💑 အသက်အရွယ်အလိုက် အချစ်အပေါ်ခံယူချက်
💓💓💓💓💓💓💓💓💑
💖 အသက် ၁၇ ၁၈ အရွယ်လောက်မှာ ကိုယ်သတ်မှတ်ထားတဲ့အချစ်က ပေးဆပ်ခြင်းပဲ။ ကိုယ့်ချစ်သူကို စိတ်ချမ်းသာအောင် ထားချင်တယ်။ သူပျော်နေတာ မြင်ချင်တယ်။ သူလိုအပ်တာ ဖြည့်ဆည်း ပေးချင်တယ်...💖
💖 အသက် ၂၀ ဝန်းကျင် ရောက်လာတော့ ကိုယ်နည်းနည်း အတ္တကြီးတတ်လာပြီ။ အချစ်နဲ့ ပတ်သတ်ရင် ထပ်ပြီး မပေးဆပ် ချင်တော့ဘူး။ ကိုယ့်ကို ပျော်ရွှင်အောင် ထားစေချင်တယ်။ စိတ်ညစ်အောင် လာလုပ်ရင် မကြိုက်တော့ဘူး။ တကယ်ချစ်ရင် ကိုယ့်ကိုပျော်အောင် ထားရမယ်လို့ စိတ်ထဲမှာ စွဲမှတ်တတ်လာတယ်...💖
💖 နည်းနည်းပိုပြီး ရင့်ကျက် လာတဲ့အခါ... အချစ်ဆိုတာ ပေးဆပ်ခြင်းလည်း မဟုတ်ဘူး။ ရယူလိုစိတ်လည်း အားမကြီးတော့ဘူး မပိုင်ဆိုင်ရတာတွေများတော့ ဆုံးရှုံးရမှာလည်း မတုန်လှုပ်တော့ဘူး။ အချစ်ဆိုတာ ကိုယ့်ရင်ဘတ်ထဲမှာ ရှိနေတယ်ဆိုတဲ့ အသိတခုနဲ့တင် ပြည့်စုံနေတယ်ဆိုပြီး ကျေနပ်တတ်လာတယ် 💖
Love just exists 💙
Crd to Sa Ku Ra (OP)

Post a Comment