💖 အိုသွေး ပိုင်ရှင်လေးတွေ ဒါတွေကို ရှောင်ပါ
★ ★ ★ ★ ★ ★ ★ ★ ★
အိုသွေးဟာ အသက်ကယ်သွေး လို့တောင် တင်စားရလောက်အောင် လူအများရဲ့ အသက်ကို ကယ်တင်နိုင်သော သွေးအမျိုးအစား ဖြစ်ပါတယ်။ အိုသွေး ပိုင်ရှင်များဟာ ဗေဒင်ပညာအရ လှိုက်လှိုက် လှဲလှဲရှိခြင်း၊ ဖော်ရွေခြင်း၊ ပွင့်လင်းခြင်း၊ စိတ်သဘောထား ကောင်းခြင်း၊ သစ္စာရှိခြင်းနှင့် တာဝန်ယူစိတ်ရှိခြင်း တို့အပြင် အပေါင်းအသင်း မိတ်ဆွေ ပေါများ ပါတယ်။
သို့သော်လည်း အိုသွေး ပိုင်ရှင်များဟာ မွေးကတည်းက ချူချာလွယ်တဲ့ သွေးအမျိုးအစား ပိုင်ရှင်များ ဖြစ်တယ်ဆိုရင် သင်အံ့သြသွားမလား။
ဟုတ်ပါတယ်။ Food Sand Healthy Life သုတေသန အစီရင်ခံစာအရ အဆိုပါ သွေးအမျိုးအစားမှာ မွေးစကတည်းမှ ခန္ဓာကိုယ် ဟော်မုန်း အပြောင်းအလဲ မြန်ဆန်သော သွေးအမျိုးအစား ဖြစ်တာကြောင့် Hypothyroidism ၊ အစာအိမ် ပြည်တည်နာနှင့် အိုင်အိုဒင်း ချို့တဲ့ရောဂါ အစရှိတာတို့ အဖြစ် များပါတယ်။
ထို့အတူ အိုသွေး ပိုင်ရှင်များဟာ အစာအိမ် အချဉ်ပေါက်ခြင်းနှင့် ကျောက်ကပ် ကစဥ့်ကလျား ဖြစ်လွယ်သော သွေးအမျိုးအစား ပိုင်ရှင်လည်း ဖြစ်ကြပါတယ်။ အိုသွေး ပိုင်ရှင်များကို ကဖိန်းဓာတ်နဲ့ အယ်လ်ကိုဟော တို့က ကျောက်ကပ် ကစဥ့်ကလျား ဖြစ်စေမှုကို အလျင်အမြန် ဖြစ်စေတာကိုလည်း တွေ့ရှိရပါတယ်။
ဒါကြောင့် အိုသွေး ပိုင်ရှင်များဟာ အခြားသော သွေးပိုင်ရှင်များ ထက်စာလျင် အစားအသောက်ကို ပိုမို ဂရုစို်က်ရမည့် သွေးအမျိုးအစား ပိုင်ရှင်များပဲ ဖြစ်ပါတယ်။ ထမင်းကို အချိန်မှန် စားပေးခြင်းဖြင့် အစာအိမ် အချဉ်ပေါက်ခြင်းကို ကာကွယ် ပေးနိုင်တဲ့အပြင် ကဖိန်းနှင့် အယ်လ်ကိုဟော စသည်တို့ သောက်သုံးရာတွင် ဆင်ခြင် ပေးခြင်းဖြင့်လည်း ကျောက်ကပ် ကစဥ့်ကလျား ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
အထက်ပါ အချက်အလက်များကို ဂရုစိုက်ပေးခြင်းဖြင့် အိုသွေး ပိုင်ရှင် ပရိသတ်ကြီးများ ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။
Team (ပစ်တိုင်းထောင်)




Post a Comment