Header Ads

သမီးအတွက်စဉ်းစားပီး နောက်အိမ်ထောင် မပြုသေးဘူး ဆိုတဲ့ မေကဗျာ’


ကမ်းလှမ်းသူများ ရှိနေသော်လည်း သမီးဖြစ်သူအတွက် စဉ်းစားခဲ့ခြင်းကြောင့် နောက်အိမ်ထောင် မပြုသေးသည့် မေကဗျာ အိမ်ထောင်ရေး ပြိုကွဲမှု ကြာမြင့်နေပြီဖြစ်သည့် မေကဗျာ က သမီးဖြစ်သူနှင့် အတူ တစ်ခုလပ် မိခင် အနေနဲ့ ဖြတ်သန်းလျက် ရှိပြီး နောက်ထပ် အိမ်ထောင် ထူထောင်ရန် ကမ်းလှမ်းလာသည့် လက်များ ရှိသော်လည်း အိမ်ထောင် ထပ်မံ မပြုခြင်းသည် သမီးဖြစ်သူအတွက် ထည့်သွင်း စဉ်းစားခြင်းကြောင့် ဖြစ်သည် ဟု ပွင့်လင်းစွာ ပြောကြားခဲ့သည်။ 


“ အိမ်ထောင် ထပ်မပြုတော့ပါဘူး။ အသက်အရွယ်လည်း ရလာပြီ ဆိုတော့လေ။ နောက်ပြီး သမီးကို စိတ်ဆင်းရဲ မခံစေချင်ဘူး။ လက်ရှိမှာ သမီးနဲ့အတူ ဘ၀ကို အေးအေးချမ်းချမ်းလေးပဲ ဖြတ်သန်း ချင်တယ်။

သမီးကို လူတန်းစေ့ ထားနိုင်အောင် ကြိုးစားပေးတယ်။ သမီးကလည်း ပညာရေး အရမ်းတော်တယ်။ ပညာတော်သင်လည်း သွားရတာ ဆိုတော့ မိခင်တစ်ယောက် အနေနဲ့ သမီးဖြစ်သူအတွက် ပင်ပန်းရကျိုး နပ်ပါတယ်။ သူဖြစ်ချင်တာ မှန်သမျှ အကုန် ဖြည့်စွမ်းပေးတယ်။ မေကဗျာရဲ့ အသက်က အခုမှ ၃၀ ကျော်ပဲ ရှိသေးတော့ ကိုယ့်အနေနဲ့ အသက် အရမ်းမကြီးသေးဘူး လို့ ထင်ပါတယ်။


အိမ်ထောင် ထပ်မံ မပြုတော့ဘူး လို့ အပြတ်ပြောရင် ရပါတယ်။ ဘယ်ဟာမှ ကြိုမြင်လို့ မရဘူးလေ။ စကားအကုန် မပြောချင်ပါဘူး။ မကောင်းဘူးလေ။ ကိုယ့်ကိုလာပြီး ကမ်းလှမ်းတဲ့ လက်တွေ ရှိပါတယ်။ ဘာလုပ်မလဲနော်။ ပူလောင်တယ်။ ဘုရားတရား အလုပ်လေး တစ်ဖက်က လုပ်တယ်။ တရားစခန်းတွေလည်း ၀င်တယ်။ သမီးလေးနဲ့အတူ ဘ၀ကို အကျိုးရှိရှိ ဖြတ်သန်းတာ အကောင်းဆုံးလို့ ထင်ပါတယ်” ဟု ပြောသည်။


အနုပညာ အလုပ်တွေကို ယခင်ကထက် ခပ်စိပ်စိပ် လုပ်ကိုင်ခြင်း မရှိတော့သည့် မေကဗျာက အနုပညာ အလုပ်များကို အေးဆေးစွာဖြင့် ဆက်လက် လုပ်ကိုင်နေပြီး မင်းသမီးထက် သရုပ်ဆောင်ကို ခံယူထားခြင်းကြောင့် ဇာတ်ကောင် စရိုက်မရွေးဘဲ ကျရာ အခန်းမှာ ပါဝင် သရုပ်ဆောင်လျက်ရှိသည် ဟု သိရသည်။

အနုပညာအလုပ်များ စတင် လုပ်ကိုင်စဉ်ကတည်းက ဘ၀နောင်ရေး အတွက် တစ်ဖက်တစ်လမ်းကနေပြီး စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့ခြင်းကြောင့် ယခုလိုရပ် တည်နေနိုင်ခြင်းဖြစ်သည် ဟု ပြောပါသည်။





 Source: Shwe Myanmar

No comments

Powered by Blogger.