သူမ နှင့် ကျနော်.....
"ကိုကို…… ကိုကို့ပုံ အောက်မှာ love react ပေးထားတာ ဘယ်သူလဲ "
" aww…… ကိုကိုလည်း ဘယ်သိမလဲ သဲရဲ့ ဒီအတိုင်းပဲ နှိပ်လိုက်တာ နေမှာပေါ့ "
" ဘာကို ဒီအတိုင်း နှိပ်ရမှာလဲ love react ကို သေချာ ရွေးပြီးတော့ကို ပေးတာ မှန်မှန်ဖြေ အဲ့ကောင်မက ဘယ်သူလဲ "
" ကိုကို တကယ် မသိလို့ပါ သဲရယ် "
" တကယ် မသိဘူးနော် တကယ် မသိရင် bl လိုက်မယ်နော် "
" အင်းပါ…သဲသဘောပဲ ဟုတ်ပြီလား "
" အာ့ကြောင့် ကိုကို့ကို ချစ်နေ ရတာ "
သူမ လုပ်ချင်တာ လုပ်ရရင် သိပ်ပျော် နေတတ်တဲ့ ကောင်မလေး
တနေ့ သူမ ကျွန်တော့ကို စိတ်ကောက်ပြီး bl ထားတယ်လေ ကျွန်တော် ဖုန်းဆက် တော့လည်း သူ မကိုင်ဘူး message ပို့လည်း ပြန် မပို့ဘူး
.
ကျွန်တော်လည်း စိတ်ညစ်ညစ်နဲ့ fb သုံးနေတုန်း ကျွန်တော့ အကောင့် ထဲက မိန်းကလေး တစ်ယောက် လာ hi တယ် သူမနဲ့က အရင်တည်းက စကား အနည်းငယ် ပြောထား ဖူးတော့ ကျွန်တော့ ကောင်မလေး ကျွန်တော့ကို စိတ်ဆိုးသွားတဲ့ အကြောင်း တကယ်ပဲ လမ်းခွဲ သွားပြီလား ဆိုတာ မသိတဲ့ အကြောင်း သူမကို ရင်ဖွင့်နေ မိတယ်
" Aww……… အကိုရယ် အချစ်ကို အဲ့လောက်ကြီး မကိုးကွယ် ပါနဲ့ တချို့တွေက ကိုယ့်အချစ်နဲ့ တန်တာ မဟုတ်ဘူး... ညီမဆို အချစ်ကို မယုံကြည်ဘူး single ပဲ နေတာ အကိုလည်း Single ပဲ လုပ်ပေါ့ ညီမတို့က အခု ဘဝတူတွေ ပဲလေ "
သူမနဲ့စကားပြောပြီး ကျွန်တော် လိုင်းဆင်းသွား ခဲ့တယ် စိတ်ညစ်ညစ်နဲ့ အိပ်ပစ် လိုက်တယ်
အိပ်ယာက နိုးလို့ လိုင်းပေါ် တက်ကြည့်တော့ ကျွန်တော့ အကောင့်ထဲမှာ ကျွန်တော့ ကောင်မလေး စာ ဝင်ရေး နေတယ် မနက်က ကျွန်တော်နဲ့ စကားပြောတဲ့ မိန်းကလေးနဲ့ ရန်ဖြစ် နေလေရဲ့
" ဒီမှာ ……နင်က ငါ့ချစ်သူကို Single လုပ်ပါလား ဘာလား ပြောရအောင် နင်က ငါ့ချစ်သူကို လိုချင် လို့လား ငါနဲ့ သိပ်ကို ပြတ်စေ ချင်နေ တယ်ပေါ့ "
" ငါက နင့်ချစ်သူကို စိတ်လည်း မဝင်စားဘူး ကြိုက်လည်း မကြိုက်ဘူး ငါတို့က ရိုးရိုး သားသားပဲ စကား ပြောတာ
နင်ထင်သလို မဟုတ်ဘူး "
" မဟုတ်ရင် စကား လာ မပြောနဲ့ နင့်ကို ဘယ်သူ့မှ မပြော ခိုင်းဘူး နောက်တခါ လာ မ hi နဲ့ "
.
ကျွန်တော့ ကောင်မလေးနဲ့ သူမ ပွဲကြမ်း နေပြီ
" ကျွန်တော့ ကောင်မလေး အစား ကျွန်တော် တောင်းပန် ပါတယ်
သူက ကျွန်တော့ကို အရမ်း သဝန်တို လို့ပါ "
" ညီမ ဘက်က ဘာမှ မဖြစ်ပါဘူး အကို့ ကောင်မလေး ဒီအချိုး မျိုး ကြောင့် အကို စိတ်ညစ် ရတာ မဆန်းပါဘူး "
သူမ ပြောပြီး Line out သွားတယ်
" အောင်မာ……သူကပဲ ပြောရတယ် ရှိသေး ရုပ်ကဖြင့် မျက်နှာ ဆိုးနဲ့ သူများ ချစ်သူကို လာ လုချင် နေသေး တယ် "
" တော်ပါတော့ သဲရယ် ……ဒါနဲ့ ဆိုစမ်းပါဦး ကိုကို့ကို မုန်းတယ်ဆို ပြတ်ပြီ ဆို အခု ကျတော့ ကိုကို့ အကောင့်ထဲ ကနေ ခိုးကြည့် နေတယ်ပေါ့ ဟုတ်လား အရူးမလေး "
" ကိုကို ကလည်း …… သဲက စိတ်ဆိုးလို့ ပြောတာ သိရဲ့နဲ့
သဲလည်း ကိုကိုနဲ့ မပြတ်နိုင် ပါဘူး "
" အခုကျတော့ စိတ်ဆိုး ပြေသွားပြီ ပေါ့ "
" ပြေသွားပြီ "
အဲ့ဒါပဲကြည့် သူမနဲ့ရန်ဖြစ်ရင် မုန်းတယ် ပြတ်ပြီ ဘာညာ ပြောပေမဲ့ သူမလည်း ကျွန်တော့ကို တကယ် မပြတ်နိုင် သလို ကျွန်တော်လည်း သူမနဲ့ ခွဲပြီး မနေနိုင်ဘူး ကျွန်တော် သူမကို အရမ်း ချစ်တယ်
သူမ မပါပဲ အပြင် သွားရင်လည်း သူမ ရစ်တာ တနေကုန်ပဲ message reply ကြာရင်လည်း သူမ စိတ်ထ ထ ကောက်တယ် စကားပြော မှားရင်လည်း အထ အန ကောက်ပြီး သူမ ရန်ရှာတယ် အဆိုး ဆုံးက အသိ မိတ်ဆွေတွေနဲ့ စကားပြောတာဘကြာရင် သူမ အပြစ် ရှာတယ် ဟို မသွားရဘူး ဒီ မသွားရ ဘူးနဲ့ သူမ ပိတ်ပင်တယ် သူငယ်ချင်း ဆိုလည်း သူ မကြိုက်တဲ့ သူနဲ့ မပေါင်းရ ဘူး ကျွန်တော့ နောက်ကွယ် ကနေ တိတ်တဆိတ် စုံစမ်း သူများ ပြောတာ ယုံပြီး သူမ ငိုတယ် ပြီးရင် ရန်ရှာတယ် ကြာတော့ ကျွန်တော် စိတ်ပျက် လာတယ်
.
ကျွန်တော် သူမနဲ့ အရင်လို စကား သိပ်မပြော ဖြစ်တော့ဘူး သူမ ဖုန်းခေါ်ရင် ကျွန်တော် ကိုင်ချင်မှ ကိုင်တယ် သူမကို ကျွန်တော် ပစ်ထား လိုက်တယ် သူမ ဝမ်းနည်းပြီး ငိုတယ် ခံစားချက် တွေကို fb status မှာ ချရေး ထားတာ ကျွန်တော် တွေ့ပေမဲ့ ကျွန်တော် ဘာမှ မတုံ့ပြန် ခဲ့ဘူး
အခု ကျွန်တော့ရဲ့ အနားမှာ ကျွန်တော့ကို သိပ်ချစ်တဲ့ မိန်းမ တစ်ယောက်နဲ့ ကျွန်တော် တွဲဖြစ် နေတယ် သူက ကျွန်တော့ အပေါ် အစစ အရာရာ ကောင်းတယ် ကျွန်တော့ကို နားလည် ပေးတယ် ကျွန်တော် သူမကြောင့် စိတ်တခါမှ မညစ်ရ ဘူး ကျွန်တော့ စကားလည်း သူမ နားထောင် တယ် ကျွန်တော်က ဒါဆို ဒါပဲ ကျွန်တော် ပြောသမျှ ပြီးတယ်
ကျွန်တော်နဲ့ သူ ချိန်းတွေ့ နေစဉ် သူမရဲ့ ဖုန်း ဝင်လာ ခဲ့တယ် ကျွန်တော် သူ့ရဲ့ ရှေ့မှာမို့ သူမရဲ့ ဖုန်းကို မကိုင်ခဲ့ဘူး အဆက် မပြတ်ေ ခ်ါနေတဲ့ ဖုန်းက အသံ တိတ်သွားပြီး နောက် ကျွန်တော့ရဲ့ ပခုံးပေါ် လက်တစ်ဖက် ကျရောက် လာတယ်
" ဟင်………သဲ "
" ဟုတ်တယ် …… သူမ မျက်လုံး တွေမှာ မို့ အစ်လို့ ငိုထားတယ် ထင်ပါရဲ့ "
" ကိုကို သဲအပေါ်မှာ သစ္စာ ဖောက်ရက် တယ်နော် သဲမှာ ဘာအပြစ် ရှိလို့လဲ လုပ်ရက် လိုက်တာ "
သူမ အသံလေး တိမ်ဝင် သွားတာ ကျွန်တော် သတိထားမိ ပါတယ်
"မင်းက အရမ်း ရစ်လွန်းတယ် ငါ့ကို သိပ် ပိတ်ပင် လွန်းတယ် ငါ့ကို ယောက်ျား တစ်ယောက်လို မမြင်ဘူး မင်းရဲ့ ကျွန်တစ်ယောက် လိုပဲ မင်း သဘောထားတယ် အပြစ်မရှိ အပြစ် ရှာတယ် ငါမင်းကို ကြောက်လာ တယ် ငါ့မှာ မင်းကြောင့် အပေါင်း အသင်း မိတ်ဆွေဆို တာလည်း မရှိတော့ဘူး မင်းကြောင့် ငါ အရှက် ကွဲရပေါင်းလည်း များပြီ ငါ့ကို ငါ့သူငယ်ချင်းတွေ ကြားထဲမှာ ခေါင်း မဖော်ရဲ အောင် မင်း ငါ့ကို နိုင်စားကြောင်း ပြတယ် ငါမင်းကို စိတ်ကုန် လာပြီ မင်းငါနဲ့ ဝေးဝေး နေပေးပါ "
ကျွန်တော့ စကားရဲ့ အဆုံးမှာ သူမ မျက်ရည်တွေ တသွင်သွင် စီးကျကာ အံ့သြတဲ့ အမူအရာနဲ့ ကျွန်တော့ကို ငေးကြည့် နေခဲ့တယ်
.
ထိုနေ့က သူမ ပြန်သွားပြီး နောက် အရင်လို ခံစားချက် တွေကို ရေးပြီး တင်တတ်တဲ့ သူမရဲ့ အကောင့်လေး မီးမစိမ်း တော့သလို ကျွန်တော့ဆီ အမြဲ ပို့နေတဲ့ message လေးတွေလည်း ရောက်မလာ တော့ဘူး ကျွန်တော့ဆီ တစ်နာရီ ခြား တစ်ခါ ခေါ်တတ်တဲ့ သူမရဲ့ အဝင် Call တွေလည်း ရောက်မလာ တော့ဘူး
၁လ လောက် ကြာတော့ ကျွန်တော် ဖုန်းခေါ် လိုက်တယ် သူမ ဖုန်းက စက်ပိတ် ထားသည်တဲ့ ကျွန်တော် သူမကို ဘယ်လိုမှ ရှာမတွေ့ တော့ဘူး
၆လခန့် ကြာသော်........
ကျွန်တော် သူမနဲ့ လမ်းမှာ တွေ့တယ် သူမ အရင်လို တစ်ယောက်တည်း မဟုတ်ပဲ သူမ ဘေးက သူစိမ်း ယောက်ျား လက်ကို သူမ တွဲထားတယ် သူမလည်း ကျွန်တော့ကို တွေ့ပေမဲ့ ဘာမှ မခံစားရ သလို ဖြတ်သွား ဖြတ်လာ လူတစ်ယောက်ကို တွေ့တဲ့ ပုံနဲ့သာ ကြည့်နေ ခဲ့တယ်
ကျွန်တော် သိလိုက်ပြီ သူမ ကျွန်တော့ကို စိတ် သိပ်နာ သွားပါပြီ
သူမ မပါပဲ အပြင် သွားတာကို သူမ တားခဲ့ခြင်းက သူမ စိတ်မချ လို့ တားတယ် ဆိုတာကို ကျွန်တော် မေ့နေ ခဲ့တယ်
သူစိမ်း မိန်းကလေး တွေနဲ့ စကား ပြောတဲ့ အခါ သူမ ရန်ဖြစ်တာ သူမ သဝန်တိုလို့ ဆိုတာကို မေ့နေ ခဲ့တယ်
သူမ အနားမှာပဲ အမြဲ ရှိစေ ချင်တာက သူမ ကျွန်တော့ကို သိပ်ချစ်လို့ ဆိုတာကို မေ့နေ ခဲ့တယ်
message reply ကြာတိုင်း စိတ်ကောက်တဲ့ အခါ သူမ အကောင့် မှာ ပြောစရာလူ ကျွန်တော်ပဲ ရှိတယ် ဆိုတာ မေ့နေ ခဲ့တယ်
ခံစားချက် Status တွေ တင်တိုင်း သူမ သိပ်ကို နာကျင် နေတယ် ဆိုတာ ကျွန်တော် မေ့နေ ခဲ့တယ်
အခုတော့ အားလုံး ပြီးသွား ပါပြီ သူမ ကျွန်တော့ ဘဝထဲက အပြီး အပိုင် ထွက်သွား ခဲ့ပြီ
Credit _ မာယာချို
Post a Comment