သင့်ရဲ့ ချက်ပုံစံကပြောပြနေတဲ့ သင့်အကြောင်း
သင့်ရဲ့ချက်ပုံစံကို ကြည့်ခြင်းအားဖြင့် သင့်ရဲ့အကြောင်းကို ပြောပြမယ့် အကြောင်းက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မိခင် ဝမ်းဗိုက်က ထွက်လာပြီး အချင်းဖြတ်တောက် လိုက်ကတည်းက မွေးရာပါလာတဲ့ ချက်ပုံစံတွေက လူတစ်ဦး တစ်ယောက်စီမှာ ပုံစံတွေ ကွဲပြားခြားနား ကြပါတယ်။
ဝိုင်းဝန်းတဲ့ ချက်ပုံစံ၊ ကြီးတဲ့ ချက်ပုံစံ၊ အတွင်းထဲ နက်ဝင်တဲ့ ချက်ပုံစံ စသဖြင့်နဲ့ ပုံသဏ္ဍာန်တွေ အမျိုးမျိုး ရှိကြပါတယ်။ အဲ့ဒီ ချက်တွေရဲ့ပုံသဏ္ဍာန်ကို ကြည့်ပြီးတော့ လူတစ်ယောက်ရဲ့ အကြောင်းကို ခန့်မှန်းနိုင်မယ့် အချက်တွေ က သင့်နဲ့ ထပ်တူကြနေတာကို တွေ့ရပါလိမ့်ယ်။ လေ့လာကြည့်မယ်နော်…
လုံးဝန်းတဲ့ ချက်ပုံစံ
လုံးဝန်းတဲ့ချက် ပုံစံရှိတဲ့သူက အကောင်းမြင်တတ်တဲ့ သူတစ်ဦးဖြစ်ပါတယ်။ ကြင်နာတတ်တဲ့ သူတစ်ဦး ဖြစ်ပြီးတော့ ဘဝမှာ အခက်အခဲတွေနဲ့ နာကျင်မှုတွေ ကြုံလာခဲ့ရင်တောင် အပြုံးနဲ့ပဲရင်ဆိုင်တတ် တဲ့သူပါ။
ဆက်ဆံရေးကောင်း မွန်သူတစ်ဦးဖြစ်ကာ အတွေးအခေါ်တွေနဲ့ ခံယူချက်တွေက အများနဲ့ ဆက်ဆံတဲ့နေရာမှာလည်း လိုက် လျောညီထွေဖြစ်တဲ့သူပါတဲ့။ ဘယ်အရာမဆို အကောင်းမြင်တတ်တဲ့ စိတ်ရှိသူဖြစ်လို့လည်း လူအားလုံးနဲ့ ပေါင်းသင်းဆက်ဆံလို့ ရတဲ့သူပါ။
ကြီးမားတဲ့ ချက်ပုံစံ
ချက်အရွယ်အစား ကြီးကြီး ရှိနေတတ်တဲ့သူတွေက သဘောထားကြီးတဲ့သူ၊ စိတ်ဓာတ်အားဖြင့် ကြီး ကျယ်မြင့်မြတ်သူတွေပါ။
ကိုယ့်ကိုနာကျင်အောင်၊ ရှုံးနိမ့်အောင် တိုက်ခိုက်လာသူတွေရှိရင်အောင် ဘယ်တော့မှပြန်ပြီး တုန့်ပြန်တတ်တဲ့သူမဟုတ်ပါဘူးတဲ့။ အတွေးအမြင်ကျယ် ပြောတတ်တဲ့သူဖြစ်လို့လဲ ဘဝမှာ အတွေ့အကြုံကောင်းတွေနဲ့ နေထိုင်တတ်သူပါ။
အတွင်းနက်တဲ့ ချက်ပုံစံ
ဝမ်းဗိုက်အတွင်းထဲကို နက်ဝင်သွားတဲ့ ချက်ပုံစံရှိတဲ့ သူတွေကတော့ အရေးပါ အရာရောက်တဲ့ သူတစ်ဦး ဖြစ်ပါသတဲ့။
လျို့ဝှက်ချက်တွေ များတဲ့သူ၊ သိုသိပ်နေတတ်သူ တစ်ဦးဖြစ်ပြီးတော့ လူတွေက သူ့ကို ခပ်လျိုလျိုသမားတစ်ဦးလို့ ထင်ကြပါတယ်။ သူကိုယ်တိုင်လည်း လျို့ဝှက်တတ်ခြင်းက သူ့အတွက် တကယ့်ကိုကောင်းတဲ့ အကြောင်းပြချက် ကောင်းတွေကြောင့်လည်း ဖြစ်ပါသတဲ့။
အပြင်ဘက်ကို စူထွက်နေတဲ့ ချက်ပုံစံ( ချက်စူ)
ဝမ်းဗိုက်သား အပြင်ဘက်ကို စူထွက်နေတဲ့ ချက်ပုံစံရှိတဲ့ သူတွေကတော့ ကိုယ်ရေးကိုယ်တာနဲ့ ပေါင်း သင်းဆက်ဆံရေး ကောင်းတဲ့သူ ဖြစ်ပါတယ်။
ခေါင်းမာတဲ့ သူလို့လည်း ပြောလို့ရပြီးတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ခံယူချက်နဲ့ အမြင်ကိုယ်ပဲ လက်ခံယုံကြည် ထားတဲ့သူဖြစ်လို့ ကိုယ့်ကို အများသူငါ နားလည် ရခက်တဲ့သူလည်း ဖြစ်ပါတယ်။
မေ(ရွှေအင်းလေး)






Post a Comment