👧 ပုတုတုကောင်မလေးတွေကို ချစ်သူအဖြစ် ရွေးသင့်တဲ့ အကြောင်းရင်း (၅) ချက် 💖
❀ ❀ ❀ ❀ ❀ ❀ ❀
ကောင်မလေးက ပုပုလေးနဲ့ စုံတွဲလေးတွေ မြင်ရင် ဘာကြောင့် လဲတော့ မသိဘူး။ ချစ်ဖို့ ကောင်းလိုက်တာ ဆိုပြီး ထင်ကြ တယ် မဟုတ်လား။ အရပ် ပုတဲ့ မိန်းကလေး တော်တော် များများက ချစ်ဖို့ ကောင်းကြ ပါတယ်။ (ကိုယ်ကလည်း ပုတယ် ဆိုတော့ကား.. ဘက် လိုက်ပြီး ရေးလိုက် ဦးမယ်)
အရပ် ပုပုနဲ့ ကောင်မလေး တွေကို ဘာလို့ ချစ်သူ အဖြစ် ရွေးချယ်သင့်လဲ ဆိုတာ ကတော့ အောက်မှာ ဖတ်ကြည့် လိုက်ရင် ရှင်းသွား မှာပါနော်...
1) ချစ်ဖို့ ကောင်းတယ်။
ဒါကတော့ တော်တော် များများ သိကြ မှာပါ။ အရပ် ပုတဲ့ ကောင်မလေး တော်တော် များများက ချစ်ဖို့ ကောင်းပါ တယ်။ သူတို့ရဲ့ အပြု အမူလေး ကိုက ချစ်ဖို့ ကောင်းနေ တာပါ။ ကိုယ့် ကောင်မလေး က မမှီ မကမ်းနဲ့ ကိုယ်ကို လှမ်းနမ်း တာတို့ ၊ ကိုယ်ရဲ့ အင်္ကျီ ယူဝတ် ထားတဲ့ အချိန်တို့၊ ပုပုလေးနဲ့ လှမ်း မော့ကြည့် နေတဲ့ အချိန်တို့ တွေးကြည့် လိုက်ပါ။ ချစ်ဖို့ မကောင်းဘူး လား?
2) ကာကွယ်ပေးရတဲ့ ခံစားချက်
ကိုယ့်ကို တစ်ယောက်ယောက် က အားကိုးတဲ့ ခံစားချက် ကို ခံစား ဖူးလား။
ကိုယ်ချစ်တဲ့ သူကို ကာကွယ် ပေးရတဲ့ ခံစားချက် က ဘယ်လို feeling လဲ ဆိုတာ သိချင် ရင်တော့ အရပ် ပုပုလေး တွေသာ ချစ်သူ တော်လိုက်ပါ။
သူတို့နားမှာ ရှိနေရင် အစစ ရာရာ ကလေးလေး တစ်ယောက်လို လိုက် ဂရုစိုက် ပေးနေ ရပြီး လူအုပ် ကြားထဲမှာ လူစွမ်းကောင်းကြီး လို လိုက် ကာကွယ် ပေးရတဲ့ Feeling ကို ခံစားကြည့် လိုက်ပါ။
3) ပိုအရပ်ရှည်ပုံ ပေါက်စေမယ်။
သာမန် အရပ်ပဲ ရှိတဲ့ ကောင်လေးတောင် အရပ် ပုပု ကောင်မလေးနဲ့ တွဲသွားရင် ကိုယ်က အရပ် ရှည်နေပုံ ပေါက်ပါတယ်။ စုံတွဲ တွေမှာ ကောင်မလေးက အရပ် ပိုပု နေရင် ပိုပြီးလည်း ကြည့်လို့ ကောင်း ပါတယ်။
ထောက်ခံတယ် ဟုတ်?
4) Surprise လုပ်ပေးဖို့ လွယ်ကူတယ်။
ကိုယ့် ချစ်သူကို လက်ဆောင် ပေးတဲ့ အခါ အံသြ စေချင်လို့ ဆိုပြီး တကူးတက နေရာ ရှာပြီး ဖွက်နေ စရာ မလိုတော့ ပါဘူး။ အမြင့် တစ်နေရာ တင်ထားလိုက် တာနဲ့ ရှာ မတွေ့တော့ ဘူး။ 😁 ဘယ်လောက် လွယ် လဲနော်။
5) ရိုမန်တစ် ဆန်တယ်။
အရပ်ပုတဲ့ ကောင်မလေးကို ချစ်သူ တော်ရင် အချိန်တိုင်း လိုလို က ရိုမန်တစ် ဆန်ပြီး ကြည်နူးဖို့ ကောင်းနေ မှာပါ။ ပုပု သေးသေးလေး ကို ဖက်ထားတဲ့ အချိန်ပဲ ဖြစ်ဖြစ်၊ နဖူးလေးကို နမ်းတဲ့ အချိန်ပဲ ဖြစ်ဖြစ် ဘယ်လောက် တောင် ရို ဆန်နေ မလဲ ဆိုတာ တွေးကြည့်လိုက် ပါဦး...။
ကဲ.. ဒီလောက်ဆို အရပ်ပု တဲ့ ကောင်မလေး တွေ ကိုယ့် ခွက်ရှ်လေး မြင်သာအောင် ရှဲလိုက် တော့နော်..
💚💚💚
Credit _ Original Writer



Post a Comment