Header Ads

💖 Nurse တစ်ယောက်ရဲ့ အချစ် 💖


💓💓💓💓💓💓💓💓
ယောက္ခမ ချစ်သော သမီးလေးဖြစ်ဖို့
(Nursing အားလုံးအတွက် ရည်ရွယ်ပါသည်)

သို့
    ချစ်လှစွာသော ဦးနဲ့အန်တီ💖
   
သူနဲ့သမီး မင်္ဂလာဆောင်ပြီးရင် ☺

😌 Nursing တစ်ယောက် ဆိုပေမယ့် စားဖိုမှုး လက်ရာလောက် မဟုတ်ရင်တောင် သူ စားကောင်းအောင်တော့ သမီး ချက်တတ်ပါတယ် ☺

💖 အာ့ကြောင့် သမီးလက်ထဲ စိတ်ချလက်ချ ထည့်ပေးလိုက်ပါ ဦးနဲ့အန်တီ 💖

😌 သူ့အဝတ်တွေ ညစ်ပတ်နေမှာလည်း စိတ်မပူပါနဲ့… သူ့အင်္ကျီပေါ်က အစွန်းအထင်းတွေကို ဖယ်ရှားပေးပါ့မယ် ☺

💖 အာ့ကြောင့် သမီးလက်ထဲ စိတ်ချလက်ချ ထည့်ပေးလိုက်ပါ ဦးနဲ့အန်တီ 💖

😌 သူ့ ကျန်းမာရေးအတွက်လည်း စိတ်မပူပါနဲ့နော်… ဆရာဝန် တစ်ယောက် မဟုတ်ပေမယ့် သူ့အနားမှာ အနီးကပ် Special Nurse အဖြစ်နဲ့ သူ့ကိုတော့ သေချာဂရုစိုက် ပေးနိုင်ပါတယ် ☺

💖 အာ့ကြောင့် သမီးလက်ထဲ စိတ်ချလက်ချ ထည့်ပေးလိုက်ပါ ဦးနဲ့အန်တီ 💖

😌 သူပိုက်ဆံ အသုံးကြမ်းမှာလည်း စိတ်မပူပါနဲ့နော်… စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဆိုသလို သမီးဘေးနားကနေ ကြပ်မတ်ပေးပါ့မယ် ☺



💖 အာ့ကြောင့် သမီးလက်ထဲ စိတ်ချလက်ချ  ထည့်ပေးလိုက်ပါနော်    ဦးနဲ့အန်တီ💖

😌 သူဆိုးသွမ်းမှာလည်း စိတ်မပူပါနဲ့နော်… သူ မလိမ်မာရင် ဆေးထိုးသတ်ဖို့လည်း သမီး ဂျင်းထည့်တတ်ပါတယ် ☺


💖 အာ့ကြောင့် သမီးလက်ထဲ စိတ်ချလက်ချ ထည့်ပေးလိုက်ပါနော် ဦးနဲ့အန်တီ💖

😌 သူ ညဘက် အိပ်မပျော်မှာလည်း စိတ်မပူပါနဲ့နော်… သူ့ကို ချော့သိပ်ဖို့ စာတွေ သီချင်းတွေ လေ့လာထားပါတယ်☺

💖 အာ့ကြောင့် သမီးလက်ထဲ စိတ်ချလက်ချ ထည့်ပေးလိုက်ပါ ဦးနဲ့အန်တီ💖


😌 သူရှာထားတာတွေ သမီး ဖြုန်းပစ်မှာလည်း စိတ်မပူပါနဲ့နော်… သမီးအလုပ်လုပ်ပြီး ပိုက်ဆံ တူတူရှာ တူတူစု ကြမှာပါ☺

💖 အာ့ကြောင့် သမီးလက်ထဲ စိတ်ချလက်ချ ထည့်ပေးလိုက်ပါနော် ဦးနဲ့အန်တီ💖

အန်တီတို့ ဦးတို့ သားငယ်လေး မေတ္တာငတ်နေမှာလည်း မပူပါနဲ့နော်😌 သမီး ၅၂၈ + ၁၅၀၀ မေတ္တာတွေနဲ့ ချစ်ပေး ဂရုစိုက်ပေးမှာပါ

💖 အာ့ကြောင့် သမီးလက်ထဲ စိတ်ချလက်ချ ထည့်ပေးလိုက်ပါနော် ဦးနဲ့အန်တီ💖

ဖေဖေနဲ့မေမေရဲ့ အဖိုးတန်သားလေးကို ပေးလိုက်ရလို့ စိတ်မကောင်း မဖြစ်ပါနဲ့နော် 😌

သမီး တစ်ချိန်ကျရင် အန်တီတို့ အပျင်းပြေရအောင် ချစ်ဖို့ကောင်းတဲ့ မြေးလေးတွေ လက်ဆောင် ပြန်ပေးပါ့မယ်☺

💖 အာ့ကြောင့် သမီးလက်ထဲ စိတ်ချလက်ချ ထည့်ပေးလိုက်ပါဦးနဲ့ အန်တီ💖
             
😌ချစ်ခြင်းများစွာဖြင့်  အနာဂတ် ချွေးမလောင်းလေး✌😁

Thura Tunzaw

No comments

Powered by Blogger.