ချစ်သူကို မိခင်နို့ ပုံမှန်တိုက်ကျွေးဖို့ အလုပ်ထွက်ခဲ့တဲ့ အမျိုးသမီး
အမေရိကန် ပြည်ထောင်စု အမျိုးသမီး တစ်ဦးဟာ ချစ်သူ အမျိုးသားကို မိခင်နို့ တိုက်ဖို့ လိုအပ်တဲ့အတွက် အလုပ်ကနေ နှုတ်ထွက်ခဲ့ပါတယ်။ အလေးမ အားကစားလုပ်တဲ့ ချစ်သူကို ပုံမှန် နို့တိုက်ဖို့ လိုအပ်တာ ကြောင့် အလုပ် လုပ်ဖို့ အချိန်မပေးနိုင်ပဲ ရှိကာ အလုပ်ကနေ အနားယူလိုက်တာ ဖြစ်တယ်လို့ သိရပါ တယ်။
အသက် ၃၆ နှစ် အရွယ် ရှိတဲ့ ဂျနီဖာမယ်လ်ဖို့ဒ် ဆိုသူ အမျိုးသမီးဟာ သက်တူ ရွယ်တူ ချစ်သူ အမျိုးသားကို မိခင် နို့တိုက်ကျွေးမယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့အတူ ချစ်သူကို ဂရုတစိုက် ပြုစုပေးမယ်ဆို တဲ့ ရည်ရွယ်ချက်ကို ချထားခဲ့ပါတယ်။ ဘရက်ဒ်လီစန် ဆိုသူ ချစ်သူ အမျိုးသားဟာ အလေးမ အားကစား လုပ်ကိုင်သူ တစ်ဦးဖြစ်ကာ သူ့ရဲ့ခန္ဓာ ကိုယ်မှာ လိုအပ်တဲ့ နို့နဲ့ အာဟာရဓာတ်ကို ချစ်သူ အမျိုးသမီးဆီက ရယူမယ်လို့ ဆိုပါတယ်။
သက်ကြီး နို့တိုက်ကျွေးတဲ့ ဆက်ဆံရေးနဲ့ ချစ်သူစုံတွဲလို့ ခံယူထားကြပြီးတော့ ဒါဟာ တကယ့်ကို ဆန်းကြယ်ပြီး စိတ်ဝင်စားစရာ ကောင်းလိမ့်မယ် လို့လည်း သူတို့က ဆိုပါတယ်။ မိခင်နို့ဓာတ် လိုအပ်တဲ့ ချစ်သူအမျိုးသားကို တစ်ရက်ကို ပုံမှန် သုံးကြိမ် တိုက်ကျွေးသွားမှာ ဖြစ်ကာ...
ဒါဟာ သူ့ရဲ့ အားကစား အလေးမလုပ် တဲ့ ခန္ဓာကိုယ် အတွက် အထောက်အပံ့လည်း ရတယ်လို့ ဆိုပါတယ်။ လက်ရှိ အချိန်အထိတော့ ကလေး မရှိသေးပေမယ့် မယ်လ်ဖို့ဒ်ကတော့ ချစ်သူ အမျိုးသားကို သားမြတ် က အလိုလျောက် ထွက်လာတဲ့ နို့ရည်ကြည်ကို တိုက်ပေးသွားမှာ ဖြစ်ကာ ဒါက ကိုယ်ဝန် မဆောင်မီမှာ အမျိုးသမီး ရင်သားတွေက ထွက်လာနိုင်တဲ့ နို့ရည်ကြည် တစ်မျိုးလည်း ဖြစ်လိမ့်မယ် လို့ ပြောထား ပါတယ်။
တစ်ခါတစ်ရံမှာ ဆိုရင်လည်း သူမရဲ့ ရင်သားတွေမှ ကိုယ်ဝန်ဆောင်ပြီး ကလေး နို့တိုက်လို့ ရနိုင်မယ့် နို့ရည်တွေလည်း ထွက်လာတတ်လေ့ ရှိတယ်လို့ ပြောပြထားပြီးတော့ ချစ်သူ အမျိုးသားကို နို့တိုက်ချိန် တွေမှာဆိုရင်လည်း စိတ်လှုပ်ရှား ပျော်ရွှင်မှုတွေကို ခံစားရတယ် လို့ ဆိုပါတယ်။
credit to မေ (ရွှေအင်းလေး)






Post a Comment