Header Ads

ယောကျာင်္းလေးတစ်ယောက် ကိုယ့်ကို တစ်ကယ် ချစ်​ မချစ် စမ်းသပ်နည်းများ 😍


★ ★ ★ ★ ★ ★ ★ ★ ★ ★

1) မျက်ခွက်ကို လက်ဝါး နဲ့  ၁၄ ချက်လောက် ဘယ်ပြန် ညာပြန် ဆင့်တွယ်ပါ။အား ပါ ပါစေ။

(တစ်ချက်ကလေး မှတောင် ဒေါသ မထွက်ဘူးဆိုရင် သေချာတယ် အဲ့ဒီ ယောကျာင်္းလေး အချစ်က အချစ်စစ် အချစ်မှန် ။  )


2) နှာနုရိုး တည့်တည့် လက်သီးနဲ့  စိတ်ရှိလက်ရှိ ထိုးပါ။ သွေးထွက်ပါစေ။

( ယောကျာင်္းလေး ဆိုတာ  ကိုယ့် အသားနာရင် ခွေးတောင် ပြန်ကိုက်တတ်တဲ့ အမျိုးပါ။ သို့သော်  ကိုယ့် အပေါ် လက်နဲ့တောင် ပြန်မတို့ဘူးဆိုရင်. . . . ဟုတ်ကဲ့ သေချာနေပါပြီ ။ အဲ့ဒါ အချစ်စစ် အချစ်မှန် ။)



3) အုတ်နီ ခဲ ဖြစ်ဖြစ် ဝါရင်းတုတ်နဲ့ ဖြစ်ဖြစ် ခေါင်းကို ကွဲအောင် ရိုက်ပါ။ အတိတ်မေ့ရင် မေ့သွားပါစေ။

( ခေါင်းရိုက်လို့ အတိတ် မမေ့ ဘဲ  ကိုယ့်ကို အသေအချာ  မှတ်မိနေသေးတယ် ဆိုရင် ဟုတ်ပါပြီ။ အဲ့ဒီ ယောကျာင်္းလေး  အချစ်စစ်နဲ့ ချစ်တယ် ဆိုတာ)

4) ကြိုးတုပ်ပြီး  ကလိထိုးပါ။ ပယ်ပယ် နယ်နယ် ကို အူတတ်နေအောင် ကလိ ထိုးပါ။

( ကလိ ထိုးလို့ မှ မရီ ရင် သေချာပါတယ်  အဲ့ဒီ ကောင်လေး အချစ်စစ်နဲ့  ချစ်နေပါတယ်)


5) ခြေသလုံးမွှေးကို တစ်ပင်ချင်း ပြောင်နေအောင် ဆွဲနှုတ်ပါ။ ပြောင်သလပ် ခါနေအောင်ကို နှုတ်ပါ။

( တစ်ခါနှုတ်တိုင်း အသံ မထွက်ဘူး။ မျက်ရည် မဝဲ ဘူးဆိုရင် ok အဲ့ဒါ  တစ်ကယ့် real အချစ်စစ်)

ဒီနည်းတွေ နဲ့  စမ်းသပ်ကြည့်ကြပါ။ အချစ်စစ်လား မစစ်လားဆိုတာ ။ စမ်းသပ်နိုင်ကြပါစေ။

ဘာကြည့်​နာလဲ… ယူတို့ဘဲ​တေကို mention လုပ်​သွား​လေ… 😁👌

Aung Kyaw Kyaw
Love အတိုအစလေးများ

No comments

Powered by Blogger.