Header Ads

👧 ချစ်သူဆီက မိန်းကလေးတွေ လိုချင်တဲ့ Romantic treatment လေးများ 💘


💓💓💓💓💓💓💓💓💑
ကိုယ် စိတ်တိုနေတဲ့အချိန် သူ့ရဲ့လက်မောင်းကို ကိုက်ခွင့်ရချင်တာ။

ကိုယ် ပြောချင်ရာပြောတဲ့ စကားတွေကို တအင်းအင်းနဲ့ လိုက်နားထောင်ပေးတာ။

ကိုယ်သောက်မဲ့ ကော်ဖီကို သူကိုယ်တိုင် ဖျော်/ စပ်ပေးတာ။

သူဘယ်ကို ရောက်နေတယ်၊ ဘာတွေ လုပ်နေတယ်ဆိုတာ လှမ်းအသိပေးတတ်တာ။

ကိုယ့်ရဲ့ ကြည့်မှန်တချပ်အဖြစ် အမြဲတစေ မျက်နှာသွင်ပြင်ကို ကြည့်ပေးတတ်တာ။

ကိုယ့်ရဲ့ လက်တဖက်ကို ဆုပ်ကိုင်ထားရင်း ကိုယ့်ရဲ့ ဝေယျာဝစ္စ အ၀၀ နဲ့ အထုပ်အပိုးတွေကို သယ်ဆောင်ပေးတာ။

လမ်းဖြတ်ကူးတဲ့အခါ လူကြီးတစ်ယာက်က ကလေးတစ်ယောက်ကို ပူပန်ပေးမှုမျိုးနဲ့ ကိုယ့်ပုခုံးလေးကို ဖက်တွယ် ထားတတ်တာ။

ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ ရှောင်ကြဉ်ဖို့ အချက်အလက်တွေကို အသေးအမွှားလေးက အစ လိုက်လံ မှတ်ထားတတ်ပြီး သတိပေးတတ်တာ။

ကိုယ့်မွေးနေ့၊ ချစ်သူဖြစ်တဲ့နေ့ အမှတ်တရ ရက်စွဲတွေကို သတိပေးစရာမလိုပဲ အလိုအလျောက် အသိအမှတ်ပြုဖို့ မမေ့လျော့တတ်တာ။

သူ့ဖုန်းရဲ့ home screen မှာ ကိုယ့်ပုံလေးတွေ တင်ထားတာ။ နောက် ကိုယ်နဲ့ပတ်သက်တဲ့ Ringtone သီးသန့်ထားတာ။

ဆိုက်ရောက်ရာ အရပ်တိုင်းမှာ သူ့ဘေးနားမှာ နေစေဖို့ နေရာပေးတဲ့အခါ ခုံမှာ ပေရေနေလားဆိုတာ ရှိမရှိ စစ်ဆေးပေးတတ်တာ။

ကိုယ့်ရဲ့ ကိုယ်ခန္ဓာ အချိုးအဆစ်နဲ့ ကိုက်ညီတဲ့ ၀တ်စားဆင်ယင်မှု ပုံစံမျိုးကို အကြံပေးတတ်တာ။

ကိုယ်ပျော်ရွှင်နေချိန်မှာ ကိုယ့်ထက် နှစ်ဆပျော်လို့၊ ကိုယ်ဝမ်းနည်း ကြေကွဲချိန်မှာ မားမားမတ်မတ် ရပ်တည်ပေးပီး နှစ်သိမ့်အားပေးနိုင်တာ။

မိန်းကလေးတွေဆိုတာ ချစ်တဲ့စိတ်တစ်ခု ပူးကပ်ခြင်း ခံလိုက်ရတဲ့အခါ သူမတူတဲ့ သတ္တိတွေ အလိုလို ပေါက်ဖွားလာတတ်ကြပေမဲ့ ကိုယ့်ချစ်သူရဲ့ အယုအယ အနွံအတာလေးတွေကို ခံယူချင်ကြတဲ့ ထိခိုက်လွယ်သော ပန်းပွင့်လေးတွေပဲ ဖြစ်ပါတော့တယ်။

ချစ်သူတိုင်း အပေးအယူမျှသော ချစ်ခြင်းများဖြင့် ဘ၀တစ်သက်တာ ပျော်ရွှင်နိုင်ကြပါစေ။
💓💓💓💓💓💓💓💓💑

credit - ThuraAung (NayPyauk)

No comments

Powered by Blogger.