💑 ကောင်းမွန်ပြည့်စုံတဲ့ Relationship တစ်ခုဖြစ်ဖို့ လိုအပ်သောအချက်များ 💘
💓💓💓💓💓💓💓💓💑
ချစ်သူသက်တမ်း ကြာလာတာနဲ့အမျှ သမီးရည်းစားစုံတွဲတွေ တစ်ဦးနဲ့ တစ်ဦးကြားမှာ အပြန်အလှန် ချစ်မြတ်နိုးတာလေး တစ်ခုနဲ့တင် မလုံလောက်တော့ပါဘူး။ ချစ်ခြင်းမေတ္တာတရားဟာ နှစ်ဦးကြားမှာ အင်မတန်မှ လိုအပ်လှတယ် ဆိုပေမယ့်လည်း ရေရှည်လက်တွဲမယ့် Relationship တစ်ခုမှာတော့ အခြားအရာ တွေကိုပါ ထပ်မံလိုအပ်လို့ လာပါပြီ ။ ဘယ်အရာတွေလည်း ဆိုတာကိုတော့ အောက်မှာ ကြည့်လိုက်ကြရအောင် ။
💘 အပြန်အလှန် လေးစားမှု
ချစ်သူ သမီးရည်းစား ဖြစ်သွားရုံနဲ့ ဘယ်သူက ဘယ်သူ့ကို အမြဲတမ်း အလျော့ပေး နေရမယ်လို့ တရားသေ သတ်မှတ်ထားလို့မရပါဘူး။ တစ်ဦးရဲ့ ပြသနာကို တစ်ဦးက နားလည်မှု ရှိစွာနဲ့ ကြိုးစားညှိယူရင်း အပြန်အလှန် လေးစားမှုလည်း ထားဖို့ လိုအပ်ပါတယ်နော်။
💘 ကိုယ်ပိုင်အချိန်
မြန်မာနိုင်ငံက ချစ်သူစုံတွဲ တော်တော်များများဟာ တစ်ဦးနဲ့တစ်ဦး သီးသန့် Privacy တွေ၊ ကိုယ်ပိုင် အချိန်တွေ ပေးတာမျိုး နည်းပါးလှပါတယ်။ တစ်ဦးရဲ့ ဘ၀ထဲကို တစ်ဦးက လုံးလုံးလျားလျား ၀င်ရောက် စွတ်ဖက်လိုကြပြီး တားမြစ် ပိတ်ပင်တာမျိုးတွေ ထိကိုပါ လုပ်ဆောင်တတ်ကြပါတယ် ။ တကယ်တမ်းဆိုရင်တော့ ချစ်သူစုံတွဲမကလို့ အိမ်ထောင်ကျသွားသည်ထိတောင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကိုယ်ပိုင် အချိန် လေးတွေ ထားပေးဖို့ အထူးလိုအပ်ပါတယ်။
💘 ရိုးသားမှု
အချိန်ကြာလာတဲ့ Relationship တစ်ခုမှာ တစ်ဦးနဲ့ တစ်ဦး သစ္စာရှိရှိနဲ့ အပြန်အလှန် ရိုးသားကြဖို့လည်း အရမ်းကို လိုအပ်ပါတယ်။ကိုယ့်ရဲ့ ကိုယ်ကျင့်တရားသိက္ခာကို ကိုယ်တိုင်သာ စောင့်ထိန်းရင်း ကိုယ့် ပါတနာအပေါ်မှာလည်း ကိုယ်ချင်းစာတရားကို ရှေ့ထားပြီး ထည့်သွင်း စဉ်းစားပေးတတ်ရပါမယ်။
💘 ရင့်ကျက်မှု
တစ်ဦးနဲ့ တစ်ဦး ဘ၀တစ်လျှောက်လုံး အတူ လက်တွဲတော့မယ် လို့ စဉ်းစားထားပြီ ဆိုရင်တော့ ဘယ်ပြသနာကိုမဆို တည်တည်ငြိမ်ငြိမ်နဲ့ ရင့်ကျက်စွာ ဖြေရှင်းတတ်ဖို့ လိုအပ်ပါတယ်။ ရေရှည်အတွက် စီမံကိန်းတွေ၊ မျှော်လင့်ချက် အိမ်မက်တွေကို နှစ်ယောက်အတူ စိတ်ကူးပုံဖော်ရင်း ကလေးဆန်ဆန် အတွေးတွေကို လျှော့နိုင်သမျှလျှော့ဖို့ အချိန်တန်ပါပြီ။
ဒီစာလေးကို ကြိုက်နှစ်သက်ခဲ့တယ် ဆိုရင် Like & Share လုပ်ခဲ့ဖို့ မမေ့နဲ့ပါနဲ့နော်...
credit to upup
Post a Comment