွန်တော် ကြည့်လိုက်တယ် ။

luv react  ခလုတ်လေးကို ကျွန်တော်ဖိထားရင်း ပေးလိုက်တယ် ။ ရင်ထဲမှာတော့ ဆစ်ကနဲ ။ ပြီးတာနဲ့ comment ကနေ -

'' con   con  ပါ ''

နောက်ဆုံးတော့ သူတို့ ချစ်သူနှစ်ဦးကို ကျွန်တော် နာကျင်မှု တစ်ချို့နဲ့ con နိုင်ခဲ့ပါပြီ ။

ပျော်ရွှင်နိုင်ပါစေ။


®ခဲတံ®

No comments

Powered by Blogger.