Header Ads

ဘယ်သူ သဘောတူတူ ကျမ မယူနိုင်သေးပါဘူး ဆိုတဲ့ ဖြူ ဖြူ ထွေး


Facebook လူမှု ကွန်ယက်မှာ သူများနဲ့ မတူတဲ့ ရီစရာ ဟာသဖျော်ဖြေမှု ဗွီဒီယိုဖိုင်လေး များကြောင့် လူသိများ အောင်မြင်လာခဲ့တဲ့ ဆယ်လီမလေး ဖြူဖြူထွေးဟာ ပရိသတ် တချို့က သူမရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပီး တစ်စုံ တစ်ယောက်နဲ့ သဘောတူကြောင်း ပြောကြားချက်များကို  " ဒီအချိန်မှာ ဘယ်သူ သဘောတူတူ မတူတူ သူမ မယူနိုင်သေးပါဘူး " ဆိုပီး Facebook မှာ status တင်ကာ ပြောခဲ့ပါတယ်။

ဖြူဖြူထွေးရဲ့ ဗီဒီယိုဖိုင် တချို့ကို ဝေဖန်မှုတချို့ ရှိနေပေမယ့်လည်း သူမကတော့ ရှေ့ဆက်လုပ်သွားအုံးမယ်လို့ ဆိုပါတယ်။


သူမ အခုလို ဟာသလေးတွေ ပြုလုပ်နေတာဟာ " ပေါနေတာ မဟုတ်သလို ၊ ရူးနေတာလည်း မဟုတ်ပါဘူး။ သူမရဲ့ ဝါသနာကို မထိန်းချုပ်နိုင်တာ" လို့လည်း သူမရဲ့ Fb status မှာ တင်ထားခဲ့ပါသေးတယ်။


အညာသူလေး တစ်ယောက်ဖြစ်ပေမယ့် ရန်ကုန်မှာ ကျောင်းတက်နေရင်း ဖေ့ဖွတ်ပေါ်က သူမရဲ့ ချစ်စရာဟာသ ဗီဒီယိုလေးများကြောင့် လူတွေအကြား ချစ်ခင်မှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။



source phyu phyu htwe's fb
©Loveအတိုအစလေးများ

No comments

Powered by Blogger.