စိတ်ပုပ်ရတာကို အကြောက်ဆုံးပဲလို့ပြောတဲ့ ဖွေးဖွေး
FB အကောင့် အဟက်ခံရလို့လဲ စိတ် အနှောက်အယှက်တွေ ဖြစ်ခဲ့ပြီးပြီ။ အပင်ပန်းဆုံးနဲ့ အကြောက်ဆုံး ကိစ္စတွေကိုလဲ လုပ်ထားရတယ် လို့ ဆိုလာသူလေးက ပရိသတ်တွေရဲ့ အချစ်တော် ဖွေးစိန်လေးပါ။
ဖွေးဖွေးကတော့ ပွင့်ပွင့်လင်းလင်း နေတတ် ပြောတတ်လို့ ပရိသတ်တွေကလဲ အချစ်ပို နေကြတာပါ။ ဖွေးစိန် ကတော့ သူ့ဘဝမှာ အမုန်းဆုံး အကြောက်ဆုံး အပင်ပန်းဆုံး အလုပ်က သူများအပေါ် စိတ်ပုတ် စိတ်ယုတ်မာရတာပါတဲ့လေ။
ဖွေးစိန်က သူ မကြိုက်တဲ့ ပုံစံတွေကို 3 Girls ရုပ်ရှင်ကားကြီးမှာ လုပ်ထားပါတယ် တဲ့။ အပင်ပန်းဆုံးနဲ့ အကြောက်ဆုံး ဖြစ်တဲ့ စိတ်ပုပ်ရတာကို 3Girls ရုပ်ရှင်ကားကြီးမှာ သရုပ်ဆောင် ထားတဲ့ ဖွေးစိန်ရဲ့ စိတ်ပုတ်မှုတွေကို ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ရုံတင် ပြသတော့မှာပါ။
ဖြစ်ရပ်မှန် ဇာတ်လမ်းကြီးကို ရိုက်ကူးနေတဲ့ မုန်းစွဲ ရုပ်ရှင် ကားကြီးကလဲ ရိုက်ကူးပြီးလို့ ဖွေးစိန်က အခုဆိုရင် ကြော်ငြာလေးတွေ ရိုက်ဖြစ်နေပါတယ် တဲ့လေ။ သူမက ဇာတ်ကားတွေ ကိုလဲ သေချာ ရွေးချယ်ပြီးမှ ရိုက်ကူး တတ်သူလဲ ဖြစ်တော့ ဇာတ်ကားကောင်းတွေပဲ ကြည့်ရတာပေါ့လေ။
စိတ်ပုပ်တာက ဖွေးစိန်အတွက် အပင်ပန်းဆုံး အကြောက်ဆုံး အလုပ် ဆိုတော့ သူမက စိတ်မပုပ်ဘူး ပေါ့နော်...
credit hlataw
Post a Comment