Header Ads

အသားအရေတွန့်ခြင်းမှ ကာကွယ်ဖို့ ☺️


★ ★ ★ ★ ★ ★ ★ ★ ★ ★
အသက်အရွယ် ရလာတဲ့သူတွေ အတော်များများဟာ မျက်နှာမှာ အရေးအကြောင်း တွေပေါ်လာလို့ ၊ အသားအရေ ပျော့တွဲလာလို့ မှန်မကြည့်ချင် တော့အောင် ဖြစ်တတ်ကြပါတယ် ။

မျက်နှာ ၊လည်ပင်း နဲ့ လက်တွေမှာ ဖြစ်တာက ပိုထင်ရှားပါတယ်။ အရေးအကြောင်း ဖြစ်ရခြင်းက အသက်အရွယ် ကြီးရင့်ခြင်းရဲ့ ဖြစ်စဉ်ပါဘဲ ။


အရေပြားက တွယ်ဆက်တစ်ရှုး ( connective tissue ) မှာ ကော်လာဂျင် ( collagen ) နဲ့ အီလတ်စတင် ( elastin ) ဓါတ်များ ပျက်စီး လျော့ပါး လာတဲ့အတွက် အရေပြား ရှုံ့ တွဲကျ လာခြင်း ဖြစ်တာပါ ။

အသက်ရလာတော့ ဖိုက်ဘရိုဘလပ် ဆဲလ် (  fibroblasts ) များ ယိုယွင်းလာလို့ collagen နဲ့ elastin ထုတ်လုပ်မှု လျော့သွားလို့ ပါ ။

အရွယ်မတိုင်မီ အရေပြား လျော့တွဲ ခြင်းကတော့ နေပူခံရလွန်းခြင်း ၊ရေကြမ်း လေကြမ်း မြေကြမ်း ပတ်ဝန်းကျင်မှာ နေထိုင်ရခြင်း ၊ဆေးလိပ်သောက်ခြင်း ၊ စိတ်ထိစီးခြင်း ၊ ရောဂါကြောင့် ပိန်ခြုံးခြင်း ၊ဆေးဝါးများ ကြောင့်ဖြစ်ခြင်း ၊ ဗီတာမင် အီးဓါတ် ချို့ တဲ့ခြင်း နဲ့ မျိုးရိုးလိုက်ခြင်းတို့ကြောင့် ဖြစ်ပါတယ် ။

ပြုပြင်ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းများ ကို တင်ပြပါ့မယ် ။

1) Olive Oil သံလွင်ဆီ

သံလွင်ဆီမှာ ဗီတာမင် A , ဗီတာမင် E ကြွယ်ဝပါတယ် ။ ၎င်း ဗီတာမင်များက ဓါတ်တိုးခြင်းကို ကာကွယ်နိုင်စွမ်း ရှိတာကြောင့် အရေပြား ပျက်ဆီးခြင်းကို တားဆီးနိုင်ပါတယ် ။


သံလွင်ဆီ နဲ့ အရေပြားကို မှန်မှန်နှိပ်နယ်ပေးပါက အရေပြားဆဲလ်များ ပွားများ ရှင်သန်စေပါတယ် ။

သံလွင်ဆီ ၊ ပျားရည် နဲ့ အလှဆီ ( glycerin ) အနည်းငယ်စီ တို့ ကို သမအောင်မွှေပြီး တနေ့ ၂ ကြိမ် အရေပြားကို လိမ်းကျံ နှိပ်နယ် ပေးပါက အသားအရေ တင်းရင်းလာစေပါတယ် ။


2) Aloe Vera ရှားစောင်း လက်ပတ်

ရှားစောင်းလက်ပတ် တွင် မဲလစ် အက်ဆစ် ( malic acid ) ပါရှိပါတယ် ။

၎င်း အက်ဆစ်က အသားအရေ တင်းရင်းစေပါတယ် ။ အရေးအကြောင်း ပျောက်စေပါတယ် ။


ရှားစောင်းလက်ပတ် အနှစ် ( gel ) လတ်လတ်ဆတ်ဆတ် ကို မျက်နှာမှာ လိမ်းကျံပြီး မိနစ် ၂၀ မျှထားပြီးမှာ ရေနွေးနွေး နှင့် မျက်နှာသစ်ပေးရပါမယ် ။

ရှားစောင်းလက်ပတ် အနှစ် ကို ဗီတာမင် E နှင့် သမအောင် မွှေပြီး လိမ်းလည်း ရပါတယ် ။ နာရီဝက်ထားပြီး ရေနွေးနွေး နှင့် မျက်နှာ သစ်ရပါမယ် ။

3) Ginger ဂျင်း

ဂျင်းတွင် ဓါတ်တိုးကာကွယ်ပစ္စည်းများပါ ပါတယ် ။ အရေပြားမှ အလတ်စတင် (  elastin ) ပျက်ဆီးခြင်း ကို တာဆီးနိုင်သဖြင့် အရေပြား တင်းရင်းခြင်းကို ထိန်းသိမ်းပေးပါတယ် ။


ခြစ်ထားသော ဂျင်း အနည်းငယ် ကို ပျားရည် ၁ ဇွန်း နှင့် ရော၍ မနက်တိုင်း စားပေးရပါတယ် ။

ဂျင်း ရေနွေးကြမ်း တနေ့ ၂ ကြိမ် သောက်နိုင်ပါတယ် ။

4) Bananas ငှက်ပျောသီး

ငှက်ပျောသီးတွင် ဗီတာမင် ၊ သတ္တုဓါတ် ၊ ဓါတ်တိုးကာကွယ်ပစ္စည်း ကြွယ်ဝစွာ ပါဝင်ပါတယ် ။

ငှက်ပျောသီးမှည့်မှည့် ၂ လုံးကို စိစိပါအောင် ချေပါ ။ တွန့်နေသော အရေပြားပေါ် လိမ်းကျံပါ ။ နာရီဝက် ထားပြီးမှ ရေနွေးနွေး နှင့် မျက်နှာ သစ်ရပါမယ် ။


ငှက်ပျောသီးမှည့် ၁ လုံး ၊ ထောပတ်သီး ၊ ပျားရည် အနည်းငယ် တိုကို ရောချေပါ ။တွန့် သော အရေပြားပေါ် လိမ်းကျံပါ ။ မိနစ် ၂၀ ထားပြီး မှ မျက်နှာသစ်ပါ ။

ဤနည်းများကို တပတ် ၂ ကြိမ်လုပ်ပါက အရေးအကြောင်းများ ပျောက်၍ နုပျိုလာစေပါတယ် ။

5) Carrots မုံလာဥ၀ါ

မုန်လာဥ၀ါ တွင် ဗီတာတာမင် A များစွာပါဝင်ပါတယ် ။ ဗီတာမင် A က ကော်လာဂျင် ( collagen ) ထုတ်လုပ်မှုကို အားပေးပါတယ် ။ ထို့ ကြောင့် အသားအရေ ချောမွေ့ စေပါတယ် ။


မုံလာဥ၀ါ ၂ လုံးကို နူးအိအောင် ပြုတ်ပါ ။ ပျားရည် သင့်အောင်ထည့်ပြီး သမအောင် မွှေပါ ။ ၎င်း အနှစ်ကို မျက်နှာပေါ် လိမ်းကျံပါ ။ နာရီဝက်ထားပြီးမှာ ရေနွေးနွေး နှင့် မျက်နှာသစ်ရပါမယ် ။

မုံလာဥ၀ါ ၁ လုံးကို  မွှေစက်နှင့် ဖျော်၍ ၊ ပျားရည် ဆတူ ထဲ့ မွှေ ပါ ။ မနက် ၁ ကြိမ် ည ၁ကြိမ် လိမ်းပါ ။ ၁၀ မိနစ်ထားပြီး မျက်နှာသစ်ပါ ။

မုန်လာဥ၀ါ အစိမ်းလည်း စားနိုင်ပါတယ် ။

6) Lemon Juice လီမွန်ဖျော်ရည်

လီမွန်ဖျော်ရည်သည် စီးထရစ်အက်ဆစ် ( citric acid ) ကြွယ်ဝပါတယ်။ အရေပြားမှ ဆဲလ်သေများကို ဖယ်ရှားပေးပါတယ် ။


မျက်နှာသစ်ရာတွင်လည်း အသုံးပြုနိုင်ပါတယ် ။

အရေးအကြောင်းများ ၊ အတွန့်များ ၊ အမည်းစက်များ ကို ပျောက်စေပါတယ် ။

7) Pineapple နာနတ်သီး

နာနတ်သီးတွင်ပါသော အင်ဇိုင်းက အသားအရေ တင်းအားကို ကောင်းစေသလို ၊အရေပြား ခြောက်သွေ့ ခြင်းကိုလည်း ပျောက်စေပါတယ် ။ ဆဲလ်သေများကိုလည်း ဖယ်ရှားပေးပါတယ် ။

နာနတ်သီးတွင် ဖိုင်ဘာဓါတ် ၊ ဓါတ်တိုးကာကွယ်ဓါတ် ၊ ဗီတာမင်တို့ လည်းပါဝင်သဖြင့် အသားအရေ စိုပြေစေပါတယ် ။


လတ်ဆတ်သော နာနတ်သီး နှင့် အရေပြားကို ပွတ်ပေးရပါမယ် ။ မိနစ် ၂၀ ကြာမှ ဆေးကြောရပါမယ် ။

အရည်ညှစ်ပြီး အသားကို လိမ်းကျံနိုင်ပါတယ် ။ နေ့ စဉ် လိမ်းကျံနိုင်ပါတယ် ။ ၅ မိနစ်မျှထားပြီး ဆေးကြောနိုင်ပါမယ် ။

8) Water ရေ

အလွယ်နည်းကတော့ ရေသောက်ခြင်း ဖြစ်ပါတယ် ။

ရေသောက်ခြင်းဖြင့် ခန္ဓာကိုယ် ရေဓါတ်ပြည့်ဝစေပြီး ၊ အသားအရေ စိုပြေစေပါတယ် ။


ဇရာ ကို မတားနိုင်တာ မှန်ပေမယ့် သတိလေးနဲ့ ထိန်းသိမ်းရင်း လှပစွာ အိုမင်းနိုင်ဖို့ ဖြစ်ပါတယ် ။

ကျန်းမာချမ်းသာကြပါစေ။

Credit to ဒေါက်တာမြင့်သိန်း

No comments

Powered by Blogger.