ရည်းစားသက်တမ်းကြာလေ ပိုချစ်လေဆိုတာ ဖြစ်နိုင်လား ❀
★ ★ ★ ★ ★ ★ ★ ★ ★ ★
ရည်းစားသက်တမ်း ကြာလာလို့ ပိုအချစ်ခံရတယ် တို့ အချစ်က ရင်ခုန်စရာတို့ ဆိုတာ မဟုတ်တော့ဘူး..။
ရည်းစားသက်တမ်း ကြာလေလေ ပြသနာဖြစ် စိတ်ကောက်တိုင်း တစ်ယောက်ကို တစ်ယောက် ပြန်မချော့တော့ဘူး အချိန်တန်ရင် ပြန် အဆင်ပြေမှာပဲ မျက်နှာတွေ့ရင်ပြန် OK မှာပဲ ဆိုပြီး ပြသနာကို လျှော်လိုက်ကြတယ်..။ အချိန်တန်ရင်တော့ ပြန်အဆင်ပြေတာပဲ ပြသနာကတော့ အစိုင်အခဲလိုပဲ ကျန်ခဲ့တယ်..။
သူငယ်ချင်း တစ်ယောက်က ပြောဖူးတယ်။ ငါတို့က အချစ် မဟုတ်တော့ဘူးဟ ဖောက်ပြီးသားလမ်းမို့ ပြန်လှည့်မရလို့ ဆုံးအောင် လျှောက်နေရတာတဲ့..။ ဒီစကားမှာ သူဘယ်လောက် မွန်းကြပ်နေလဲ သိပ်သိသာတယ်..။
ရည်းစား သက်တမ်း ကြာလေလေ အရင်လို အစစ အရာရာက ပျော်စရာ မကောင်းတော့တာ အမှန်ပဲ..။
နားလည် ပေးနိုင်တာ မှန်သမျှ နားလည်ပေး သည်းခံပေး နိုင်ပါတယ်..။ အလိမ်ခံရတာက များလာတာတွေ
ခဏခဏ ဖြစ်လာတဲ့ အဆင်မပြေတာတွေက ဒဏ်ရာတွေပဲ..။ အဲ့ဒါကြောင့် ၇နှစ်လောက် တွဲလာတဲ သူတွေပြတ်ပြီး ၃လလောက် တွဲတဲ့ သူနဲ့ ယူသွားတာတွေ ရှိလာတာ ဖြစ်ပါလိမ့်မယ်..။
#credit - မိုးမြင့်မာန်

Post a Comment