Header Ads

'ဘဲ' ရှိလား


ရည်းစားမရှိတဲ့ ဘဝ က သူမ အတွက် သိပ်ကို သာသာ ယာယာ ရှိပါသည်။ မနက်ခင်း  မျက်လုံးနှစ်လုံး ပွင့်သည်နှင့်  ကိုယ့်ကို  ဘယ်သူမှ  ဖုန်းဆက် နှိုးပေးနေစရာ မလို  . . .။

'' မတာမ . . နေဖင် ထိုးနေပြီ မထသေးဘူး ''
ဆိုတဲ့ အမေ့ရဲ့ first warning နဲ့ လည်းကောင်း  ၊

'' အေး . . နင် မထရင်  ယောင်းမ နဲ့ ဖင် စောင့်ထိုး မှာနော် ''
ဟူသော အမေ second warning က လည်းကောင်း ၊

အမေ့ရဲ့ သာယာချို မြိန်သော စကားလေးများက သူမရဲ့ နှိုးစက်လေး တစ်ခု။
ဘယ်ရည်းစား ကမှ သူမကို နှိုးပေးနေစရာ မလို သူမ အမေ နှိုးပေးလိမ့်မည် ဖြစ်သည်။

သူမမှာ ဘာအရှုပ်အရှင်း မှလည်း မရှိသလို ၊ ဘာ ဇယားမှလည်း မရှုပ် ၊ ယုတ်စွ  အီစီကလီ အကြူ ဇယားမှပင် မထား ။ တစ်ယောက်ထဲနေ ၊ တစ်စိတ်ထဲ ထား ၊ တစ်ဖြောင့်ထဲ သွားနေရုံ ။
.
'' morning ,ချစ် . . ဘာစားပြီးပလဲ '' ဆိုတဲ့  message များမျှပင် သူမ မလိုအပ် ။ သောက်လုပ် ရှုပ်တဲ့ သောက်ပိုတွေ ဟု သူမ ထင်သည်။

'' အုပ်ဆောင်း အောက်မှာ ထမင်းရှိတယ် . . မြိုမှာ ဖြင့်  မြန်မြန်မြို ''
ဆိုတဲ့ သူမ  အမေ စကားလေးက သူမ အတွက် အဖိုး မဖြတ် နိုင်သော ကြည်နူး စရာလေး တစ်ခုပင်။

ဘယ် ရင်ခုန်သံ မျိုးကိုမှ  မလိုအပ် ။
'' သမီး  ဒီနေ့  နင့်အတွက် မုန့်ဖိုး '' ဆိုတဲ့
အဖေ့ ရဲ့ စကား တစ်ခွန်း နောက်မှာ ဘယ်လောက် ပေးမှာလဲ ဆိုတဲ့  အတွေးလေး နဲ့တင် သူမ ရင်ဘတ်ကြီး တစ်ခုလုံး  ပြုတ်ထွက် မတတ်။

'' ဟင်း . .  ၂၀၀ ထဲရယ် ''

'' အံမယ် . . . ၂၀၀ ပေါ့ . .  နင်က ကျောင်းပိတ် ၊အလုပ်မရှိ အကိုင်မရှိ ၊ လည်ရာ အိပ်စား ....ဘာညာကွီ ကွ .. "

အဖေ့ရဲ့ နေ့စဉ် ဟောတရားကို  နာယူလျက်  ကျောင်း မြန်မြန် ဖွင့်ဖို့ ဆုတောင်း မိသည်။ ကျောင်းဖွင့်ရင် သူမ  လက်ထဲတွင် ရေလျှံ သလောက်  ကျောင်းပိတ်တော့ အခြေအနေက ဒေါင်းဇား သာသာ။


သေချာတာ တစ်ခုက  ရည်းစားမရှိတဲ့ အတွက်  သူမ ပိုက်ဆံလေးတွေ အပိုအလို မထွက်တော့ ။ လုံလောက် ပြည့်စုံလျက်။

အိပ်တယ်။ စားတယ် ။ TV ကောက်ကြည့်တယ်။ ဖုန်းပွတ်တယ်။ စာဖတ်ရင် ဖတ်နေ လိုက်တယ်။ ဘဝကြီးက  သာယာသည်။ စိတ် မကောင်းစရာ  တစ်ခုက ကြောင်အိမ်ထဲက ပုဇွန်ခြောက် ဘူးလေး ကိုယ့်ကြောက်၍ ဗီဒိုထဲ အမေ သော့ခတ် ထားခြင်းပင်။

Facebook ဖွင့်သည်။
newfeed ပွတ်သည် ။
မြင်မြင် သမျှ like ပေးသည် ။
ပြန် ဆင်းသည် ။
ဒါ  သူမရဲ့ facebook သံသရာ ။
celeတွေ အပြိုင် အဆိုင်  အရူးထ နေတဲ့ အချိန်မှာ  သူမ က သောက် ဂရုပင် မစိုက် ကိုယ့် အထာနဲ့ ကိုယ်။
.
သူငယ်ချင်း တွေက ပြောကြသည်။

'' ဘဲ ရှိလား  ညလေး ''

သူမ  ဘာမှ ပြန် ပြောမနေ ။ uninstall လုပ်ထားသော  messanger ကို  ပြန်ပြီး  install မောင်းကာ ကိုယ့်ရဲ့ cb ကို  ပြထည့် လိုက်သည်။

'' ဟယ် . . ''

ဒင်းတို့  မျက်လုံးတွေ ပြူးကုန်ပြီး ပါးစပ် လေးတွေ စိ သွားကြသည်။ ဘဲ ရှိလား ဆိုတဲ့ စကားလေးကို နောင်အခါ တစ်ခွန်း မှပင် မ,ဟရဲ တော့။

ဘာမှတော့ မဟုတ်  cb မှာ  သူမ ငြင်းလွှတ် နေရသည့်  လူစာရင်းကို  ပြလိုက် ခြင်းပင်။
ဒါတောင်  သူမ seen တောင် မပြ ထားသည့် လူစာရင်း မပါသေး။

'' ဒီလိုတွေ ရှုပ်လွန်းလို့ messanger ကို uninstall လုပ်ထား တာ ရှင်းလား''


ဘာပဲ ပြောပြော တစ်ယောက်ထဲ နေရ တာကို ကြိုက်သည်။ အစား အသောက်ဆို ချစ်သည်။ တနင်္လာ  ၊ အင်္ဂါ ၊ ဗုဒ္ဓ ဟူးဆို running man လေးကြည့်ပြီး  နေကြာစိလေး ဝါးနေရတာ ကြိုက်သည်။ ကိုးရီးယား ကားကြည့်ပြီး  အစား အသောက် မြုံ နေရလျှင်  ပီတိဖြစ်သည်။

ဘယ်သူ့ကိုမှ လွမ်းနေ စရာ မလိုသလို ၊ မနာလို ဝန်တို စရာတွေ မရှိ ။ တစ်ယောက်ထဲ နေသည် ။အေးအေး ဆေးဆေး နေသည် ။အရှုပ် အရှင်း ကင်းကင်း နေသည် ။ တော်ရုံ သူတွေ သူမလို နေဖို့ ဆိုတာ ရူးတောင် သွားလိမ့်အုံးမည်။

သူမကတော့  သူမနဲ့ ဘဝတူ တွေကို  ဦးညွတ် လေးစား လျက်ပင်။

CREDIT _  ခဲတံ (Min Khant)

No comments

Powered by Blogger.